International World Cup

မက်ဆီနဲ့ပတ်သက်ပြီး မသေခင် ဆန္ဒပြည့်ဝသွားခဲ့တဲ့ ပီလီ

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးကြီး ပီလီဟာ လီယွန်နယ် မက်ဆီအတွက် ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်း ရရှိသွားစေချင်ခဲ့တယ်လို့ သမီးဖြစ်တဲ့ ကယ်လီ နက်ဆီမန်တိုက အင်စတာဂရမ်ပို့စ်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပီလီဟာ အာဂျင်တီးနားအသင်း ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

နက်ဆီမန်တိုဟာ မကြာသေးမီက ဖီဖာရဲ့ The Best ဆုပေးပွဲမှာ တစိတ်တပိုင်း ပါဝင်ခဲ့သူဖြစ်ပြီး လီယွန်နယ် မက်ဆီရဲ့ ဇနီး အန်တိုနီလာ ရိုကုဇိုနဲ့ ပွဲမှာ တွေ့ဆုံချိန်မှာ ဘာကြောင့် ပီလီက ဘရာဇီးလ်ရဲ့အဓိကပြိုင်ဘက် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရရှိစေချင်ခဲ့တာလဲဆိုတာကို ပြောပြခဲ့တာဖြစ်ပါတယ်။

ရိုကုဇိုနဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ပြီး နက်ဆီမန်တိုက “ဇာတ်လမ်းပြောရမယ့်အချိန်ရောက်ပြီ။ ဒါက အရမ်းကို လှပပြီး ကြင်နာတတ်တဲ့ မက်ဆီရဲ့ ဇနီး အန်တိုနီလာ ရိုကုဇိုပါ။ ကျွန်မ မက်ဆီနဲ့ တွေ့ဆုံဖို့ အခွင့်အရေး မရခဲ့ပါဘူး။ အဲဒီတော့ ကျွန်မ သူ့ကို ပါတီတိုင်းရဲ့မှော်ဆန်တဲ့နေရာ(အမျိုးသမီး သန့်စင်ခန်း)မှာ တွေ့ဆုံခဲ့တဲ့အချိန်မှာ သူကနေတဆင့် မက်ဆီကို သတင်းစကားပါးခဲ့ပါတယ်။ ဘရာဇီးလ်က ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ ကျွန်မ အဖေက အခြေအနေ တော်တော်လေး ဆိုးရွားနေခဲ့ပါပြီ”

“အားလုံးက ကျွန်မ အဖေအတွက် ဘရာဇီးလ်ကို ကမ္ဘာ့ဖလား ရရှိစေချင်စေချင်ခဲ့တယ်။ ဘရာဇီးလ်ထက် ပိုပြီး ဘယ်သူ့ကိုမှ မရစေချင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မ အဖေက ဘောလုံးက ဘယ်လိုမျိုးလဲဆိုတာ အားလုံးထက် ကောင်းကောင်း ပိုသိခဲ့ပါတယ်။ အဲဒီက အသင်းတိုင်းက အနိုင်ရရှိနိုင်ခြေရှိပြီး သူ အမြဲတမ်း ပြောခဲ့တာက လှပတဲ့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး သူ ချစ်မြတ်နိုးတဲ့အကြောင်းပါ”

“ဘရာဇီးလ် ထွက်ခဲ့ရပြီးနောက်မှာ အားလုံးက သူ့ ဆေးရုံအခန်းကို လာခဲ့ကြပြီး(တစ်နေ့လုံး၊ ဗိုလ်လုပွဲမတိုင်ခင် နေ့တိုင်း)သူ့ကို မေးခဲ့ကြတယ်။ အခုရော ပီလီ။ အခု ခင်ဗျား ဘယ်သူ့ကို အနိုင်ရစေချင်လဲ။ အာဂျင်တီးနားမဟုတ်တာတော့ သေချာတယ်မလားလို့ မေးကြတယ်”

“သူက ဟုတ်တယ်။ အာဂျင်တီးနားပဲ။ ဒီဆုဖလားက တောင်အမေရိကကို ပြန်လာရမှာဖြစ်ပြီး မက်ဆီက အနိုင်ရမှာပါ။ အားလုံးက ကြက်သေသေသွားခဲ့တယ်။ အထိတ်တလန်နဲ့ ဘာဖြစ်တယ်။ အာဂျင်တီးနားဟုတ်လားလို့ မေးခဲ့ကြတယ်။ သူက ရိုးရိုးရှင်းရှင်းပဲ ဟုတ်တယ် မက်ဆီ အနိုင်ရမယ်လို့ ပြန်ပြောခဲတယ်။ အဖေက ဗိုလ်လုပွဲကို တီဗီကနေတောင် မကြည့်နိုင်တော့ဘူး။ ဒါပေမယ့် အာဂျင်တီးနားက အနိုင်ရရှိသွားခဲ့ပြီး မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်ခဲ့တယ်ဆိုတာ သူ သိခဲ့တယ်။ သူ ပျော်ရွှင်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးႀကီး ပီလီဟာ လီယြန္နယ္ မက္ဆီအတြက္ ၂၀၂၂ ကမာၻ႔ဖလားကို အာဂ်င္တီးနားအသင္း ရရွိသြားေစခ်င္ခဲ့တယ္လို႔ သမီးျဖစ္တဲ့ ကယ္လီ နက္ဆီမန္တိုက အင္စတာဂရမ္ပို႔စ္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ပီလီဟာ အာဂ်င္တီးနားအသင္း ၂၀၂၂ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ တစ္ပတ္ေက်ာ္အၾကာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ ၂၉ ရက္ေန႔မွာ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

နက္ဆီမန္တိုဟာ မၾကာေသးမီက ဖီဖာရဲ႕ The Best ဆုေပးပြဲမွာ တစိတ္တပိုင္း ပါဝင္ခဲ့သူျဖစ္ၿပီး လီယြန္နယ္ မက္ဆီရဲ႕ ဇနီး အန္တိုနီလာ ႐ိုကုဇိုနဲ႔ ပြဲမွာ ေတြ႕ဆုံခ်ိန္မွာ ဘာေၾကာင့္ ပီလီက ဘရာဇီးလ္ရဲ႕အဓိကၿပိဳင္ဘက္ အာဂ်င္တီးနားကို ကမာၻ႔ဖလားရရွိေစခ်င္ခဲ့တာလဲဆိုတာကို ေျပာျပခဲ့တာျဖစ္ပါတယ္။

႐ိုကုဇိုနဲ႔ ဓာတ္ပုံကို အင္စတာဂရမ္မွာ တင္ၿပီး နက္ဆီမန္တိုက “ဇာတ္လမ္းေျပာရမယ့္အခ်ိန္ေရာက္ၿပီ။ ဒါက အရမ္းကို လွပၿပီး ၾကင္နာတတ္တဲ့ မက္ဆီရဲ႕ ဇနီး အန္တိုနီလာ ႐ိုကုဇိုပါ။ ကြၽန္မ မက္ဆီနဲ႔ ေတြ႕ဆုံဖို႔ အခြင့္အေရး မရခဲ့ပါဘူး။ အဲဒီေတာ့ ကြၽန္မ သူ႔ကို ပါတီတိုင္းရဲ႕ေမွာ္ဆန္တဲ့ေနရာ(အမ်ိဳးသမီး သန႔္စင္ခန္း)မွာ ေတြ႕ဆုံခဲ့တဲ့အခ်ိန္မွာ သူကေနတဆင့္ မက္ဆီကို သတင္းစကားပါးခဲ့ပါတယ္။ ဘရာဇီးလ္က ခ႐ိုေအးရွားကို ရႈံးနိမ့္ခဲ့တဲ့အခ်ိန္မွာ ကြၽန္မ အေဖက အေျခအေန ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့ပါၿပီ”

“အားလုံးက ကြၽန္မ အေဖအတြက္ ဘရာဇီးလ္ကို ကမာၻ႔ဖလား ရရွိေစခ်င္ေစခ်င္ခဲ့တယ္။ ဘရာဇီးလ္ထက္ ပိုၿပီး ဘယ္သူ႔ကိုမွ မရေစခ်င္ခဲ့ဘူး။ ဒါေပမယ့္ ကြၽန္မ အေဖက ေဘာလုံးက ဘယ္လိုမ်ိဳးလဲဆိုတာ အားလုံးထက္ ေကာင္းေကာင္း ပိုသိခဲ့ပါတယ္။ အဲဒီက အသင္းတိုင္းက အႏိုင္ရရွိႏိုင္ေျခရွိၿပီး သူ အၿမဲတမ္း ေျပာခဲ့တာက လွပတဲ့ ၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး သူ ခ်စ္ျမတ္ႏိုးတဲ့အေၾကာင္းပါ”

“ဘရာဇီးလ္ ထြက္ခဲ့ရၿပီးေနာက္မွာ အားလုံးက သူ႔ ေဆး႐ုံအခန္းကို လာခဲ့ၾကၿပီး(တစ္ေန႔လုံး၊ ဗိုလ္လုပြဲမတိုင္ခင္ ေန႔တိုင္း)သူ႔ကို ေမးခဲ့ၾကတယ္။ အခုေရာ ပီလီ။ အခု ခင္ဗ်ား ဘယ္သူ႔ကို အႏိုင္ရေစခ်င္လဲ။ အာဂ်င္တီးနားမဟုတ္တာေတာ့ ေသခ်ာတယ္မလားလို႔ ေမးၾကတယ္”

“သူက ဟုတ္တယ္။ အာဂ်င္တီးနားပဲ။ ဒီဆုဖလားက ေတာင္အေမရိကကို ျပန္လာရမွာျဖစ္ၿပီး မက္ဆီက အႏိုင္ရမွာပါ။ အားလုံးက ၾကက္ေသေသသြားခဲ့တယ္။ အထိတ္တလန္နဲ႔ ဘာျဖစ္တယ္။ အာဂ်င္တီးနားဟုတ္လားလို႔ ေမးခဲ့ၾကတယ္။ သူက ႐ိုး႐ိုးရွင္းရွင္းပဲ ဟုတ္တယ္ မက္ဆီ အႏိုင္ရမယ္လို႔ ျပန္ေျပာခဲတယ္။ အေဖက ဗိုလ္လုပြဲကို တီဗီကေနေတာင္ မၾကည့္ႏိုင္ေတာ့ဘူး။ ဒါေပမယ့္ အာဂ်င္တီးနားက အႏိုင္ရရွိသြားခဲ့ၿပီး မက္ဆီ ကမာၻ႔ဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တယ္ဆိုတာ သူ သိခဲ့တယ္။ သူ ေပ်ာ္႐ႊင္ခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.