La Liga

ဘန်ဇီးမားရဲ့ နေရာအစားထိုးဖို့ ပစ်မှတ် ၃ ဦးသတ်မှတ်ထားတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့ ကာရင် ဘန်းဇီးမားရဲ့နေရာအတွက် ပစ်မှတ် ၃ ဦးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

၂၀၂၂ ဘလွန်ဒေါဆုရှင်ဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးဖြစ်ပေမယ့်လည်း ယခုနှစ်မှာ အသက် ၃၆ နှစ်အရွယ် ပြည့်မြောက်တော့မှာဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အနှေးနဲ့အမြန် ကြယ်ပွင့်တိုက်စစ်မှူးရဲ့နေရာမှာ အစားထိုးခေါ်ယူမှုကို ရှာဖွေရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

Mundo Deportivo က ရီးရဲလ်မက်ဒရစ်အသင်းဟာ ခီလီယန် အမ်ဘာပေ၊ ဂွန်ဆာလို ရာမို့စ်နဲ့ ရစ်ချာလီဆန်တို့ကို ပစ်မှတ် ၃ ဦးစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ ဖော်ပြခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်ရာသီလုံး လာလီဂါချန်ပီယံတွေနဲ့ သတင်းထွက်ခဲ့ပြီးမှ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် တော်တော်လေး စိတ်ပျက်ဒေါသထွက်စရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး အဆန်းထွင်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အမ်ဘာပေရဲ့ အရည်အသွေးနဲ့ ပါရမီဟာ မြင့်မားတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူနိုင်ခြေက ငြင်းပယ်လို့ မရနိင်တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ နောက်ထပ် အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေသူဖြစ်ပြီး ၃၁ ပွဲမှာ သွင်းဂိုး ၃၀ နဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ပြင်သစ်လက်ရွေးစင်အသင်းကိုလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ထပ်ရွေးချယ်စရာက ဂွန်ဆာလို ရာမို့စ်ဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ ဘင်ဖီကာအသင်းအတွက် ၃၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားသူဖြစ်ပါတယ်။ ဘင်ဖီကာကြယ်ပွင့်ဟာ ယခုရာသီ ချန်ပီယံလိဂ်မှာ ၇ ဂိုး သွင်းယူထားပြီး ပေါ်တူဂီရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

တတိယမြောက်ရွေးချယ်စရာကတော့ တော့တင်ဟမ်ဟော့စပါးမှာ ပုံမှန်ပွဲထွက်ကစားချိန်ရရှိဖို့ ရုန်းကန်နေရတာကြောင့် စိတ်ပျက်နေတဲ့ ရစ်ချာလီဆန်ဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ နည်းပြ ကွန်တီကို အေစီမီလန်ကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ပွဲအပြီးမှာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ကြယ်ပွင့်ဟောင်းဟာ ပရီးမီးယားလိဂ်မှာ ကြီးမားတဲ့အဆင့်အတန်းမှာ ကစားနိုင်သူဖြစ်တဲ့အကြောင်း သက်သေပြသထားနိုင်ခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် စပါးစ်ကို စွန့်ခွာဖို့ ၂ ခါပြန်စဉ်းစားနေမှာမဟုတ်တာသေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္အ႐ြယ္ရလာၿပီျဖစ္တဲ့ ကာရင္ ဘန္းဇီးမားရဲ႕ေနရာအတြက္ ပစ္မွတ္ ၃ ဦးသတ္မွတ္ထားတယ္လို႔ သိရပါတယ္။

၂၀၂၂ ဘလြန္ေဒါဆုရွင္ဟာ ကမာၻ႔အဆင့္ တိုက္စစ္မႉးျဖစ္ေပမယ့္လည္း ယခုႏွစ္မွာ အသက္ ၃၆ ႏွစ္အ႐ြယ္ ျပည့္ေျမာက္ေတာ့မွာျဖစ္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ အေႏွးနဲ႔အျမန္ ၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ေနရာမွာ အစားထိုးေခၚယူမႈကို ရွာေဖြရမယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။

Mundo Deportivo က ရီးရဲလ္မက္ဒရစ္အသင္းဟာ ခီလီယန္ အမ္ဘာေပ၊ ဂြန္ဆာလို ရာမို႔စ္နဲ႔ ရစ္ခ်ာလီဆန္တို႔ကို ပစ္မွတ္ ၃ ဦးစာရင္းထဲမွာ ထည့္သြင္းထားတယ္လို႔ ေဖာ္ျပခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း တစ္ရာသီလုံး လာလီဂါခ်န္ပီယံေတြနဲ႔ သတင္းထြက္ခဲ့ၿပီးမွ ေနာက္ဆုံးမွာေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားခဲ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ေတာ္ေတာ္ေလး စိတ္ပ်က္ေဒါသထြက္စရာျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး အဆန္းထြင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း အမ္ဘာေပရဲ႕ အရည္အေသြးနဲ႔ ပါရမီဟာ ျမင့္မားတာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းက ေခၚယူႏိုင္ေျခက ျငင္းပယ္လို႔ မရနိင္တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီနဲ႔ ေနာက္ထပ္ အလြန္ေကာင္းမြန္တဲ့ရာသီကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး ၃၁ ပြဲမွာ သြင္းဂိုး ၃၀ နဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းကိုလည္း ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ ဗိုလ္လုပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေနာက္ထပ္ေ႐ြးခ်ယ္စရာက ဂြန္ဆာလို ရာမို႔စ္ျဖစ္ၿပီး ေပၚတူဂီတိုက္စစ္မႉးဟာ ဘင္ဖီကာအသင္းအတြက္ ၃၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ထားသူျဖစ္ပါတယ္။ ဘင္ဖီကာၾကယ္ပြင့္ဟာ ယခုရာသီ ခ်န္ပီယံလိဂ္မွာ ၇ ဂိုး သြင္းယူထားၿပီး ေပၚတူဂီရဲ႕ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

တတိယေျမာက္ေ႐ြးခ်ယ္စရာကေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးမွာ ပုံမွန္ပြဲထြက္ကစားခ်ိန္ရရွိဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ စိတ္ပ်က္ေနတဲ့ ရစ္ခ်ာလီဆန္ျဖစ္ၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ နည္းျပ ကြန္တီကို ေအစီမီလန္ကို ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရတဲ့ပြဲအၿပီးမွာ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဗာတန္ၾကယ္ပြင့္ေဟာင္းဟာ ပရီးမီးယားလိဂ္မွာ ႀကီးမားတဲ့အဆင့္အတန္းမွာ ကစားႏိုင္သူျဖစ္တဲ့အေၾကာင္း သက္ေသျပသထားႏိုင္ခဲ့သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ စပါးစ္ကို စြန႔္ခြာဖို႔ ၂ ခါျပန္စဥ္းစားေနမွာမဟုတ္တာေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.