International World Cup

ကမ္ဘာ့ဖလားဗိုလ်လုပွဲက အမှားကို လေးစားဖွယ် ပြန်လည်ပြင်ဆင်ခဲ့တဲ့ မာတီနက်ဇ်

အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပင်နယ်တီ အဆုံးအဖြတ်မှာ လက်စွမ်းပြကာကွယ်ခဲ့ချိန်အတွင်း ဝတ်ဆင်ခဲ့တဲ့ လက်အိတ်ကို ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို ကုသပေးနေတဲ့ ဆေးရုံကို လှူဒါန်းဖို့ သောကြာနေ့မှာ အမေရိကန်ဒေါ်လာ ၄၅၀၀၀ နဲ့ လေလံတင်ခဲ့ပါတယ်။

ဂါဟာရန်ကောင်လေးတွေကို ကူညီပေးဖို့ ဒီဘူ(မာတီနက်ဇ်ရဲ့နာမည်)ရဲ့ လက်အိတ်ကနေ ဒေါ်လာ ၄၅၀၀၀ ရတယ်လို့ အာဂျင်တီးနား ကလေးအထူးကု ဖောင်ဒေးရှင်းက အင်စတာဂရမ်မှာ ပြောကြားခဲ့ပြီး ဂါဟာရန် ဆေးရုံဟာ အာဂျင်တီးနားမှာ ကလေးငယ်တွေကို အဓိကကုသမှုပေးနေတဲ့ ဆေးရုံဖြစ်ပါတယ်။

လေလံပွဲကို သောကြာနေ့က အွန်လိုင်းပေါ်မှာ ပြုလုပ်ခဲ့ပြီး အက်စတန် ဗီလာအသင်းအတွက် ကစားပေးနေတဲ့ အီမီလီယာနို မာတီနက်ဇ်က အင်္ဂလန်မှာရှိတဲ့ အိမ်ကနေ ဗီဒိယိုဖုန်းခေါ်ဆိုမှုနဲ့ ပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။

လေလံတင်ခဲ့တဲ့ လက်အိတ်ဟာ ကာတာက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးကာကွယ်မှုတွေ ပြုလုပ်ပြီး အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ရာမှာ ဝတ်ဆင်ခဲ့တဲ့ လက်အိတ်ဖြစ်ပါတယ်။

“သူတို့တွေ ကျွန်တော့်ကို ကမ္ဘာ့ဖလားလက်အိတ်ကို လှူဒါန်းဖို့ ရွေးချယ်စရာပေးခဲ့တဲ့အချိန်မှာ ကျွန်တော် တစ်ချက်လေးမှ မတုံ့ဆိုင်းခဲ့ပါဘူး။ အဲဒါက ကလေးငယ်တွေအတွက် ကောင်းမွန်တဲ့ အကူအညီဖြစ်လာမှာလေ။”လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ဖေဖော်ဝါရီလမှာ ကမ္ဘာ့ဖလားလက်အိတ်ကို လှူူဒါန်းကြောင်း ကြေညာချိန်မှာ လက်အိတ်အတွင်း အမတ်တရ လက်မှတ်ပါ ရေးထိုးပေးခဲ့တာဖြစ်ပါတယ်။

“ကမ္ဘာ့ဖလား ဗိုလ်လုပွဲက နေ့တိုင်းကစားနေတာမဟုတ်ပါဘူး။ ဒီလက်အိတ်တွေက အရမ်းကို ထူးခြားပါတယ်။ ဒါပေမယ့် ဒီလက်အိတ်တွေကို ကျွန်တော့်အိမ်က ဖရိန်ပေါ်မှာ ချိတ်ဆွဲထားတာထက်စာရင် လှူဒါန်းလိုက်တာက ဒီကလေးငယ်တွေအတွက် အများကြီးပိုပြီး အကူအညီဖြစ်စေမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္အသင္းနဲ႔ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ ပင္နယ္တီ အဆုံးအျဖတ္မွာ လက္စြမ္းျပကာကြယ္ခဲ့ခ်ိန္အတြင္း ဝတ္ဆင္ခဲ့တဲ့ လက္အိတ္ကို ကင္ဆာေရာဂါခံစားေနရတဲ့ ကေလးငယ္ေတြကို ကုသေပးေနတဲ့ ေဆး႐ုံကို လႉဒါန္းဖို႔ ေသာၾကာေန႔မွာ အေမရိကန္ေဒၚလာ ၄၅၀၀၀ နဲ႔ ေလလံတင္ခဲ့ပါတယ္။

ဂါဟာရန္ေကာင္ေလးေတြကို ကူညီေပးဖို႔ ဒီဘူ(မာတီနက္ဇ္ရဲ႕နာမည္)ရဲ႕ လက္အိတ္ကေန ေဒၚလာ ၄၅၀၀၀ ရတယ္လို႔ အာဂ်င္တီးနား ကေလးအထူးကု ေဖာင္ေဒးရွင္းက အင္စတာဂရမ္မွာ ေျပာၾကားခဲ့ၿပီး ဂါဟာရန္ ေဆး႐ုံဟာ အာဂ်င္တီးနားမွာ ကေလးငယ္ေတြကို အဓိကကုသမႈေပးေနတဲ့ ေဆး႐ုံျဖစ္ပါတယ္။

ေလလံပြဲကို ေသာၾကာေန႔က အြန္လိုင္းေပၚမွာ ျပဳလုပ္ခဲ့ၿပီး အက္စတန္ ဗီလာအသင္းအတြက္ ကစားေပးေနတဲ့ အီမီလီယာႏို မာတီနက္ဇ္က အဂၤလန္မွာရွိတဲ့ အိမ္ကေန ဗီဒိယိုဖုန္းေခၚဆိုမႈနဲ႔ ပါဝင္ေပးခဲ့တာ ျဖစ္ပါတယ္။

ေလလံတင္ခဲ့တဲ့ လက္အိတ္ဟာ ကာတာက ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပင္နယ္တီအဆုံးအျဖတ္မွာ ဂိုးကာကြယ္မႈေတြ ျပဳလုပ္ၿပီး အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလား ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ရာမွာ ဝတ္ဆင္ခဲ့တဲ့ လက္အိတ္ျဖစ္ပါတယ္။

“သူတို႔ေတြ ကြၽန္ေတာ့္ကို ကမာၻ႔ဖလားလက္အိတ္ကို လႉဒါန္းဖို႔ ေ႐ြးခ်ယ္စရာေပးခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္ တစ္ခ်က္ေလးမွ မတုံ႔ဆိုင္းခဲ့ပါဘူး။ အဲဒါက ကေလးငယ္ေတြအတြက္ ေကာင္းမြန္တဲ့ အကူအညီျဖစ္လာမွာေလ။”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္က ေဖေဖာ္ဝါရီလမွာ ကမာၻ႔ဖလားလက္အိတ္ကို လႉူဒါန္းေၾကာင္း ေၾကညာခ်ိန္မွာ လက္အိတ္အတြင္း အမတ္တရ လက္မွတ္ပါ ေရးထိုးေပးခဲ့တာျဖစ္ပါတယ္။

“ကမာၻ႔ဖလား ဗိုလ္လုပြဲက ေန႔တိုင္းကစားေနတာမဟုတ္ပါဘူး။ ဒီလက္အိတ္ေတြက အရမ္းကို ထူးျခားပါတယ္။ ဒါေပမယ့္ ဒီလက္အိတ္ေတြကို ကြၽန္ေတာ့္အိမ္က ဖရိန္ေပၚမွာ ခ်ိတ္ဆြဲထားတာထက္စာရင္ လႉဒါန္းလိုက္တာက ဒီကေလးငယ္ေတြအတြက္ အမ်ားႀကီးပိုၿပီး အကူအညီျဖစ္ေစမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.