Premier League

ဘောလုံးလောကသားကို ထိရင် မချိအောင်နာတတ်တယ်ဆိုတာ ပြသသွားမယ့် ကစားသမားနဲ့ နည်းပြများ

Match of the Day ဟာ သပိတ်မှောက်ခံထားရတာကြောင့် စနေနေ့ညမှာ ပရီးမီးယားလိဂ်ကစားသမားတွေ၊ နည်းပြတွေနဲ့ အင်တာဗျူးကို ထုတ်လွှင့်နိင်မှာမဟုတ်ဘဲ ဟိုက်လိုက်တွေသာ ဆက်လက်ပြသသွားမယ်လို့ သိရပါတယ်။

သောကြာနေ့ညနေက ဂယ်ရီ လိုင်နီကာဟာ ၎င်းရဲ့ လူမှုကွန်ရက်မှာ အစိုးရရဲ့ ဒုက္ခသည်မူဝါဒအသစ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး နာဇီ ဂျာမနီတွေ ပြောတဲ့ ဘာသာစကားနဲ့ နှိုင်းယှဉ်ခဲ့ပြီးနောက် BBC က အင်္ဂလန်ဂန္တဝင်ကို MOTD ပင်တိုင်တင်ဆက်သူရာထူးကနေ ဖယ်ရှားလိုက်တဲ့အကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဘီဘီစီက လိုင်နီကာရဲ့ မှတ်ချက်ဟာ ၎င်းတို့ရဲ့ လမ်းညွှန်ချက်တွေကို ချိုးဖောက်ခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးဟောင်းကို ပါတီနိင်ငံရေးပြဿနာတွေနဲ့ နိုင်ငံရေး အငြင်းပွားစရာကိစ္စတွေနဲ့ ဝေးဝေးနေဖို့အတွက် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘီဘီစီရဲ့ အစီအစဉ်ဟာ လိုင်နီကာရဲ့ ပုံမှန်ပူးတွဲတင်ဆက်သူတွေဖြစ်ကြတဲ့ အီယန် ရိုက်နဲ့ အလန် ရှီးယားရားတို့ကလည်း အသက် ၆၂ နှစ်အရွယ် အင်္ဂလန်ဂန္တဝင်နဲ့ တသားတည်းရှိကြောင်း ပြသနေတဲ့အနေနဲ့ ဘီဘီစီကို သပိတ်မှောက်ကြောင်း တွစ်တာမှာ အတည်ပြုခဲ့ပြီးနောက် ဝရုန်းသုန်းကားဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဘီဘီစီက ပြီးတဲ့နောက်မှာ MOTD အစီအစဉ်နဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို အသိပေးခဲ့ပြီး ဘောလုံးဝေဖန်သူတွေနဲ့ ဘယ်လို စတူဒီယို တင်ဆက်မှုမျိုးမှမပါဘဲ ဆက်လက် ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ဘီဘီစီရဲ့ ပုံမှန် စီစဉ်တင်ဆက်သူတွေက ၎င်းတို့အနေနဲ့လည်း သပိတ်မှောက်တဲ့အနေနဲ့ စီစဉ်တင်ဆက်မှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာဖြစ်ပြီး နောက်ထပ် မကြုံစဖူးထူးခြားတဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် ပရီးမီးယားလိဂ်ကစားသမားတွေနဲ့ နည်းပြတွေကလည်း အင်တာဗျူး ဖြေဆိုသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

လီဗာပူးလ်၊ မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးတို့အပါအဝင် ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကလပ်အသင်း ၁၂ သင်းဟာ အင်တာဗျူးဖြေဆိုဖို့ တောင်းဆိုမှုကို ရရှိမှာမဟုတ်ဘူးလို့ ဘီဘီစီက အသိပေးခဲ့တာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံးကလည်း ရုပ်သံထုတ်လွှင့်မှုမှာ မပါဝင်ဘဲ သပိတ်မှောက်ဖို့အတွက် စဉ်းစားနေတဲ့ ကစားသမားအချို့ကို အားပေးထောက်ခံတယ်လို့ ပြောကြားခဲ့ပေမယ့်လည်း စိတ်ကသိကအောင့်ဖြစ်စရာအခြေအနေကနေ ဖယ်ရှားခြင်းခံခဲ့ရပြီဖြစ်တာကြောင့် ငြင်းပယ်မှုတွေ ပြုလုပ်ဖို့ မလိုအပ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ဒီပြောဆိုမှုတွေအတွင်းမှာ ကျွန်တော်တို့ဟာ သူတို့ရဲ့ သမဂ္ဂအဖြစ်နဲ့ ရုပ်သံထုတ်လွှင့်မှု ကတိကဝတ်တွေကို ပြီးမြောက်အောင် မလုပ်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ရလဒ်တွေ ရင်ဆိုင်ရမယ့် အဖွဲ့ဝင်တွေအားလုံးကို အားပေးထောက်ခံသွားမှာဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေအနေနဲ့ လက်ရှိမှာ အဲဒီအနေအထားကို ရောက်နိုင်မှာမဟုတ်ဘူးဆိုတာကို သေချာစေမယ့် သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Match of the Day ဟာ သပိတ္ေမွာက္ခံထားရတာေၾကာင့္ စေနေန႔ညမွာ ပရီးမီးယားလိဂ္ကစားသမားေတြ၊ နည္းျပေတြနဲ႔ အင္တာဗ်ဴးကို ထုတ္လႊင့္နိင္မွာမဟုတ္ဘဲ ဟိုက္လိုက္ေတြသာ ဆက္လက္ျပသသြားမယ္လို႔ သိရပါတယ္။

ေသာၾကာေန႔ညေနက ဂယ္ရီ လိုင္နီကာဟာ ၎ရဲ႕ လူမႈကြန္ရက္မွာ အစိုးရရဲ႕ ဒုကၡသည္မူဝါဒအသစ္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး နာဇီ ဂ်ာမနီေတြ ေျပာတဲ့ ဘာသာစကားနဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီးေနာက္ BBC က အဂၤလန္ဂႏၲဝင္ကို MOTD ပင္တိုင္တင္ဆက္သူရာထူးကေန ဖယ္ရွားလိုက္တဲ့အေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။

ဘီဘီစီက လိုင္နီကာရဲ႕ မွတ္ခ်က္ဟာ ၎တို႔ရဲ႕ လမ္းၫႊန္ခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးေဟာင္းကို ပါတီနိင္ငံေရးျပႆနာေတြနဲ႔ ႏိုင္ငံေရး အျငင္းပြားစရာကိစၥေတြနဲ႔ ေဝးေဝးေနဖို႔အတြက္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘီဘီစီရဲ႕ အစီအစဥ္ဟာ လိုင္နီကာရဲ႕ ပုံမွန္ပူးတြဲတင္ဆက္သူေတြျဖစ္ၾကတဲ့ အီယန္ ႐ိုက္နဲ႔ အလန္ ရွီးယားရားတို႔ကလည္း အသက္ ၆၂ ႏွစ္အ႐ြယ္ အဂၤလန္ဂႏၲဝင္နဲ႔ တသားတည္းရွိေၾကာင္း ျပသေနတဲ့အေနနဲ႔ ဘီဘီစီကို သပိတ္ေမွာက္ေၾကာင္း တြစ္တာမွာ အတည္ျပဳခဲ့ၿပီးေနာက္ ဝ႐ုန္းသုန္းကားျဖစ္သြားခဲ့တာျဖစ္ပါတယ္။ ဘီဘီစီက ၿပီးတဲ့ေနာက္မွာ MOTD အစီအစဥ္နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးအေျခအေနကို အသိေပးခဲ့ၿပီး ေဘာလုံးေဝဖန္သူေတြနဲ႔ ဘယ္လို စတူဒီယို တင္ဆက္မႈမ်ိဳးမွမပါဘဲ ဆက္လက္ ထုတ္လႊင့္သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

သိပ္မၾကာခင္မွာပဲ ဘီဘီစီရဲ႕ ပုံမွန္ စီစဥ္တင္ဆက္သူေတြက ၎တို႔အေနနဲ႔လည္း သပိတ္ေမွာက္တဲ့အေနနဲ႔ စီစဥ္တင္ဆက္မႈေတြ ျပဳလုပ္သြားမွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့တာျဖစ္ၿပီး ေနာက္ထပ္ မႀကဳံစဖူးထူးျခားတဲ့ လႈပ္ရွားမႈတစ္ခုအျဖစ္ ပရီးမီးယားလိဂ္ကစားသမားေတြနဲ႔ နည္းျပေတြကလည္း အင္တာဗ်ဴး ေျဖဆိုသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

လီဗာပူးလ္၊ မန္ခ်က္စတာစီးတီး၊ ခ်ဲလ္ဆီး၊ ေတာ့တင္ဟမ္ေဟာ့စပါးတို႔အပါအဝင္ ပရီးမီးယားလိဂ္မွာ ကစားေနတဲ့ ကလပ္အသင္း ၁၂ သင္းဟာ အင္တာဗ်ဴးေျဖဆိုဖို႔ ေတာင္းဆိုမႈကို ရရွိမွာမဟုတ္ဘူးလို႔ ဘီဘီစီက အသိေပးခဲ့တာျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအစည္းအ႐ုံးကလည္း ႐ုပ္သံထုတ္လႊင့္မႈမွာ မပါဝင္ဘဲ သပိတ္ေမွာက္ဖို႔အတြက္ စဥ္းစားေနတဲ့ ကစားသမားအခ်ိဳ႕ကို အားေပးေထာက္ခံတယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း စိတ္ကသိကေအာင့္ျဖစ္စရာအေျခအေနကေန ဖယ္ရွားျခင္းခံခဲ့ရၿပီျဖစ္တာေၾကာင့္ ျငင္းပယ္မႈေတြ ျပဳလုပ္ဖို႔ မလိုအပ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “ဒီေျပာဆိုမႈေတြအတြင္းမွာ ကြၽန္ေတာ္တို႔ဟာ သူတို႔ရဲ႕ သမဂၢအျဖစ္နဲ႔ ႐ုပ္သံထုတ္လႊင့္မႈ ကတိကဝတ္ေတြကို ၿပီးေျမာက္ေအာင္ မလုပ္ဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ ေနာက္ဆက္တြဲ ရလဒ္ေတြ ရင္ဆိုင္ရမယ့္ အဖြဲ႕ဝင္ေတြအားလုံးကို အားေပးေထာက္ခံသြားမွာျဖစ္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ေျပာခဲ့ပါတယ္။ ဒါဟာ ကစားသမားေတြအေနနဲ႔ လက္ရွိမွာ အဲဒီအေနအထားကို ေရာက္ႏိုင္မွာမဟုတ္ဘူးဆိုတာကို ေသခ်ာေစမယ့္ သင့္ေလ်ာ္မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.