Premier League

ဂယ်ရီ နဗီးပြောတဲ့ အမှန်တရားကို လက်ခံလိုက်ရတဲ့ အာတီတာ

မီခေးလ် အာတီတာက ကြာသပတေးနေ့ညက စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ၂ ဂိုး ပေးခဲ့ရပြီးနောက် အာဆင်နယ်အနေနဲ့ ခံစစ်ပိုင်းကို ကျစ်လစ်အောင် လုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့ သတိပေးစကားဟာ ဂယ်ရီ နဗီးက အာဆင်နယ်အနေနဲ့ ဆုဖလားစိန်ခေါ်ချင်တယ်ဆိုရင် ဂိုးတွေ ပေးနေတာကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ သတိပေးခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပေါ်တူဂီမှာ စပို့တင်းလစ္စဘွန်းကို အကြိတ်အနယ်ကစားပြီး ၂-၂ ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဒုတိယအကျော့ပွဲစဉ်အတွက် အားကောင်းတဲ့ အနေအထားမှာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတဲ့ ပုံစံက အာတီတာအတွက် စိုးရိမ်စရာဖြစ်စေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ “ခင်ဗျား ကျွန်တော်တို့ ဥရောပ အဝေးကွင်းပွဲမှာ ပေးခဲ့ရသလိုမျိုး ဆိုးရွားတဲ့ဂိုး ၂ ဂိုး ပေးရတဲ့အချိန်မှာ ရလဒ်ကောင်းရဖို့က အရမ်း ခက်ခဲမှာပါ”

“ပွဲစဉ်က ခက်ခဲတဲ့အချိန်တွေ ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ့်ကွင်းဘက်ခြမ်းမှာ ဘောလုံးတွေ အများကြီးပေးပစ်ခဲ့ပြီး သူတို့ အရမ်းကောင်းတဲ့နေရာဖြစ်တဲ့ အကူးအပြောင်းလုပ်နိုင်အောင် အခွင့်အရေးပေးခဲ့လို့ပါ”

“တခြားအချိန်တွေမှာ ကျွန်တော်တို့ ပွဲကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီး ကျွန်တော်တို့ ဒီနေ့ ခြိမ်းခြောက်နိုင်စွမ်း အနည်းငယ်လည်း ဆုံးရှုံးခဲ့တယ်။ အထူးသဖြင့် တိုက်စစ်မှာ ကျွန်တော်တို့ရဲ့ အဓိကကစားသမား ၄ ဦးပျောက်ဆုံးနေတာကြောင့်ပါ။ အပြုသဘောဆောင်တဲ့အရာအချို့လည်း ရှိခဲ့ပါတယ်”

“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲစဉ်ထဲကို ပြန်လာအောင်ဖို့ ဇွဲလုံ့လရှိမှု အများကြီး ပြသခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပင်နယ်တီဧရိယာကို တနင်္ဂနွေနေ့မှာ ပိုပြီးတော့ ကောင်းကောင်းကာကွယ်ဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မီေခးလ္ အာတီတာက ၾကာသပေတးေန႔ညက စပို႔တင္းလစၥဘြန္းနဲ႔ပြဲမွာ ၂ ဂိုး ေပးခဲ့ရၿပီးေနာက္ အာဆင္နယ္အေနနဲ႔ ခံစစ္ပိုင္းကို က်စ္လစ္ေအာင္ လုပ္ရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕ သတိေပးစကားဟာ ဂယ္ရီ နဗီးက အာဆင္နယ္အေနနဲ႔ ဆုဖလားစိန္ေခၚခ်င္တယ္ဆိုရင္ ဂိုးေတြ ေပးေနတာကို ရပ္တန႔္ဖို႔ လိုအပ္တယ္လို႔ သတိေပးခဲ့ၿပီးေနာက္ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ေပၚတူဂီမွာ စပို႔တင္းလစၥဘြန္းကို အႀကိတ္အနယ္ကစားၿပီး ၂-၂ ရလဒ္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ ဒုတိယအေက်ာ့ပြဲစဥ္အတြက္ အားေကာင္းတဲ့ အေနအထားမွာ ရပ္တည္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းရဲ႕ သြင္းဂိုးေတြ ခြင့္ျပဳခဲ့ရတဲ့ ပုံစံက အာတီတာအတြက္ စိုးရိမ္စရာျဖစ္ေစခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ “ခင္ဗ်ား ကြၽန္ေတာ္တို႔ ဥေရာပ အေဝးကြင္းပြဲမွာ ေပးခဲ့ရသလိုမ်ိဳး ဆိုး႐ြားတဲ့ဂိုး ၂ ဂိုး ေပးရတဲ့အခ်ိန္မွာ ရလဒ္ေကာင္းရဖို႔က အရမ္း ခက္ခဲမွာပါ”

“ပြဲစဥ္က ခက္ခဲတဲ့အခ်ိန္ေတြ ရွိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ကြင္းဘက္ျခမ္းမွာ ေဘာလုံးေတြ အမ်ားႀကီးေပးပစ္ခဲ့ၿပီး သူတို႔ အရမ္းေကာင္းတဲ့ေနရာျဖစ္တဲ့ အကူးအေျပာင္းလုပ္ႏိုင္ေအာင္ အခြင့္အေရးေပးခဲ့လို႔ပါ”

“တျခားအခ်ိန္ေတြမွာ ကြၽန္ေတာ္တို႔ ပြဲကို လုံးဝ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ဒီေန႔ ၿခိမ္းေျခာက္ႏိုင္စြမ္း အနည္းငယ္လည္း ဆုံးရႈံးခဲ့တယ္။ အထူးသျဖင့္ တိုက္စစ္မွာ ကြၽန္ေတာ္တို႔ရဲ႕ အဓိကကစားသမား ၄ ဦးေပ်ာက္ဆုံးေနတာေၾကာင့္ပါ။ အျပဳသေဘာေဆာင္တဲ့အရာအခ်ိဳ႕လည္း ရွိခဲ့ပါတယ္”

“ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ပြဲစဥ္ထဲကို ျပန္လာေအာင္ဖို႔ ဇြဲလုံ႔လရွိမႈ အမ်ားႀကီး ျပသခဲ့လို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ပင္နယ္တီဧရိယာကို တနဂၤေႏြေန႔မွာ ပိုၿပီးေတာ့ ေကာင္းေကာင္းကာကြယ္ဖို႔ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.