Premier League

ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့ထဲက ဘယ်သူကပိုကောင်းလဲ ဆုံးဖြတ်ခဲ့တဲ့ အာဆင်နယ်ဂန္တဝင်

အာဆင်နယ်ဂန္တဝင်နောက်ခံလူ မာတင် ကီယွန်က ဝီလီယံ ဆာလီဘာကို ချီးကျူးပြောဆိုခဲ့ပြီး ပြင်သစ်နောက်ခံလူက ဂါဘရီယဲလ် မာဂါလိုင်စ်ထက်ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ကြာသပတေးနေ့ညက စပို့တင်း လစ္စဘွန်းအိမ်ကွင်းမှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ကို ရရှိခဲ့တာဖြစ်ပြီး အာတီတာက ကစားသမားအများစုရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ပေမယ့် ဆာလီဘာနဲ့ပတ်သက်ပြီး ဝမ်းမြောက်ခဲ့မှာ ဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူဟာ ကြာသပတေးနေ့ညက စပို့တင်း လစ္စဘွန်းနဲ့ပွဲစဉ်မှာ ကွင်းအတွင်း အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပြီး အာတီတာဟာ ခီဗီယောကို ပြင်သစ်နောက်ခံလူနဲ့အတူ ပွဲဦးထွက်ပါဝင်ကစားခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်နောက်ခံလူဟာ ပွဲဦးထွက်မှာ ရုန်းကန်ခဲ့ရပြီး စပို့တင်း လစ္စဘွန်းအသင်း ရရှိသွားခဲ့တဲ့ ပထမဂိုးအတွက် တစ်စိတ်တပိုင်း အပြစ်ရှိခဲ့သလို ပွဲကစားချိန် အများစုမှာလည်း ယုံကြည်မှု မရှိတဲ့ပုံစံပေါက်နေခဲ့တာ ဖြစ်ပါတယ်။

ခီဗီယောရဲ့ ခံစစ်တွဲဖက်ဖြစ်တဲ့ ဆာလီဘာကတော့ လုံးဝကို မတူညီတဲ့ အဆင့်အတန်းမှာ ရှိနေခဲ့တာ ဖြစ်ပြီး ပြင်သစ်နောက်ခံလူဟာ ပွဲစဉ်တလျှောက်လုံး အမှားလုပ်မိတာမျိုး မရှိသလောက် ရှားပါးခဲ့သလို အသင်းအတွက် ဂိုးသွင်းယူပေးပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ပြသခဲ့တာ ဖြစ်ပါတယ်။

မာတင် ကီယွန်က ဆာလီဘာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အထင်ကြီးတာထက်တောင် ကျော်လွန်ခဲ့ပြီး ပွဲအပြီးမှာ အာဆင်နယ်နောက်ခံလူကိုချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ “ဆာလီဘာနဲ့ပတ်သက်ပြီး စကားလုံးတစ်လုံးပဲ ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဝယ်ယူခဲ့ပြီး ၃ ရာသီလောက် အငှားချခံခဲ့ရတဲ့ ကစားသမားတစ်ယောက်က ‘ငါက အာဆင်နယ်ကစားသမားရော တကယ်ဖြစ်လာပါ့မလား’ဆိုပြီး ခင်ဗျား တွေးမှာပဲ။ ဒါက အဆင်နယ်ကစားသမားအဖြစ်နဲ့ သူ့ရဲ့ ပထမဆုံးရာသီဖြစ်ပြီး ဒီရာသီပထမဆုံးပွဲဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်”

“သူက အဲဒီကတည်းက အရမ်းကောင်းမွန်နေခဲ့တယ်။ သူက ရုပ်ပိုင်းဆိုင်ရာမှာ ကြီးထွားလာနေပြီး သူ ပြောတာကို နားထောင်ကြည့်ပါ။ ဒီည သူ သွင်းခဲ့တဲ့ဂိုး၊ သူ့ရဲ့ စွမ်းဆောင်ရည်က ဗဟိုနောက်ခံလူ စစ်စစ်လို့ ကျွန်တော် ထင်တယ်။ သူနဲ့ ဂါဘရီယဲလ်တို့က အရမ်းကောင်းတဲ့ အတွဲကို တည်ဆောက်နိုင်ခဲ့တယ်။ သူက ဂါဘရီယဲလ်ထက် သာတယ်လို့ ကျွန်တော် ထင်တယ်။ သူက ခင်ဗျား လုပ်စေချင်တဲ့အရာအားလုံးကို လုပ်နေတယ်။ သူ နောက်တစ်ဆင့်ကို ရောက်ချင်ပြီး ဆာလောင်မှု၊ တာဝန်ယူမှုရှိတယ်။ သူက အခြေအနေတိုင်းအတွက် အရာအားလုံးကို ပေးခဲ့တယ်။ သူက အရမ်းကို တည်ငြိမ်တယ်။ အားကောင်းတယ်”

“နောက်ထပ်ပြောရရင် သူ့မှာ မြန်နှုန်းကလည်း ရှိတယ်။ သွင်းသွားတဲ့ဂိုးကို ကြည့်ပါ။ တိုနီ အဒမ်စ်က တည်ကန်ဘောကနေ ဂိုးသွင်းတတ်သူလို့ သိရှိခဲ့ကြပြီး သူက နောက်ထပ်တစ်ကြိမ် အဲဒီနေရာ လုပ်ဆောင်နေတယ်။ ခင်ဗျားရဲ့ ခေါင်းက ပင်နယ်တီ ဧရိယာ ၂ ခုစလုံးမှာ ဦးအောင် လုပ်တာက ကောင်းမွန်တဲ့ အလေ့အထပါ။ အဲဒါက တကယ်ကို ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်ပါ”လို့ ပြောကြားခဲ့ပါတယ်။ မာတင် ကီယွန်က ယခုရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဗဟိုခံစစ်အတွဲတွေထဲက တစ်တွဲဖြစ်တဲ့ ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့ထဲမှာ ပြင်သစ်နောက်ခံလူက လက်ရှိအချိန်မှာ ပိုမိုကောင်းမွန်တဲ့ နောက်ခံလူဖြစ်နေတယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။ မာတင် ကီယွန်က စပို့တင်းရဲ့ ပထမဂိုးအတွက် အာဆင်နယ်ဂိုးသမား မတ် တန်နာကို ပြစ်တင်ခဲ့ပြီး “သူက တကယ်ကို အားလုံးကို သတ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူ ထွက်လာမလို လုပ်ပြီးမှ မထွက်လာခဲ့လို့ပါ။ ဒါပေမယ့် ခီဗီယောလည်း ဒီထက် နည်းနည်းပိုပြီးတော့ လုပ်ခဲ့ရမှာပါ။ ကျွန်တော် ဒီလို ဂိုးသမားနဲ့သာ ပုံမှန်ကစားရမယ်ဆိုရင် ကျွန်တော် လာသမျှအလုံးကို ခေါင်းတိုက်သွားရမယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် သူ့ကို တကယ် ယုံကြည်လို့ မရပါဘူး။ သူ ထွက်လာပြီး ဘောလုံးကို လက်ဦးမှုရယူပြီး အသာစီးယူရမှာပါ။ သူ အဲဒါကို မလုပ်ခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္ေနာက္ခံလူ မာတင္ ကီယြန္က ဝီလီယံ ဆာလီဘာကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ျပင္သစ္ေနာက္ခံလူက ဂါဘရီယဲလ္ မာဂါလိုင္စ္ထက္ပိုမိုေကာင္းမြန္တဲ့ကစားသမားျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ၾကာသပေတးေန႔ညက စပို႔တင္း လစၥဘြန္းအိမ္ကြင္းမွာ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္ကို ရရွိခဲ့တာျဖစ္ၿပီး အာတီတာက ကစားသမားအမ်ားစုရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ေပမယ့္ ဆာလီဘာနဲ႔ပတ္သက္ၿပီး ဝမ္းေျမာက္ခဲ့မွာ ျဖစ္ပါတယ္။ ျပင္သစ္ေနာက္ခံလူဟာ ၾကာသပေတးေန႔ညက စပို႔တင္း လစၥဘြန္းနဲ႔ပြဲစဥ္မွာ ကြင္းအတြင္း အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ၿပီး အာတီတာဟာ ခီဗီေယာကို ျပင္သစ္ေနာက္ခံလူနဲ႔အတူ ပြဲဦးထြက္ပါဝင္ကစားခြင့္ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ပိုလန္ေနာက္ခံလူဟာ ပြဲဦးထြက္မွာ ႐ုန္းကန္ခဲ့ရၿပီး စပို႔တင္း လစၥဘြန္းအသင္း ရရွိသြားခဲ့တဲ့ ပထမဂိုးအတြက္ တစ္စိတ္တပိုင္း အျပစ္ရွိခဲ့သလို ပြဲကစားခ်ိန္ အမ်ားစုမွာလည္း ယုံၾကည္မႈ မရွိတဲ့ပုံစံေပါက္ေနခဲ့တာ ျဖစ္ပါတယ္။

ခီဗီေယာရဲ႕ ခံစစ္တြဲဖက္ျဖစ္တဲ့ ဆာလီဘာကေတာ့ လုံးဝကို မတူညီတဲ့ အဆင့္အတန္းမွာ ရွိေနခဲ့တာ ျဖစ္ၿပီး ျပင္သစ္ေနာက္ခံလူဟာ ပြဲစဥ္တေလွ်ာက္လုံး အမွားလုပ္မိတာမ်ိဳး မရွိသေလာက္ ရွားပါးခဲ့သလို အသင္းအတြက္ ဂိုးသြင္းယူေပးၿပီး ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈကို ျပသခဲ့တာ ျဖစ္ပါတယ္။

မာတင္ ကီယြန္က ဆာလီဘာရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အထင္ႀကီးတာထက္ေတာင္ ေက်ာ္လြန္ခဲ့ၿပီး ပြဲအၿပီးမွာ အာဆင္နယ္ေနာက္ခံလူကိုခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာ ျဖစ္ပါတယ္။ “ဆာလီဘာနဲ႔ပတ္သက္ၿပီး စကားလုံးတစ္လုံးပဲ ရွိတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္က ဝယ္ယူခဲ့ၿပီး ၃ ရာသီေလာက္ အငွားခ်ခံခဲ့ရတဲ့ ကစားသမားတစ္ေယာက္က ‘ငါက အာဆင္နယ္ကစားသမားေရာ တကယ္ျဖစ္လာပါ့မလား’ဆိုၿပီး ခင္ဗ်ား ေတြးမွာပဲ။ ဒါက အဆင္နယ္ကစားသမားအျဖစ္နဲ႔ သူ႔ရဲ႕ ပထမဆုံးရာသီျဖစ္ၿပီး ဒီရာသီပထမဆုံးပြဲျဖစ္တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တယ္”

“သူက အဲဒီကတည္းက အရမ္းေကာင္းမြန္ေနခဲ့တယ္။ သူက ႐ုပ္ပိုင္းဆိုင္ရာမွာ ႀကီးထြားလာေနၿပီး သူ ေျပာတာကို နားေထာင္ၾကည့္ပါ။ ဒီည သူ သြင္းခဲ့တဲ့ဂိုး၊ သူ႔ရဲ႕ စြမ္းေဆာင္ရည္က ဗဟိုေနာက္ခံလူ စစ္စစ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူနဲ႔ ဂါဘရီယဲလ္တို႔က အရမ္းေကာင္းတဲ့ အတြဲကို တည္ေဆာက္ႏိုင္ခဲ့တယ္။ သူက ဂါဘရီယဲလ္ထက္ သာတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ခင္ဗ်ား လုပ္ေစခ်င္တဲ့အရာအားလုံးကို လုပ္ေနတယ္။ သူ ေနာက္တစ္ဆင့္ကို ေရာက္ခ်င္ၿပီး ဆာေလာင္မႈ၊ တာဝန္ယူမႈရွိတယ္။ သူက အေျခအေနတိုင္းအတြက္ အရာအားလုံးကို ေပးခဲ့တယ္။ သူက အရမ္းကို တည္ၿငိမ္တယ္။ အားေကာင္းတယ္”

“ေနာက္ထပ္ေျပာရရင္ သူ႔မွာ ျမန္ႏႈန္းကလည္း ရွိတယ္။ သြင္းသြားတဲ့ဂိုးကို ၾကည့္ပါ။ တိုနီ အဒမ္စ္က တည္ကန္ေဘာကေန ဂိုးသြင္းတတ္သူလို႔ သိရွိခဲ့ၾကၿပီး သူက ေနာက္ထပ္တစ္ႀကိမ္ အဲဒီေနရာ လုပ္ေဆာင္ေနတယ္။ ခင္ဗ်ားရဲ႕ ေခါင္းက ပင္နယ္တီ ဧရိယာ ၂ ခုစလုံးမွာ ဦးေအာင္ လုပ္တာက ေကာင္းမြန္တဲ့ အေလ့အထပါ။ အဲဒါက တကယ္ကို ေကာင္းမြန္တဲ့ ေခါင္းတိုက္ခ်က္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ မာတင္ ကီယြန္က ယခုရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ဗဟိုခံစစ္အတြဲေတြထဲက တစ္တြဲျဖစ္တဲ့ ဆာလီဘာနဲ႔ ဂါဘရီယဲလ္တို႔ထဲမွာ ျပင္သစ္ေနာက္ခံလူက လက္ရွိအခ်ိန္မွာ ပိုမိုေကာင္းမြန္တဲ့ ေနာက္ခံလူျဖစ္ေနတယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။ မာတင္ ကီယြန္က စပို႔တင္းရဲ႕ ပထမဂိုးအတြက္ အာဆင္နယ္ဂိုးသမား မတ္ တန္နာကို ျပစ္တင္ခဲ့ၿပီး “သူက တကယ္ကို အားလံုးကို သတ္ခဲ့တာပါ။ ဘာလို႔လဲဆိုေတာ့ သူ ထြက္လာမလို လုပ္ၿပီးမွ မထြက္လာခဲ့လို႔ပါ။ ဒါေပမယ့္ ခီဗီေယာလည္း ဒီထက္ နည္းနည္းပိုၿပီးေတာ့ လုပ္ခဲ့ရမွာပါ။ ကၽြန္ေတာ္ ဒီလို ဂိုးသမားနဲ႔သာ ပံုမွန္ကစားရမယ္ဆိုရင္ ကၽြန္ေတာ္ လာသမွ်အလံုးကို ေခါင္းတိုက္သြားရမယ္လို႔ ေျပာရပါလိမ့္မယ္။ ကၽြန္ေတာ္ သူ႔ကို တကယ္ ယံုၾကည္လို႔ မရပါဘူး။ သူ ထြက္လာၿပီး ေဘာလံုးကို လက္ဦးမႈရယူၿပီး အသာစီးယူရမွာပါ။ သူ အဲဒါကို မလုပ္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.