Premier League

ပြိုင်ဘက်တွေအတွက် သတင်းဆိုးပေးလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ခရစ္စရှန် အဲရစ်ဆင်အနေနဲ့ နိုင်ငံတကာအားလပ်ရက်အပြီးမှာ ပြန်လည်ကစားပေးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်ဟာ ရက်ဒင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွင်း အန်ဒီ ကာရိုးလ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ကာလရှည်အနားယူရမယ့် ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ တန်ဟက်ဟာ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်ကစားသမားနေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ဆဘစ်ဇာကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး မန်ယူနိုက်တက်ဟာ အဲရစ်ဆင်မပါဝင်နိုင်ပေမယ့်လည်း ကာရာဘောင်းဖလား ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဘာစီလိုနာအသင်းကို အနိုင်ယူပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ခါးသီးပြိုင်ဘက် လီဗာပူးလ်ကို ၇-၀ နဲ့ ပြီးခဲ့တဲ့အပတ်မှာ ရှုံးနိမ့်ခဲ့မှုက အမြင့်ပျံနေတဲ့ သရဲနီတွေအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ ဆောက်သမ်တန်နဲ့ပွဲမှာ နိုင်ပွဲ ပြန်လည်ရယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ကြီးကြီးမားမား အားတက်စရာအဖြစ် တန်ဟက်က ခရစ္စရှန် အဲရစ်ဆင်ရဲ့ ပြန်လည်သက်သာလာမှုအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပြီး ရာသီရဲ့ အရှိန်အမြင့်ဆုံးအချိန်မတိုင်ခင် ပြန်လာမှာ ကျိန်းသေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူ ပြန်ကစားပေးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကျိန်းသေပေါက်ပါပဲ။ ဒါပေမယ့် ဘယ်အချိန်လောက်လဲဆိုတာ အခု ကျွန်တော် မပြောနိုင်ဘူး။ သူ့ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ တိုးတက်မှုက အဆင်ပြေတယ်လို့ ထင်တယ်။ အဲဒါက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာတော့မှာပါ။ အဲဒီတော့ ကျွန်တော်တို့ သူ့ကို ကျိန်းသေပေါက်မြင်တွေ့ရမှာပါ။ ဒါပေမယ့် နိုင်ငံတကာအားလပ်ရက်မတိုင်ခင်တော့ မဟုတ်သေးပါဘူး။ ဟုတ်ပါတယ်။ သူက အစုအဖွဲ့ရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေဆဲပါ။ ဒါပေမယ့် ဟုတ်တာပေ့ါ။ သူ့ရဲ့အဓိကအာရုံစိုက်မှုက အခုအချိန်မှာ မြန်နိုင်သမျှ မြန်မြန် ပြန်လာနိုင်ဖို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကစားသမားတွေအားလုံးကို လိုအပ်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က အန်သိုနီ မာစီယယ်လ်ရဲ့ နောက်ဆုံးအခြေအနေကိုလည်း ပြောပြသွားခဲ့ပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ပြန်လည်ပါဝင်ကစားပေးသွားနိုင်မလားလို့ မေးမြန်းခဲ့ချိန်မှာ “ကစားပေးနိုင်မှာပါ။ ဒါပေမယ့်လည်း ကျွန်တော်ထင်တယ်။ တစ်ချိန်လုံး ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အစီအစဉ်ရှိခဲ့ပြီး အခုအချိန်အထိ အဲဒါက အမြဲတမ်းတော့ ကောင်းကောင်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ ပြန်ကစားပေးနိုင်တော့မှာပါ။ သူ လေ့ကျင့်ရေး ပြန်ဆင်းနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ သတိထားရပါလိမ့်မယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ခရစၥရွန္ အဲရစ္ဆင္အေနနဲ႔ ႏိုင္ငံတကာအားလပ္ရက္အၿပီးမွာ ျပန္လည္ကစားေပးမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အဲရစ္ဆင္ဟာ ရက္ဒင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္အတြင္း အန္ဒီ ကာ႐ိုးလ္ရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေၾကာင့္ ကာလရွည္အနားယူရမယ့္ ေျခက်င္းဝတ္ဒဏ္ရာရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ တန္ဟက္ဟာ ဒိန္းမတ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ဆဘစ္ဇာကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့ရတာျဖစ္ၿပီး မန္ယူႏိုက္တက္ဟာ အဲရစ္ဆင္မပါဝင္ႏိုင္ေပမယ့္လည္း ကာရာေဘာင္းဖလား ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာလည္း ဘာစီလိုနာအသင္းကို အႏိုင္ယူၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ခါးသီးၿပိဳင္ဘက္ လီဗာပူးလ္ကို ၇-၀ နဲ႔ ၿပီးခဲ့တဲ့အပတ္မွာ ရႈံးနိမ့္ခဲ့မႈက အျမင့္ပ်ံေနတဲ့ သရဲနီေတြအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ ႏိုင္ပြဲ ျပန္လည္ရယူဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ပရိသတ္ေတြအတြက္ ႀကီးႀကီးမားမား အားတက္စရာအျဖစ္ တန္ဟက္က ခရစၥရွန္ အဲရစ္ဆင္ရဲ႕ ျပန္လည္သက္သာလာမႈအေျခအေနကို ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ရာသီရဲ႕ အရွိန္အျမင့္ဆုံးအခ်ိန္မတိုင္ခင္ ျပန္လာမွာ က်ိန္းေသတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူ ျပန္ကစားေပးလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ က်ိန္းေသေပါက္ပါပဲ။ ဒါေပမယ့္ ဘယ္အခ်ိန္ေလာက္လဲဆိုတာ အခု ကြၽန္ေတာ္ မေျပာႏိုင္ဘူး။ သူ႔ရဲ႕ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြမွာ တိုးတက္မႈက အဆင္ေျပတယ္လို႔ ထင္တယ္။ အဲဒါက စီစဥ္ထားတဲ့အတိုင္း ျဖစ္လာေတာ့မွာပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ သူ႔ကို က်ိန္းေသေပါက္ျမင္ေတြ႕ရမွာပါ။ ဒါေပမယ့္ ႏိုင္ငံတကာအားလပ္ရက္မတိုင္ခင္ေတာ့ မဟုတ္ေသးပါဘူး။ ဟုတ္ပါတယ္။ သူက အစုအဖြဲ႕ရဲ႕ အစိတ္အပိုင္းအျဖစ္ ရွိေနဆဲပါ။ ဒါေပမယ့္ ဟုတ္တာေပ့ါ။ သူ႔ရဲ႕အဓိကအာ႐ုံစိုက္မႈက အခုအခ်ိန္မွာ ျမန္ႏိုင္သမွ် ျမန္ျမန္ ျပန္လာႏိုင္ဖို႔ပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ကစားသမားေတြအားလုံးကို လိုအပ္လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္က အန္သိုနီ မာစီယယ္လ္ရဲ႕ ေနာက္ဆုံးအေျခအေနကိုလည္း ေျပာျပသြားခဲ့ၿပီး ေဆာက္သမ္တန္နဲ႔ပြဲမွာ ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ျပန္လည္ပါဝင္ကစားေပးသြားႏိုင္မလားလို႔ ေမးျမန္းခဲ့ခ်ိန္မွာ “ကစားေပးႏိုင္မွာပါ။ ဒါေပမယ့္လည္း ကြၽန္ေတာ္ထင္တယ္။ တစ္ခ်ိန္လုံး ကြၽန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့ အစီအစဥ္ရွိခဲ့ၿပီး အခုအခ်ိန္အထိ အဲဒါက အၿမဲတမ္းေတာ့ ေကာင္းေကာင္း အလုပ္မျဖစ္ခဲ့ပါဘူး။ ဒါေပမယ့္ သူ ျပန္ကစားေပးႏိုင္ေတာ့မွာပါ။ သူ ေလ့က်င့္ေရး ျပန္ဆင္းေနတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သတိထားရပါလိမ့္မယ္”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.