Premier League

ယခုရာသီရဲ့ အဆိုးရွားဆုံးပင်နယ်တီကို ကန်သွင်းခဲ့တဲ့ ဆာလား

မိုဟာမက် ဆာလားဟာ စနေနေ့အစောပိုင်းပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ပွဲမှာ အလွန်ဆိုးရွားတဲ့ ပင်နယ်တီ လွဲချော်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးကို ၇ ဂိုးပြတ် အနိုင်ယူထားနိုင်ခဲ့တာကြောင့် ဘုန်းမောက်လောက်ကတော့ အေးအေးဆေးဆေးအနိင်ယူနိုင်မယ်လို့ ထင်မြင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းမှာပဲ ဖိလစ်ပ် ဘီလ်လင်းက ဗန်ဒိုက်ရဲ့ ပျင်းရိဖွယ် ခံစစ်ကစားပုံကို အခွင့်ကောင်းယူပြီး ၂ ပွဲဆက်တိုက် အိမ်ကွင်းသွင်းဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ချေပဂိုးသွင်းယူနိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးကို ရရှိခဲ့တာဖြစ်ပြီး ဧည့်သည်တွေဟာ ဂျိုတာရဲ့ အပိုင်ခေါင်းတိုက်ချက်ကို အဒမ် စမစ်က လက်နဲ့ ပိတ်ဆို့ခဲ့တဲ့အတွက် ပင်နယ်တီ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂျွန် ဘရွတ်ခ်စ်ဟာ VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် လီဗာပူးလ်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာဖြစ်ပြီး ဧည့်သည်အသင်းရဲ့ ပင်နယ်တီကို မိုဟာမက် ဆာလားက သွင်းယူခဲ့တာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဟာ မာဆေးဆိုဒ်အသင်းအတွက် ၁၂၉ ဂိုးမြောက်သွင်းဂိုးကို သွင်းယူဖို့ အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။

ဆာလားဟာ ပုံမှန်အားဖြင့်ဆိုရင် ၁၂ ကိုက်အတွင်းမှာဆိုရင် အလွန်စိတ်ချရတဲ့ ကစားသမားမျိုးဖြစ်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ လီဗာပူးလ်ကြယ်ပွင့်ရဲ့ ဂိုးကန်ချက်ဟာ ဂိုးဘယ်ဖက်ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ ၎င်းရဲ့ ဂိုးကန်သွင်းချက်ဟာ တော်တော်လေး လွဲချော်သွားခဲ့တာကြောင့် မယုံနိုင်ဟန်နဲ့ ခေါင်းကို လက်နဲ့ အုပ်ကိုင်ခဲ့ပြီး မယုံနိင်စရာကောင်းလောက်အောင်ပဲ လီဗာပူးလ်အသင်းဟာ ယခုရာသီရဲ့ ပထမဆုံး ပင်နယ်တီကို ရရှိခဲ့ပေမယ့်လည်း လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုဟာမက္ ဆာလားဟာ စေနေန႔အေစာပိုင္းပြဲစဥ္အျဖစ္ ဘုန္းေမာက္နဲ႔ ကစားခဲ့တဲ့ပြဲမွာ အလြန္ဆိုး႐ြားတဲ့ ပင္နယ္တီ လြဲေခ်ာ္မႈကို ရင္ဆိုင္ခဲ့ရပါတယ္။

လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔က မန္ခ်က္စတာယူႏိုက္တက္လိုအသင္းမ်ိဳးကို ၇ ဂိုးျပတ္ အႏိုင္ယူထားႏိုင္ခဲ့တာေၾကာင့္ ဘုန္းေမာက္ေလာက္ကေတာ့ ေအးေအးေဆးေဆးအနိင္ယူႏိုင္မယ္လို႔ ထင္ျမင္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းမွာပဲ ဖိလစ္ပ္ ဘီလ္လင္းက ဗန္ဒိုက္ရဲ႕ ပ်င္းရိဖြယ္ ခံစစ္ကစားပုံကို အခြင့္ေကာင္းယူၿပီး ၂ ပြဲဆက္တိုက္ အိမ္ကြင္းသြင္းဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ပင္နယ္တီ ကန္ခြင့္ရရွိခဲ့ၿပီးေနာက္ ဒုတိယပိုင္းမွာ ေခ်ပဂိုးသြင္းယူႏိုင္ဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးကို ရရွိခဲ့တာျဖစ္ၿပီး ဧည့္သည္ေတြဟာ ဂ်ိဳတာရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ကို အဒမ္ စမစ္က လက္နဲ႔ ပိတ္ဆို႔ခဲ့တဲ့အတြက္ ပင္နယ္တီ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဂြၽန္ ဘ႐ြတ္ခ္စ္ဟာ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ လီဗာပူးလ္ကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့တာျဖစ္ၿပီး ဧည့္သည္အသင္းရဲ႕ ပင္နယ္တီကို မိုဟာမက္ ဆာလားက သြင္းယူခဲ့တာျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးဟာ မာေဆးဆိုဒ္အသင္းအတြက္ ၁၂၉ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူဖို႔ အခြင့္အေရးရရွိခဲ့တာျဖစ္ပါတယ္။

ဆာလားဟာ ပုံမွန္အားျဖင့္ဆိုရင္ ၁၂ ကိုက္အတြင္းမွာဆိုရင္ အလြန္စိတ္ခ်ရတဲ့ ကစားသမားမ်ိဳးျဖစ္ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ လီဗာပူးလ္ၾကယ္ပြင့္ရဲ႕ ဂိုးကန္ခ်က္ဟာ ဂိုးဘယ္ဖက္ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ ၎ရဲ႕ ဂိုးကန္သြင္းခ်က္ဟာ ေတာ္ေတာ္ေလး လြဲေခ်ာ္သြားခဲ့တာေၾကာင့္ မယုံႏိုင္ဟန္နဲ႔ ေခါင္းကို လက္နဲ႔ အုပ္ကိုင္ခဲ့ၿပီး မယုံနိင္စရာေကာင္းေလာက္ေအာင္ပဲ လီဗာပူးလ္အသင္းဟာ ယခုရာသီရဲ႕ ပထမဆုံး ပင္နယ္တီကို ရရွိခဲ့ေပမယ့္လည္း လြဲေခ်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.