Ligue1

ပီအက်စ်ဂျီ ချန်ပီယံလိဂ်က ထွက်ရလို့ အပြစ်ပုံချခံနေရတဲ့ မက်ဆီ

ပီအက်စ်ဂျီတောင်ပံကြယ်ပွင့်ဟောင်း ဂျရုန်း ရိုသမ်ဟာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးက လိဂန်းချန်ပီယံတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မထွက်ခွာရအောင် တားဆီးပေးနိုင်ခဲ့ခြင်းမရှိခဲ့တဲ့အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

လိဂန်းချန်ပီယံတွေဟာ ဗုဒ္ဓဟူးနေ့ညက အဲလီးယန့်ဇ် ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၃-၀ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအတွက် ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေထဲမှာ အပါအဝင် ဖြစ်ခဲ့တာဖြစ်ပြီး ၂ ကျော့စလုံးမှာ အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ခြင်း မရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

မြူးနစ်က လီယွန်နယ် မက်ဆီရဲ့ စိတ်ပျက်စရာကောင်းတဲ့စွမ်းဆောင်ရည်ကြောင် ဂျရုန်း ရိုသမ်က ပီအကစ်ဂျီအသင်းအတွက် ဘလွန်ဒေါ ၇ ဆုရှင်ရဲ့ ပေးဆပ်ကစားမှုအပေါ် မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး ပြင်သစ်တောင်ပံကစားသားဟောင်းက အာဂျင်တီးနားတိုက်စစ်မှူးက ပရိသတ်တွေကို မလေးမစားလုပ်နေတာလို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရိုသမ်က လီယွန်နယ် မက်ဆီအနေနဲ့ မျှော်မှန်းထားတဲ့အတိုင်း လုပ်ဆောင်ပြနိုင်ခြင်း မရှိတာကြောင့် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့လည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“နှုတ်ဆက်ပါတယ် လီယို။ ပြန်သွားလိုက်ပါတော့။ ဘယ်နေရာလဲတော့ ကျွန်တော် မသိဘူး။ ခင်ဗျားအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီမှာတော့ မဟုတ်ဘူး။ မက်ဆီနဲ့ပတ်သက်ပြီး ဒီလိုပြောရတာက ဆိုးရွားပါတယ်။ ကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူရောက်လာကတည်းက စိတ်ပျက်ခဲ့တာပါ။ ကျွန်တော် သူ့ကို အရမ်းကောင်းတဲ့ကစားသမားအဖြစ် သတ်မှတ်ခဲ့တာပါ။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားအဖြစ်ပါ”

“ကျွန်တော် ဒီအသင်းရဲ့ ပရိသတ်တစ်ယောက်အဖြစ်နဲ့ သူ့ဆီကနေ တစ်စုံတရာကို မျှော်မှန်းခဲ့တာဖြစ်ပြီး အဲဒါက ပေးဆပ်ကစားမှုပါ။ သူက သူ့ရဲ့ ပေးဆပ်ကစားမှု၊ သူ့ပုံရိပ်၊ သူ လုပ်ခဲ့တဲ့ အားထုတ်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ မျက်နှာတွေကို ပြုံးပျော်စေခဲ့တယ်။ အနည်းဆုံး ပေးဆပ်ကစားမှု အဆင့်အတန်းတစ်ခုတော့ လိုအပ်တယ်။ ပွဲကြီးတွေမှာ ပိုတောင်လိုသေးတယ်”

“လီယွန်နယ် မက်ဆီကို ခေါ်ခဲ့တက ပီအက်စ်ဂျီအသင်းကို ပွဲကြီးပွဲကောင်းတွေမှာ အပြောင်းအလဲတွေ လုပ်နိုင်အောင်ပါ။ ကျွန်တော် သူ့ကို ဘာစီလိုနာတုန်းကလိုမျိုး စိတ်ဆန္ဒရှိဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အရမ်းကို စိတ်ပျက်မိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီေတာင္ပံၾကယ္ပြင့္ေဟာင္း ဂ်႐ုန္း ႐ိုသမ္ဟာ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးက လိဂန္းခ်န္ပီယံေတြကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန မထြက္ခြာရေအာင္ တားဆီးေပးႏိုင္ခဲ့ျခင္းမရွိခဲ့တဲ့အတြက္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

လိဂန္းခ်န္ပီယံေတြဟာ ဗုဒၶဟူးေန႔ညက အဲလီးယန႔္ဇ္ ကြင္းမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၃-၀ နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအတြက္ ႐ုန္းကန္ခဲ့ရတဲ့ ကစားသမားေတြထဲမွာ အပါအဝင္ ျဖစ္ခဲ့တာျဖစ္ၿပီး ၂ ေက်ာ့စလုံးမွာ အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ျခင္း မရွိခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ျမဴးနစ္က လီယြန္နယ္ မက္ဆီရဲ႕ စိတ္ပ်က္စရာေကာင္းတဲ့စြမ္းေဆာင္ရည္ေၾကာင္ ဂ်႐ုန္း ႐ိုသမ္က ပီအကစ္ဂ်ီအသင္းအတြက္ ဘလြန္ေဒါ ၇ ဆုရွင္ရဲ႕ ေပးဆပ္ကစားမႈအေပၚ ေမးခြန္းထုတ္ခဲ့တာျဖစ္ၿပီး ျပင္သစ္ေတာင္ပံကစားသားေဟာင္းက အာဂ်င္တီးနားတိုက္စစ္မႉးက ပရိသတ္ေတြကို မေလးမစားလုပ္ေနတာလို႔ စြပ္စြဲခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ႐ိုသမ္က လီယြန္နယ္ မက္ဆီအေနနဲ႔ ေမွ်ာ္မွန္းထားတဲ့အတိုင္း လုပ္ေဆာင္ျပႏိုင္ျခင္း မရွိတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာဖို႔လည္း ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

“ႏႈတ္ဆက္ပါတယ္ လီယို။ ျပန္သြားလိုက္ပါေတာ့။ ဘယ္ေနရာလဲေတာ့ ကြၽန္ေတာ္ မသိဘူး။ ခင္ဗ်ားအတြက္ အေကာင္းဆုံးျဖစ္ပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းေပးပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီမွာေတာ့ မဟုတ္ဘူး။ မက္ဆီနဲ႔ပတ္သက္ၿပီး ဒီလိုေျပာရတာက ဆိုး႐ြားပါတယ္။ ကြၽန္ေတာ္က ဘာေကာင္မွမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ သူေရာက္လာကတည္းက စိတ္ပ်က္ခဲ့တာပါ။ ကြၽန္ေတာ္ သူ႔ကို အရမ္းေကာင္းတဲ့ကစားသမားအျဖစ္ သတ္မွတ္ခဲ့တာပါ။ ကမာၻေပၚက အေကာင္းဆုံးကစားသမားအျဖစ္ပါ”

“ကြၽန္ေတာ္ ဒီအသင္းရဲ႕ ပရိသတ္တစ္ေယာက္အျဖစ္နဲ႔ သူ႔ဆီကေန တစ္စုံတရာကို ေမွ်ာ္မွန္းခဲ့တာျဖစ္ၿပီး အဲဒါက ေပးဆပ္ကစားမႈပါ။ သူက သူ႔ရဲ႕ ေပးဆပ္ကစားမႈ၊ သူ႔ပုံရိပ္၊ သူ လုပ္ခဲ့တဲ့ အားထုတ္မႈေတြနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ မ်က္ႏွာေတြကို ၿပဳံးေပ်ာ္ေစခဲ့တယ္။ အနည္းဆုံး ေပးဆပ္ကစားမႈ အဆင့္အတန္းတစ္ခုေတာ့ လိုအပ္တယ္။ ပြဲႀကီးေတြမွာ ပိုေတာင္လိုေသးတယ္”

“လီယြန္နယ္ မက္ဆီကို ေခၚခဲ့တက ပီအက္စ္ဂ်ီအသင္းကို ပြဲႀကီးပြဲေကာင္းေတြမွာ အေျပာင္းအလဲေတြ လုပ္ႏိုင္ေအာင္ပါ။ ကြၽန္ေတာ္ သူ႔ကို ဘာစီလိုနာတုန္းကလိုမ်ိဳး စိတ္ဆႏၵရွိဖို႔ ေတာင္းဆိုေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ အရမ္းကို စိတ္ပ်က္မိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.