Premier League

ပီအက်စ်ဂျီက ဘိုင်ယန်ကိုရှုံးခဲ့တဲ့ပွဲအပြီး မဆီမဆိုင် ဂေါင်းကြီးကိုပါ ဝေဖန်ခဲ့တဲ့ ဗန်ဒါဗတ်

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်ကြယ်ပွင့်ဟောင်း ဗန်ဒါဗတ်က မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို နောက်ထပ် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မက်ဂွိင်းယားဟာ ယခုရာသီ အိုးထရက်ဖို့ဒ်မှာ ပွဲကစားချိန်ရဖို့ ရုန်းကန်နေခဲ့ရသူဖြစ်ပြီး နည်းပြ အဲရစ် တန်ဟက်က ဗဟိုခံစစ်မှာ ရာဖေးလ် ဗာရွမ်းနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ကို ပိုမို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ပါဝင်ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ၂ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့သေးတာဖြစ်ပါတယ်။

မက်ဂွိုင်းယားရဲ့ ပွဲကစားချိန် ကင်းမဲ့နေမှုက ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ ကောလာဟလတွေကို ထွက်ပေါ်လာစေခဲ့တာဖြစ်ပြီး အသက် ၃၀ အရွယ် နောက်ခံလူဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟာ နယ်သာလန်လက်ရွေးစင်ဟောင်း ဗန်ဒါဗတ်ရဲ့ နောက်ဆုံးပစ်မှတ်ထားခံရသူဖြစ်လာခဲ့ပြီး ဒတ်ချ်ကွင်းလယ်ကစားသမားဟောင်းက ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလိုက်တ်ရဲ့ခြေစွမ်းကို သုံးသပ်ရာမှာ မဆီမဆိုင် မက်ဂွိုင်းယားကိုပါ ထည့်ပြောသွားခဲ့တာဖြစ်ပါတယ်။

“သူ့ရဲ့ ဂျူဗင်တပ်တုန်းက အချိန်တွေအတွင်းမှာ ဘောလုံးက နောက်တန်းမှာ ကစားနေတဲ့အချိန်ကျရင် သူ့ပုံစံက ဟာရီ မက်ဂွိုင်းယားနဲ့ တူခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ အရင်ပုံစံကို ပြန်ရနေပါပြီ။ ခင်ဗျားမှာ ဒီလိုမျိုး အရည်အချင်းရှိရင် အဲဒီအပေါ်မှာ တည်ဆောက်ရမှာပါ။ ဗန်ဒိုက်နဲ့အတူတူ သူက ကျွန်တော်တို့ နယ်သာလန်မှာ ရှိတဲ့ နောက်ခံလူတွေထဲမှာ အကောင်းဆုံးပဲ”

” သူက ပိုသွက်တယ်။ သူက ပိုလျင်မြန်တယ်ဆိုတာခင်ဗျား မြင်မှာပါ။ အဲဒါက သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကြံ့ခိုင်မှု ရှိနေရင် အများကြီးပိုပြီးတော့ ထက်မြက်ပါတယ်။ သူက အများကြီး ပိုကြံ့ခိုင်လေ အများကြီးပိုကောင်းလေလို့ ခံစားရပြီး သူက အဲဒီကြီးမားတဲ့ကိုယ်ခန္ဓာ ထုထည်မျိုး မရှိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေပြီး The Sun ရဲ့ ဖော်ပြချက်အရ လိဂန်းအသင်းဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆာဂျီယို ရာမို့စ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့အတွက် ရှာဖွေနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါး ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဗန္ဒါဗတ္က မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကို ေနာက္ထပ္ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

မက္ဂြိင္းယားဟာ ယခုရာသီ အိုးထရက္ဖို႔ဒ္မွာ ပြဲကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနခဲ့ရသူျဖစ္ၿပီး နည္းျပ အဲရစ္ တန္ဟက္က ဗဟိုခံစစ္မွာ ရာေဖးလ္ ဗာ႐ြမ္းနဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ကို ပိုမို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္ေနာက္ခံလူဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၁၀ ပြဲသာ ပါဝင္ကစားေပးခြင့္ ရရွိခဲ့တာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲေနာက္ပိုင္း ၂ ပြဲသာ ပါဝင္ကစားခြင့္ ရရွိခဲ့ေသးတာျဖစ္ပါတယ္။

မက္ဂြိဳင္းယားရဲ႕ ပြဲကစားခ်ိန္ ကင္းမဲ့ေနမႈက ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ ေကာလာဟလေတြကို ထြက္ေပၚလာေစခဲ့တာျဖစ္ၿပီး အသက္ ၃၀ အ႐ြယ္ ေနာက္ခံလူဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ဟာ နယ္သာလန္လက္ေ႐ြးစင္ေဟာင္း ဗန္ဒါဗတ္ရဲ႕ ေနာက္ဆုံးပစ္မွတ္ထားခံရသူျဖစ္လာခဲ့ၿပီး ဒတ္ခ်္ကြင္းလယ္ကစားသမားေဟာင္းက ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ဒီလိုက္တ္ရဲ႕ေျခစြမ္းကို သုံးသပ္ရာမွာ မဆီမဆိုင္ မက္ဂြိဳင္းယားကိုပါ ထည့္ေျပာသြားခဲ့တာျဖစ္ပါတယ္။

“သူ႔ရဲ႕ ဂ်ဴဗင္တပ္တုန္းက အခ်ိန္ေတြအတြင္းမွာ ေဘာလုံးက ေနာက္တန္းမွာ ကစားေနတဲ့အခ်ိန္က်ရင္ သူ႔ပုံစံက ဟာရီ မက္ဂြိဳင္းယားနဲ႔ တူခဲ့ပါတယ္။ အခုေတာ့ သူ႔ရဲ႕ အရင္ပုံစံကို ျပန္ရေနပါၿပီ။ ခင္ဗ်ားမွာ ဒီလိုမ်ိဳး အရည္အခ်င္းရွိရင္ အဲဒီအေပၚမွာ တည္ေဆာက္ရမွာပါ။ ဗန္ဒိုက္နဲ႔အတူတူ သူက ကြၽန္ေတာ္တို႔ နယ္သာလန္မွာ ရွိတဲ့ ေနာက္ခံလူေတြထဲမွာ အေကာင္းဆုံးပဲ”

” သူက ပိုသြက္တယ္။ သူက ပိုလ်င္ျမန္တယ္ဆိုတာခင္ဗ်ား ျမင္မွာပါ။ အဲဒါက သူ႔ရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ႀကံ့ခိုင္မႈ ရွိေနရင္ အမ်ားႀကီးပိုၿပီးေတာ့ ထက္ျမက္ပါတယ္။ သူက အမ်ားႀကီး ပိုႀကံ့ခိုင္ေလ အမ်ားႀကီးပိုေကာင္းေလလို႔ ခံစားရၿပီး သူက အဲဒီႀကီးမားတဲ့ကိုယ္ခႏၶာ ထုထည္မ်ိဳး မရွိေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းကို အံ့အားသင့္ဖြယ္ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနၿပီး The Sun ရဲ႕ ေဖာ္ျပခ်က္အရ လိဂန္းအသင္းဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဆာဂ်ီယို ရာမို႔စ္ရဲ႕ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔အတြက္ ရွာေဖြေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.