Premier League

နှစ်လဆက်တိုက် အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဒေါက်တာလေး

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီးကတည်းက အကောင်းဆုံးပုံစံ ရရှိနေတဲ့ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်က ပေးအပ်တဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပြီး တစ်ပွဲ ပျမ်းမျှသွင်းဂိုး ဝ.၅၆ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယမန်နေ့ညက ရီးရဲလ်ဘက်တစ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း မန်ချက်စတာယူနိုက်တက်အတွက် အဖွင့်ဂိုးကို ပင်နယ်တီဧရိယာထဲမှာ အလွန်ကောင်းမွန်တဲ့ အပြင်းကန်ချက်နဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်က ပေးအပ်တဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ပေးအပ်တဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကစားသမားဘဝတလျှောက်လုံး မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပဲ ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် စုစုပေါင်း ၃၄၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁၉ ဂိုးသွင်းယူထားသူဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်က တွစ်တာလူမှုကွန်ရက်ပေါ်ကနေ အားလုံးကို သတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်။

“မန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို နောက်ထပ်တစ်ကြိမ်ရရှိခဲ့တာက လေပေါ်မြောက်တက်သွားသလိုပဲ။ ကျွန်တော့် အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့တွေ မရှိဘဲနဲ့ အဲဒါကို လုပ်နိုင်ခဲ့မှာမဟုတ်ပါဘး။ စိတ်ပျက်စရာတွေက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ပြီး အာရုံစိုက်နေသရွေ့၊ ဆက်ပြီး စုစည်းနေသရွေ့ အမှောင်ရဲ့အဆုံးမှာ အလင်းရောင်ကို ကျွန်တော်တို့ အမြဲတမ်း မြင်တွေ့ရပါလိမ့်မယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့အတူ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကလည်း အိုးထရက်ဖို့ဒ်မှာ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖေဖော်ဝါရီလအတွက် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ကမာၻ႔ဖလားအၿပီးကတည္းက အေကာင္းဆုံးပုံစံ ရရွိေနတဲ့ကစားသမားျဖစ္ၿပီး ပရီးမီးယားလိဂ္က ေပးအပ္တဲ့ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၅ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၄ ဂိုးအထိ သြင္းယူေပးထားတဲ့ ကစားသမားျဖစ္ၿပီး တစ္ပြဲ ပ်မ္းမွ်သြင္းဂိုး ဝ.၅၆ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ယမန္ေန႔ညက ရီးရဲလ္ဘက္တစ္ကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း မန္ခ်က္စတာယူႏိုက္တက္အတြက္ အဖြင့္ဂိုးကို ပင္နယ္တီဧရိယာထဲမွာ အလြန္ေကာင္းမြန္တဲ့ အျပင္းကန္ခ်က္နဲ႔ ဂိုးသြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္က ေပးအပ္တဲ့ ေဖေဖာ္ဝါရီလအတြက္ တစ္လတာ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က ေပးအပ္တဲ့ တစ္လတာအေကာင္းဆုံးကစားသမားဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ကစားသမားဘဝတေလွ်ာက္လုံး မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ပဲ ကစားေပးခဲ့သူျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၀ ျပည့္ေျမာက္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနတာ ျဖစ္ပါတယ္။

အဂၤလန္ၾကယ္ပြင့္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ စုစုေပါင္း ၃၄၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁၉ ဂိုးသြင္းယူထားသူျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္ ရက္ရွ္ဖို႔ဒ္က တြစ္တာလူမႈကြန္ရက္ေပၚကေန အားလုံးကို သတင္းစကားေပးပို႔ခဲ့တာျဖစ္ပါတယ္။

“မန္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ေနာက္ထပ္တစ္ႀကိမ္ရရွိခဲ့တာက ေလေပၚေျမာက္တက္သြားသလိုပဲ။ ကြၽန္ေတာ့္ အသင္းေဖာ္ေတြနဲ႔ နည္းျပအဖြဲ႕ေတြ မရွိဘဲနဲ႔ အဲဒါကို လုပ္ႏိုင္ခဲ့မွာမဟုတ္ပါဘး။ စိတ္ပ်က္စရာေတြက ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဆက္ၿပီး အာ႐ုံစိုက္ေနသေ႐ြ႕၊ ဆက္ၿပီး စုစည္းေနသေ႐ြ႕ အေမွာင္ရဲ႕အဆုံးမွာ အလင္းေရာင္ကို ကြၽန္ေတာ္တို႔ အၿမဲတမ္း ျမင္ေတြ႕ရပါလိမ့္မယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ကလည္း အိုးထရက္ဖို႔ဒ္မွာ လုပ္ေဆာင္ေနတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြေၾကာင့္ ေဖေဖာ္ဝါရီလအတြက္ အေကာင္းဆုံးနည္းျပဆုကို ရရွိခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.