La Liga Match Report Premier League UCL&UEL

ယူရိုပါလိဂ်မှာ ဘက်တစ်ကို ဂိုးပြတ်ဝုန်းပြီး ရွှေဘပြန်လာပြီလို့ဆိုလိုက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ ကာစီမီရိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗက်ဂ်ဟော့စ်၊ အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ကို လီဗာပူးလ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ၁၁ ယောက်နဲ့ပဲ ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် ရီးရဲလ်ဘက်တစ်အသင်းကတော့ ဂိုးသမား ကလော်ဒီယို ဘရာဗို၊ ခံစစ်မှာ ပက်ဇယ်လာ၊ လူးဝစ် ဖလိပီ၊ ဆာဘာလီနဲ့ အက်ဘ်နာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဂီဒို ရိုဒရီးရက်ဇ်၊ ဝီလီယမ် ကာဗာလ်ယို၊ ဟိုအာကင်၊ လူးဝစ် ဟင်နရီကေးနဲ့ ဟွမ်မီတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ အယိုဇီ ပီရက်ဇ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက အိမ်ရှင် သရဲနီတွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တန်ပြန်တိုက်စစ်ဆင်လာတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဘက်တစ်ခံစစ်က ရှင်းထုတ်ပုံ မပီပြင်ဘဲ ကျန်နေခဲ့တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က တစ်ချက် ခေါက်ပြီးမှ အပြင်းကန်သွင်းယူခဲ့ရာမှာ ဂိုးဘားအောက်ကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီအမှားကြောင့် ဂိုးပေးရအပြီးမှာတော့ ဘက်တစ်တို့အနေနဲ့‌ ခံစစ်မှာ တော်တော်လေး သတိကြီးကြီးထားပြီး ကစားသွားခဲ့သလို သူတို့ရဲ့ ကန်ချက်တစ်ကြိမ်ကနေ ဧရိယာထဲမှာ ဗက်ဂ်ဟော့စ် လက်ထိတယ်လို့ ပင်နယ်တီ တောင်းဖို့ ကြိုးစားခဲ့ပေမယ့် ဒတ်ချ်တိုက်စစ်မှူးရဲ့ ပခုံးစွန်းကိုပဲ ထိခဲ့တာကြောင့် ဒိုင်နဲ့ VAR တို့က ပယ်ချသွားခဲ့တာပါ။

ဗက်ဂ်ဟော့စ်ကတော့ တော်တော်လေးကို ချူချာလွန်းနေပြီး ကျိန်စာသင့်သလား မှတ်ရအောင် ဂိုးမရဘဲဖြစ်နေခဲ့သလို အန်တိုနီရဲ့ လှပတဲ့ ဖြတ်တင်ဘောကို မိုးပေါ်ထောင်ကန်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ရပြီး သူနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကတော့ ဒီနေ့မှာ မျှော်လင့်ထားသလောက် ထက်ထက်မြက်မြက် မရှိခဲ့ဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ဘက်တစ်တို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဟွမ်မီက ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်လာပြီးမှ ညာတောင်ပံကို တင်ပေးခဲ့ရာမှာ ဘောလုံးရသွားတဲ့ အယိုဇီ ပီရက်ဇ်က ဧရိယာအစပ်ကနေ ထောင့်ဖြတ် အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဘယ်သူမှ မတားဆီးနိုင်လိုက်ဘဲ ဂိုးသမား ဒဟေးယားလည်း မကာကွယ်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ ယူနိုက်တက်တို့ဘက်က ဒါလော့အစား ဝန်ဘစ်ဆာကာကို နည်းပြ တန်ဟတ်က ထည့်သွင်းပြီး ခံစစ်ကို လုံခြုံအောင် ဂရုစိုက်လာခဲ့သလို ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းအရှုံးကို တုံ့ပြန်ပြီး အိမ်ကွင်းမှာ ပရိသတ်တွေကို နှစ်သိမ့်မှု ပေးနိုင်ဖို့ ကစားအား တင်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ယူနိုက်တက်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘက်တစ်တို့ လူပေးမှားတာကို ဖြတ်ယူနိုင်ခဲ့တဲ့ ကာစီမီရို ပေးတာကို ဘရူနို ဖာနန်ဒက်စ်က ညာခြမ်းကို ပေးတဲ့ ဘောလုံးကို ရသွားခဲ့တဲ့ အန်တိုနီက အတွင်းကို တစ်ချက်ခေါက်ပြီးမှ ဧရိယာထိပ်ကနေ အဝေးတိုင်ဘက်ကို ကန်သွင်းခဲ့ရာမှာ နေရာယူပုံ လွဲနေတဲ့ ဂိုးသမား ဘရာဗိုကို လှလှပပ အလဲထိုးနိုင်ခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ သရဲနီတွေပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို လုခ်ရှောက ကန်တင်ပေးရာမှာ ခြေထောက်ခဲဆွဲထားသလား မသိတဲ့ ဘက်တစ်ခံစစ်ရဲ့ မလှုပ်မရှားဖြစ်နေမှုကို အခွင့်ကောင်းယူပြီး ဘရူနို ဖာနန်ဒက်စ်က အနီးတိုင်ဘက်ကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် အိမ်ရှင်တွေ ပျော်ရွှင်နိုင်ခဲ့တာဖြစ်ပါတယ်။

သုံးဂိုးပေးခဲ့ရအပြီးမှာတော့ ဘက်တစ်တို့ဘက်က ဟိုအာကင်၊ လူးဝစ် ဟင်နရီကေး၊ ဂီဒို ရိုဒရီးရက်ဇ်နဲ့ အယိုဇေ ပီရက်ဇ်တို့အစား ဆာဂျီယို ကာနာလက်စ်၊ အီတာ ရူအီဘယ်လ်၊ ဂွါဒါဒိုနဲ့ ဘော်ဟာ အစ်ဂလီဆီယာ့စ်တို့ကို လူစားလဲသွားခဲ့ပြီး ယူနိုက်တက်တို့ဘက်ကတော့ ရက်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ကို အနားပေးခဲ့သလို ဆန်ချိုနဲ့ မာလာစီယာတို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာ ဘက်တစ်တို့ လူပေးမှားပြန်တာကနေ ဗက်ဂ်ဟော့စ်က ဖြတ်ယူပြီး ခင်းပေးတာကို အန်တိုနီ ကန်ရာမှာ ဂိုးသမား ဘရာဗို ပုတ်ထုတ်သွားနိုင်ခဲ့လို့ ယူနိုက်တက်တို့ အပိုင်တစ်ဂိုးနဲ့ လွဲခဲ့ရသလို ဒီနောက်မှာတော့ အန်တိုနီနဲ့ ဖရက်ဒ်တို့အစား ပယ်လစ္စထရီနဲ့ မက်တော်မီနေးတို့ကို နည်းပြ တန်ဟတ်က ထပ်ပြီးလူစားလဲသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပယ်လစ္စထရီက ညာတောင်ပံကို ဆွဲထွက်ပြီးမှ ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ ဂိုးရှေ့က မက်တော်မီနေးရဲ့ ပိတ်သွင်းမှုကို ဘက်တစ်ဂိုးသမား ဘရာဗို ကာကွယ်နိုင်ခဲ့ပေမယ့် နောက်မှာ ရှိနေတဲ့ ဂိုးမိုးခေါင် ကိုယ်တော်ကြီး ဗက်ဂ်ဟော့စ်က အနီးကပ် ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပယ်လစ္စထရီရဲ့ မြန်နှုန်းမြင့် တိုးအားရုန်းအားတွေကို ယူနိုက်တက်ပရိသတ်တွေအတွက် အားကိုးချင်စရာတစ်ခုအဖြစ် တွေ့မြင်ခဲ့ရပြီး အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ကြတော့လို့ လေးဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့သလို ဒီပွဲရလဒ်ကြောင့် ဘက်တစ်ကွင်းမှာ ထပ်မံကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဒါေလာ့နဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ ကာစီမီ႐ိုနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗက္ဂ္ေဟာ့စ္၊ အန္တိုနီနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို လီဗာပူးလ္ကို အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ၁၁ ေယာက္နဲ႔ပဲ ပြဲထုတ္လာခဲ့ၾကတာျဖစ္ပါတယ္။

ဧည့္သည္ ရီးရဲလ္ဘက္တစ္အသင္းကေတာ့ ဂိုးသမား ကေလာ္ဒီယို ဘရာဗို၊ ခံစစ္မွာ ပက္ဇယ္လာ၊ လူးဝစ္ ဖလိပီ၊ ဆာဘာလီနဲ႔ အက္ဘ္နာတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂီဒို ႐ိုဒရီးရက္ဇ္၊ ဝီလီယမ္ ကာဗာလ္ယို၊ ဟိုအာကင္၊ လူးဝစ္ ဟင္နရီေကးနဲ႔ ဟြမ္မီတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ အယိုဇီ ပီရက္ဇ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက အိမ္ရွင္ သရဲနီေတြ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန တန္ျပန္တိုက္စစ္ဆင္လာတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ ဘက္တစ္ခံစစ္က ရွင္းထုတ္ပုံ မပီျပင္ဘဲ က်န္ေနခဲ့တဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က တစ္ခ်က္ ေခါက္ၿပီးမွ အျပင္းကန္သြင္းယူခဲ့ရာမွာ ဂိုးဘားေအာက္ကေန ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒီအမွားေၾကာင့္ ဂိုးေပးရအၿပီးမွာေတာ့ ဘက္တစ္တို႔အေနနဲ႔‌ ခံစစ္မွာ ေတာ္ေတာ္ေလး သတိႀကီးႀကီးထားၿပီး ကစားသြားခဲ့သလို သူတို႔ရဲ႕ ကန္ခ်က္တစ္ႀကိမ္ကေန ဧရိယာထဲမွာ ဗက္ဂ္ေဟာ့စ္ လက္ထိတယ္လို႔ ပင္နယ္တီ ေတာင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဒတ္ခ်္တိုက္စစ္မႉးရဲ႕ ပခုံးစြန္းကိုပဲ ထိခဲ့တာေၾကာင့္ ဒိုင္နဲ႔ VAR တို႔က ပယ္ခ်သြားခဲ့တာပါ။

ဗက္ဂ္ေဟာ့စ္ကေတာ့ ေတာ္ေတာ္ေလးကို ခ်ဴခ်ာလြန္းေနၿပီး က်ိန္စာသင့္သလား မွတ္ရေအာင္ ဂိုးမရဘဲျဖစ္ေနခဲ့သလို အန္တိုနီရဲ႕ လွပတဲ့ ျဖတ္တင္ေဘာကို မိုးေပၚေထာင္ကန္ခဲ့တာက စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး သူနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကေတာ့ ဒီေန႔မွာ ေမွ်ာ္လင့္ထားသေလာက္ ထက္ထက္ျမက္ျမက္ မရွိခဲ့ဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဘက္တစ္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဟြမ္မီက ဘယ္ျခမ္းကေန အတြင္းကို ဆြဲဝင္လာၿပီးမွ ညာေတာင္ပံကို တင္ေပးခဲ့ရာမွာ ေဘာလုံးရသြားတဲ့ အယိုဇီ ပီရက္ဇ္က ဧရိယာအစပ္ကေန ေထာင့္ျဖတ္ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဘယ္သူမွ မတားဆီးႏိုင္လိုက္ဘဲ ဂိုးသမား ဒေဟးယားလည္း မကာကြယ္ႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာေတာ့ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ယူႏိုက္တက္တို႔ဘက္က ဒါေလာ့အစား ဝန္ဘစ္ဆာကာကို နည္းျပ တန္ဟတ္က ထည့္သြင္းၿပီး ခံစစ္ကို လုံၿခဳံေအာင္ ဂ႐ုစိုက္လာခဲ့သလို ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းအရႈံးကို တုံ႔ျပန္ၿပီး အိမ္ကြင္းမွာ ပရိသတ္ေတြကို ႏွစ္သိမ့္မႈ ေပးႏိုင္ဖို႔ ကစားအား တင္လာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘက္တစ္တို႔ လူေပးမွားတာကို ျဖတ္ယူႏိုင္ခဲ့တဲ့ ကာစီမီ႐ို ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ညာျခမ္းကို ေပးတဲ့ ေဘာလုံးကို ရသြားခဲ့တဲ့ အန္တိုနီက အတြင္းကို တစ္ခ်က္ေခါက္ၿပီးမွ ဧရိယာထိပ္ကေန အေဝးတိုင္ဘက္ကို ကန္သြင္းခဲ့ရာမွာ ေနရာယူပုံ လြဲေနတဲ့ ဂိုးသမား ဘရာဗိုကို လွလွပပ အလဲထိုးႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ သရဲနီေတြပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို လုခ္ေရွာက ကန္တင္ေပးရာမွာ ေျခေထာက္ခဲဆြဲထားသလား မသိတဲ့ ဘက္တစ္ခံစစ္ရဲ႕ မလႈပ္မရွားျဖစ္ေနမႈကို အခြင့္ေကာင္းယူၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က အနီးတိုင္ဘက္ကေန ေခါင္းတိုက္သြင္းယူသြားခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ေပ်ာ္႐ႊင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

သုံးဂိုးေပးခဲ့ရအၿပီးမွာေတာ့ ဘက္တစ္တို႔ဘက္က ဟိုအာကင္၊ လူးဝစ္ ဟင္နရီေကး၊ ဂီဒို ႐ိုဒရီးရက္ဇ္နဲ႔ အယိုေဇ ပီရက္ဇ္တို႔အစား ဆာဂ်ီယို ကာနာလက္စ္၊ အီတာ ႐ူအီဘယ္လ္၊ ဂြါဒါဒိုနဲ႔ ေဘာ္ဟာ အစ္ဂလီဆီယာ့စ္တို႔ကို လူစားလဲသြားခဲ့ၿပီး ယူႏိုက္တက္တို႔ဘက္ကေတာ့ ရက္ရွ္ဖို႔ဒ္နဲ႔ လုခ္ေရွာတို႔ကို အနားေပးခဲ့သလို ဆန္ခ်ိဳနဲ႔ မာလာစီယာတို႔ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာ ဘက္တစ္တို႔ လူေပးမွားျပန္တာကေန ဗက္ဂ္ေဟာ့စ္က ျဖတ္ယူၿပီး ခင္းေပးတာကို အန္တိုနီ ကန္ရာမွာ ဂိုးသမား ဘရာဗို ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ အပိုင္တစ္ဂိုးနဲ႔ လြဲခဲ့ရသလို ဒီေနာက္မွာေတာ့ အန္တိုနီနဲ႔ ဖရက္ဒ္တို႔အစား ပယ္လစၥထရီနဲ႔ မက္ေတာ္မီေနးတို႔ကို နည္းျပ တန္ဟတ္က ထပ္ၿပီးလူစားလဲသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ပဲ စတုတၳ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ပယ္လစၥထရီက ညာေတာင္ပံကို ဆြဲထြက္ၿပီးမွ ဧရိယာထဲကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဂိုးေရွ႕က မက္ေတာ္မီေနးရဲ႕ ပိတ္သြင္းမႈကို ဘက္တစ္ဂိုးသမား ဘရာဗို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ေနာက္မွာ ရွိေနတဲ့ ဂိုးမိုးေခါင္ ကိုယ္ေတာ္ႀကီး ဗက္ဂ္ေဟာ့စ္က အနီးကပ္ ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပယ္လစၥထရီရဲ႕ ျမန္ႏႈန္းျမင့္ တိုးအား႐ုန္းအားေတြကို ယူႏိုက္တက္ပရိသတ္ေတြအတြက္ အားကိုးခ်င္စရာတစ္ခုအျဖစ္ ေတြ႕ျမင္ခဲ့ရၿပီး အခြင့္အေရးေတြကိုေတာ့ အသုံးမခ်ႏိုင္ခဲ့ၾကေတာ့လို႔ ေလးဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့သလို ဒီပြဲရလဒ္ေၾကာင့္ ဘက္တစ္ကြင္းမွာ ထပ္မံေက်ာ္ျဖတ္ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ဖို႔ ရာႏႈန္းျပည့္နီးပါး ေသခ်ာသြားခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.