Premier League

စပို့တင်းနဲ့ပွဲကို ဂျေဆူးစ် လွဲချော်ခဲ့တဲ့ အာဆင်နယ်ရဲ့အစီအစဉ် အပြောင်းအလဲက ဘာအဓိပ္ပာယ်လဲ

ဂါဘရီယဲလ် ဂျေဆူးစ်ဟာ ကြာသပတေးနေ့ညမှာပဲ အာတီတာက လန်ဒန်ကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ပေါ်တူဂီကို ထွက်ခွာခဲ့တဲ့ ခရီးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ အသင်းအတွက် ပြန်လည်ကစားပေးဖို့အတွက် နီးစပ်နေသူဖြစ်ဖြစ်တာကြောင့် စပို့တင်းနဲ့ပွဲမှာ မပါဝင်ခဲ့မှုက စိတ်ရှုပ်ထွေးစရာတွေ ဖြစ်စေခဲ့ပြီး အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုဝင်ဘာလနောက်ပိုင်းကတည်းက ဂန်းနားတွေအတွက် ကစားပေးနိုင်ခြင်းမရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ ဇန်နဝါရီလတုန်းက ဒူး ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လေ့ကျင့်ရေးပြန်ဆင်းခဲ့တာဖြစ်ပြီး ဂျေဆူးစ်ဟာ မန်စီးတီးကနေ ရောက်ရှိလာပြီးကတည်းက အာဆင်နယ်တိုက်စစ်အပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေဆူးစ်ဟာ လစ္စဘွန်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ လိုက်ပါမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့်လည်း ပေါ်တူဂီမြို့တော်မှာ သောကြာနေ့နံနက် လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်သွားဖို့ စီစဉ်ထားခဲ့တာဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း နည်းပြ အာတီတာက စိတ်ပြောင်းလိုက်ပြီး ပထမအသင်းဟာ ကြာသပတေးနေ့ညနေက စပိ့တင်းလစ္စဘွန်းနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲအပြီး ချက်ချင်း အင်္ဂလန်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေဟာ တနင်္ဂနွေနေ့ ဖူလ်ဟမ်နဲ့ ကစားရမယ့် ပွဲစဉ်မှာ အန်ကီးတီးယားနဲ့ ထရော့ဆာ့ဒ်တို့ မပါဝင်ဘဲ ကစားသွားရမှာ ကျိန်းသေပေါက်နီးပါးဖြစ်ပေမယ့် အာတီတာက ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခါစဖြစ်တဲ့ ဂျေဆူးစ်ကို စွန့်စားပြီး လူစာရင်းထဲ တန်းမထည့်ဖို့ များနေဆဲဖြစ်ပါတယ်။

အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကလည်း နာမကျန်းဖြစ်နေရာကနေ ပြန်လည် ပါဝင်ကစားပေးသွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ကီရန် တီယာနီကလည်း နာမကျန်းဖြစ်ခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့မှာ လေ့ကျင့်ရေးကနေ အိမ်ပြန်ပို့ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါဘရီယဲလ္ ေဂ်ဆူးစ္ဟာ ၾကာသပေတးေန႔ညမွာပဲ အာတီတာက လန္ဒန္ကို ျပန္လာဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ ေပၚတူဂီကို ထြက္ခြာခဲ့တဲ့ ခရီးကို လြဲေခ်ာ္ခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ အသင္းအတြက္ ျပန္လည္ကစားေပးဖို႔အတြက္ နီးစပ္ေနသူျဖစ္ျဖစ္တာေၾကာင့္ စပို႔တင္းနဲ႔ပြဲမွာ မပါဝင္ခဲ့မႈက စိတ္ရႈပ္ေထြးစရာေတြ ျဖစ္ေစခဲ့ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ႏိုဝင္ဘာလေနာက္ပိုင္းကတည္းက ဂန္းနားေတြအတြက္ ကစားေပးႏိုင္ျခင္းမရွိခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္မွာ ဇန္နဝါရီလတုန္းက ဒူး ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ေလ့က်င့္ေရးျပန္ဆင္းခဲ့တာျဖစ္ၿပီး ေဂ်ဆူးစ္ဟာ မန္စီးတီးကေန ေရာက္ရွိလာၿပီးကတည္းက အာဆင္နယ္တိုက္စစ္အေပၚမွာ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်ဆူးစ္ဟာ လစၥဘြန္းကို သြားေရာက္ခဲ့တဲ့ ခရီးစဥ္မွာ လိုက္ပါမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရေပမယ့္လည္း ေပၚတူဂီၿမိဳ႕ေတာ္မွာ ေသာၾကာေန႔နံနက္ ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္သြားဖို႔ စီစဥ္ထားခဲ့တာျဖစ္တယ္လို႔ Evening Standard က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း နည္းျပ အာတီတာက စိတ္ေျပာင္းလိုက္ၿပီး ပထမအသင္းဟာ ၾကာသပေတးေန႔ညေနက စပိ့တင္းလစၥဘြန္းနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲအၿပီး ခ်က္ခ်င္း အဂၤလန္ကို ျပန္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူေတြဟာ တနဂၤေႏြေန႔ ဖူလ္ဟမ္နဲ႔ ကစားရမယ့္ ပြဲစဥ္မွာ အန္ကီးတီးယားနဲ႔ ထေရာ့ဆာ့ဒ္တို႔ မပါဝင္ဘဲ ကစားသြားရမွာ က်ိန္းေသေပါက္နီးပါးျဖစ္ေပမယ့္ အာတီတာက ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာခါစျဖစ္တဲ့ ေဂ်ဆူးစ္ကို စြန႔္စားၿပီး လူစာရင္းထဲ တန္းမထည့္ဖို႔ မ်ားေနဆဲျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ကလည္း နာမက်န္းျဖစ္ေနရာကေန ျပန္လည္ ပါဝင္ကစားေပးသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ကီရန္ တီယာနီကလည္း နာမက်န္းျဖစ္ခဲ့တာေၾကာင့္ ဗုဒၶဟူးေန႔မွာ ေလ့က်င့္ေရးကေန အိမ္ျပန္ပို႔ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.