Match Report Premier League

မန်ယူကို စော်ကားမိလို့ ဘုန်းမောက်ကို ရှုံးတာလား မေးစရာဖြစ်သွားတဲ့ လီဗာပူးလ်

ဘုန်းမောက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နီတို၊ ခံစစ်မှာ စတီဖင်စ်၊ ဆီနက်ဆီ၊ အဒမ် စမစ်နဲ့ ကယ်လီတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ လားမား၊ ရော့သ်ဝဲလ်၊ ဝက်တာရာ၊ အန်ထော်နီနဲ့ ဘီလင်းတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဆိုလန်ကီတစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်အသင်းကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကိုပဲ ဆက်လက်အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဘိုင်ချက်တစ်ချ်နဲ့ အဲလီးယော့တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ ဒါဝင် နူးညက်ဇ်တို့ကိုပဲ ပွဲထုတ်လာခဲ့တာပါ။

လီဗာပူးလ်တို့ရဲ့ ကွင်းလယ်ကတော့ ဆရာကြီးတွေကို အနားပေးခဲ့ရာမှာ အဲလီးယော့နဲ့ ဘိုင်ချက်တစ်ချ်တို့က နည်းနည်းနုတယ်လို့ ပြောလို့ရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲဖြစ်နေခဲ့သလို ပွဲချိန် ၆ မိနစ်မှာ ထောင့်ကန်ဘောကနေ ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ချက်ကိုတော့ ဘုန်းမောက်ကွင်းလယ်လူ လားမားက ဂိုးစည်းပေါ်က ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ် လူပေးမှားတာကနေ ဆိုလန်ကီ ပြန်ချပေးတာကို ဝက်တာရာက ဆွဲပြေးပြီး ဂိုးသမား အယ်လစ်ဆန်ကိုပါ လိမ်ခေါက်နိုင်ခဲ့ပေမယ့် ထောင့်ကျဉ်းကနေ ချိုးမကန်နိုင်ခဲ့လို့ အိမ်ရှင်တွေ နစ်နာခဲ့ရပြီး ပွဲချိန် ၁၃ မိနစ်မှာတော့ နူးညက်ဇ် ခေါင်းတိုက် ပေးတာကို ဂက်ခ်ပိုက ဂိုးပိုက်ထဲ ပို့နိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာပါ။

High Line ယူကစားသွားခဲ့တဲ့ လီဗာပူးလ်တို့ကို ကောင်တာတွေနဲ့ပဲ ထိုးဖောက်သွားတဲ့ ဘုန်းမောက်တို့က တော်တော်လေး ထိုးနှက်နိုင်ခဲ့ကြပြီး အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ရဲ့ အချိန်မီ နေရာပြန်မရောက်နိုင်မှုကို အခွင့်ကောင်းယူနေတဲ့ ဝက်တာရာနဲ့ အန်ထော်နီတို့ရဲ့ ဒုက္ခပေးမှုတွေမှာ ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်က ပျာယာခတ်နေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ဘုန်းမောက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက တင်ပေးလိုက်တဲ့ ဘောလုံးကို တောင်ပံက ဝက်တာရာ ဆွဲပြေးလာတာကို ဟိုဆွဲဒီဆွဲလုပ်ခဲ့တဲ့ ဗန်ဒိုက်ရဲ့ ညစ်ပတ်မှုက ဖောင်းဖြစ်မှာစိုးလို့ ဒီထက်ပိုမလုပ်နိုင်တော့ဘဲ လွှတ်ပေးလိုက်ရချိန်မှာ ဘာကီနာဖာဆိုသားရဲ့ အနိမ့်ဘော ဖြတ်ချိုးပေးမှုကို အာဆင်နယ်နဲ့ပွဲမှာလည်း အဖွင့်ဂိုးသွင်းခဲ့တဲ့ ဘီလင်းကပဲ ဂိုးရှေ့တည့်တည်ကနေ ကန်သွင်းယူခဲ့တာပါ။

လီဗာပူးလ်တို့ရဲ့ ခံစစ်ကစားပုံက ပြဿနာတော်တော်လေး ရှိနေခဲ့ပြီး ကွင်းလယ်အဖျက်သမား ဖာဘင်ညိုက နောက်ကို အချိန်မီ မရောက်ချိန်မှာ ဘီလင်းဂိုးသွင်းသွားခဲ့ချိန်အထိ ဂိုးရှေ့မှာ နောက်ခံလူနှစ်ယောက်သာ ကျန်နေခဲ့တာကတော့ ကလော့ပ်ရဲ့ နည်းစနစ်ပိုင်းကို မေးခွန်းထုတ်ရမှာဖြစ်သလို ပထမပိုင်းမှာ ကံကောင်းလို့သာ တစ်ဂိုးတည်းပေးခဲ့ရတာဖြစ်ပြီး ဧည့်သည်တွေဘက်ကို ဒိုင်လူကြီးရဲ့ သက်ညှာမှုတွေကိုလည်း မြင်ခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စရာမှာတော့ ကွင်းလယ်က အဲလီးယော့ကို ဂျိုတာနဲ့လဲပြီး လီဗာပူးလ်တို့ တိုက်စစ်မြှင့်လာခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာ ဂျိုတာရဲ့ ကန်ချက်ကို ဘုန်းမောက်ဂိုးသမား နီတို ပုတ်ထုတ်ခဲ့ရပြီး ဧည့်သည်တွေက ဂိုးရှေ့မှာ လူများများနဲ့ ဖိကစားနေခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဖာဘင်ညိုနဲ့ နူးညက်ဇ်တို့အစား မီလ်နာ၊ ဟန်ဒါဆန်နဲ့ ဖာမီနိုတို့ကို ဂိုးရဖို့အတွက် ထပ်မံထည့်သွင်းလာခဲ့တာပါ။


ပွဲချိန် ၆၉ မိနစ်မှာတော့ ဂျိုတာရဲ့ ခေါင်းတိုက်ချက်ကနေ နောက်ကျောပေးထားတဲ့ အဒမ် စမစ်ရဲ့ လက်ကို သွားမှန်ခဲ့တာကြောင့် VAR နဲ့ ဒိုင်လူကြီး ဂျွန်ဘရွတ်ခ်စ်တို့က မျက်နှာလိုအားရနဲ့ လွယ်လွယ်ပဲ ပေးလိုက်တဲ့ ပင်နယ်တီကနေ ဆာလားက ကန်သွင်းခဲ့ရခဲ့ပေမယ့် ဂိုးဘက်ဘက်ကနေ တော်တော်လေး လွဲသွားခဲ့တာကြောင့် လီဗာပူးလ်တို့ ချေပဂိုးမရဘဲ စိတ်ပျက်ခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘုန်းမောက်တို့ဘက်က ဘီလင်း၊ အဒမ် စမစ်၊ လားမား၊ အန်ထော်နီနဲ့ ဆိုလန်ကီတို့အစား ခရစ္စတီး၊ ဖရက်ဒရစ်ခ်၊ လူးဝစ္စ ကွတ်ခ်၊ ဗီညာနဲ့ ဆီမင်ညိုတို့ကို ထည့်သွင်းပြီး ကစားအားမကျအောင် ထိန်းကစားသွားခဲ့သလို လီဗာပူးလ်တို့ကတော့ ဘိုင်ချက်တစ်ချ်အစား ကာဗာလ်ယိုကို ထပ်ထည့်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်တော့တာကြောင့် အဝေးကွင်းမှာ ရှုံးပွဲတွေ့ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ ၂၀၂၃ ခုနှစ်အတွင်း အဝေးကွင်းနိုင်ပွဲတစ်ပွဲသာ ရရှိထားခဲ့တဲ့ လီဗာပူးလ်တို့ကို အိမ်ရှင် ဘုန်းမောက်တို့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး တန်းဆင်းဇုန်အထက် အဆင့် ၁၆ ဆီကို ရုန်းထွက်လာနိုင်ခဲ့ကြချိန်မှာ ကလော့ပ်ရဲ့ လူတွေကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို စိတ်ကူးနေခဲ့ပေမယ့် တည်ငြိမ်မှု မရှိတဲ့ ခံစစ်ကြောင့် ခြေချော်ခဲ့ရပြန်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘုန္းေမာက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နီတို၊ ခံစစ္မွာ စတီဖင္စ္၊ ဆီနက္ဆီ၊ အဒမ္ စမစ္နဲ႔ ကယ္လီတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ လားမား၊ ေရာ့သ္ဝဲလ္၊ ဝက္တာရာ၊ အန္ေထာ္နီနဲ႔ ဘီလင္းတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဆိုလန္ကီတစ္ဦးတည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လီဗာပူးလ္အသင္းကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ကိုနာေတ၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကိုပဲ ဆက္လက္အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ ဘိုင္ခ်က္တစ္ခ်္နဲ႔ အဲလီးေယာ့တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဂက္ခ္ပိုနဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကိုပဲ ပြဲထုတ္လာခဲ့တာပါ။

လီဗာပူးလ္တို႔ရဲ႕ ကြင္းလယ္ကေတာ့ ဆရာႀကီးေတြကို အနားေပးခဲ့ရာမွာ အဲလီးေယာ့နဲ႔ ဘိုင္ခ်က္တစ္ခ်္တို႔က နည္းနည္းႏုတယ္လို႔ ေျပာလို႔ရခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ရယူႏိုင္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ဘဲျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၆ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဗန္ဒိုက္ရဲ႕ ေခါင္းတိုက္ခ်က္ကိုေတာ့ ဘုန္းေမာက္ကြင္းလယ္လူ လားမားက ဂိုးစည္းေပၚက ေခါင္းတိုက္ရွင္းထုတ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ လူေပးမွားတာကေန ဆိုလန္ကီ ျပန္ခ်ေပးတာကို ဝက္တာရာက ဆြဲေျပးၿပီး ဂိုးသမား အယ္လစ္ဆန္ကိုပါ လိမ္ေခါက္ႏိုင္ခဲ့ေပမယ့္ ေထာင့္က်ဥ္းကေန ခ်ိဳးမကန္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ နစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ႏူးညက္ဇ္ ေခါင္းတိုက္ ေပးတာကို ဂက္ခ္ပိုက ဂိုးပိုက္ထဲ ပို႔ႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့တာပါ။

High Line ယူကစားသြားခဲ့တဲ့ လီဗာပူးလ္တို႔ကို ေကာင္တာေတြနဲ႔ပဲ ထိုးေဖာက္သြားတဲ့ ဘုန္းေမာက္တို႔က ေတာ္ေတာ္ေလး ထိုးႏွက္ႏိုင္ခဲ့ၾကၿပီး အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ရဲ႕ အခ်ိန္မီ ေနရာျပန္မေရာက္ႏိုင္မႈကို အခြင့္ေကာင္းယူေနတဲ့ ဝက္တာရာနဲ႔ အန္ေထာ္နီတို႔ရဲ႕ ဒုကၡေပးမႈေတြမွာ ဗန္ဒိုက္ ဦးေဆာင္တဲ့ ခံစစ္က ပ်ာယာခတ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက တင္ေပးလိုက္တဲ့ ေဘာလုံးကို ေတာင္ပံက ဝက္တာရာ ဆြဲေျပးလာတာကို ဟိုဆြဲဒီဆြဲလုပ္ခဲ့တဲ့ ဗန္ဒိုက္ရဲ႕ ညစ္ပတ္မႈက ေဖာင္းျဖစ္မွာစိုးလို႔ ဒီထက္ပိုမလုပ္ႏိုင္ေတာ့ဘဲ လႊတ္ေပးလိုက္ရခ်ိန္မွာ ဘာကီနာဖာဆိုသားရဲ႕ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးမႈကို အာဆင္နယ္နဲ႔ပြဲမွာလည္း အဖြင့္ဂိုးသြင္းခဲ့တဲ့ ဘီလင္းကပဲ ဂိုးေရွ႕တည့္တည္ကေန ကန္သြင္းယူခဲ့တာပါ။

လီဗာပူးလ္တို႔ရဲ႕ ခံစစ္ကစားပုံက ျပႆနာေတာ္ေတာ္ေလး ရွိေနခဲ့ၿပီး ကြင္းလယ္အဖ်က္သမား ဖာဘင္ညိဳက ေနာက္ကို အခ်ိန္မီ မေရာက္ခ်ိန္မွာ ဘီလင္းဂိုးသြင္းသြားခဲ့ခ်ိန္အထိ ဂိုးေရွ႕မွာ ေနာက္ခံလူႏွစ္ေယာက္သာ က်န္ေနခဲ့တာကေတာ့ ကေလာ့ပ္ရဲ႕ နည္းစနစ္ပိုင္းကို ေမးခြန္းထုတ္ရမွာျဖစ္သလို ပထမပိုင္းမွာ ကံေကာင္းလို႔သာ တစ္ဂိုးတည္းေပးခဲ့ရတာျဖစ္ၿပီး ဧည့္သည္ေတြဘက္ကို ဒိုင္လူႀကီးရဲ႕ သက္ညႇာမႈေတြကိုလည္း ျမင္ခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စရာမွာေတာ့ ကြင္းလယ္က အဲလီးေယာ့ကို ဂ်ိဳတာနဲ႔လဲၿပီး လီဗာပူးလ္တို႔ တိုက္စစ္ျမႇင့္လာခဲ့သလို ပြဲခ်ိန္ ၄၉ မိနစ္မွာ ဂ်ိဳတာရဲ႕ ကန္ခ်က္ကို ဘုန္းေမာက္ဂိုးသမား နီတို ပုတ္ထုတ္ခဲ့ရၿပီး ဧည့္သည္ေတြက ဂိုးေရွ႕မွာ လူမ်ားမ်ားနဲ႔ ဖိကစားေနခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဖာဘင္ညိဳနဲ႔ ႏူးညက္ဇ္တို႔အစား မီလ္နာ၊ ဟန္ဒါဆန္နဲ႔ ဖာမီႏိုတို႔ကို ဂိုးရဖို႔အတြက္ ထပ္မံထည့္သြင္းလာခဲ့တာပါ။


ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဂ်ိဳတာရဲ႕ ေခါင္းတိုက္ခ်က္ကေန ေနာက္ေက်ာေပးထားတဲ့ အဒမ္ စမစ္ရဲ႕ လက္ကို သြားမွန္ခဲ့တာေၾကာင့္ VAR နဲ႔ ဒိုင္လူႀကီး ဂြၽန္ဘ႐ြတ္ခ္စ္တို႔က မ်က္ႏွာလိုအားရနဲ႔ လြယ္လြယ္ပဲ ေပးလိုက္တဲ့ ပင္နယ္တီကေန ဆာလားက ကန္သြင္းခဲ့ရခဲ့ေပမယ့္ ဂိုးဘက္ဘက္ကေန ေတာ္ေတာ္ေလး လြဲသြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ေခ်ပဂိုးမရဘဲ စိတ္ပ်က္ခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘုန္းေမာက္တို႔ဘက္က ဘီလင္း၊ အဒမ္ စမစ္၊ လားမား၊ အန္ေထာ္နီနဲ႔ ဆိုလန္ကီတို႔အစား ခရစၥတီး၊ ဖရက္ဒရစ္ခ္၊ လူးဝစၥ ကြတ္ခ္၊ ဗီညာနဲ႔ ဆီမင္ညိဳတို႔ကို ထည့္သြင္းၿပီး ကစားအားမက်ေအာင္ ထိန္းကစားသြားခဲ့သလို လီဗာပူးလ္တို႔ကေတာ့ ဘိုင္ခ်က္တစ္ခ်္အစား ကာဗာလ္ယိုကို ထပ္ထည့္ခဲ့ေပမယ့္ ဂိုးမသြင္းႏိုင္ေတာ့တာေၾကာင့္ အေဝးကြင္းမွာ ရႈံးပြဲေတြ႕ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ၂၀၂၃ ခုႏွစ္အတြင္း အေဝးကြင္းႏိုင္ပြဲတစ္ပြဲသာ ရရွိထားခဲ့တဲ့ လီဗာပူးလ္တို႔ကို အိမ္ရွင္ ဘုန္းေမာက္တို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး တန္းဆင္းဇုန္အထက္ အဆင့္ ၁၆ ဆီကို ႐ုန္းထြက္လာႏိုင္ခဲ့ၾကခ်ိန္မွာ ကေလာ့ပ္ရဲ႕ လူေတြကေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို စိတ္ကူးေနခဲ့ေပမယ့္ တည္ၿငိမ္မႈ မရွိတဲ့ ခံစစ္ေၾကာင့္ ေျခေခ်ာ္ခဲ့ရျပန္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.