Ligue1

ဘိုင်ယန်နဲ့ပွဲက မက်ဆီရဲ့ ခြေစွမ်းကို မညှာမတာ ရမှတ်သတ်မှတ်ခဲ့တဲ့ ပြင်သစ်သတင်းဌာနကြီး

ပီအက်စ်ဂျီကြယ်ပွင့်တွေဟာ L’Equiped ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး ခီလီယန် အမ်ဘာပေနဲ့ လီယွန်နယ် မက်ဆီတို့လို ကစားသမားတွေကို ပြင်သစ်သတင်းဌာနကြီးက အဆင့်သတ်မှတ်ချက်မှာ တော်တော်ဆိုးဆိုးရွားရွား သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဗုဒ္ဓဟူးနေ့ညက မြူးနစ်မှာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်လိဂန်းထိပ်သီးအသင်းကြီးဟာ တိုက်စစ်မှာ လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့လို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို ပွဲထွက်ကစားစေခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်တွေဟာ ပွဲအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းမရှိခဲ့တာကြောင့် L’Equipe ကလည်း ကစားသမားတွေကို ရမှတ်သတ်မှတ်ချက်မှာ မညှာမတာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သတင်းဌာနကြီးက လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့ ၂ ဦးစလုံးအတွက် ရမှတ် သတ်မှတ်ချက်မှာ ၁၀ မှတ်ထဲက ၃ မှတ်သာ ပေးခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး “မက်ဆီရဲ့စွမ်းဆောင်ရည်က အရမ်းကို အားနည်းခဲ့ပြီး ဒီလို အရေးပါတဲ့ပွဲစဉ်အတွင်းမှာ အရမ်းစိတ်ပျက်စရာကောင်းခဲ့တယ်။ သူက အရမ်း စိတ်ပျက်စရာကောင်းပါတယ်”လို့ L’Equipe က ရေးသားခဲ့တာဖြစ်ပါတယ်။

ကလောင်ရှင် ဗင်းဆင့် ဒူးလက်စ်ကလည်း “ပီအက်စ်ဂျီမှာက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်လောက် ရောက်လာရင်ကို ရှုံးတာက အစဉ်အလာလိုဖြစ်နေပြီ”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်ကလောင်ရှင်တစ်ဦးကလည်း “ပီအက်စ်ဂျီက မြူးနစ်မှာ ရလဒ်ကို ပြောင်းပြန်လှန်နိုင်မယ်ဆိုတဲ့ ခံစားမှုမျိုး ဘယ်တုန်းကမှ မပေးနိုင်ခဲ့ပါဘူး။ မက်ဆီနဲ့ အမ်ဘာပေတို့က လုံးဝကို ဘာမှမလုပ်နိုင်ခဲ့ဘဲ ပီအက်စ်ဂျီက နောက်ထပ်တစ်ကြိမ် သာမန်အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ လွှမ်းမိုးခြင်းကို ခံခဲ့ရပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မြူးနစ်မှာ ကစားခဲ့တဲ့ ပထမပိုင်းပွဲကစားချိန်အတွင်း ဘိုင်ယန်မြူးနစ်ဂိုးသမား ယန်း ဆွန်းမားရဲ့ ဆိုးရွားတဲ့အမှားကနေ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းခွင့် ရရှိခဲ့ပေမယ့်လည်း ဗီတင်ညာရဲ့ ဂိုးကန်သွင်းချက်ကို ဒီလိုက်တ်က ဂိုးစည်းပေါ်က အံ့အားသင့်ဖွယ် ရှင်းထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္ေတြဟာ L’Equiped ရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရၿပီး ခီလီယန္ အမ္ဘာေပနဲ႔ လီယြန္နယ္ မက္ဆီတို႔လို ကစားသမားေတြကို ျပင္သစ္သတင္းဌာနႀကီးက အဆင့္သတ္မွတ္ခ်က္မွာ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဗုဒၶဟူးေန႔ညက ျမဴးနစ္မွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂ ေက်ာ့ေပါင္း ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကေန လွည့္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။

ျပင္သစ္လိဂန္းထိပ္သီးအသင္းႀကီးဟာ တိုက္စစ္မွာ လီယြန္နယ္ မက္ဆီနဲ႔ အမ္ဘာေပတို႔လို ကမာၻ႔အဆင့္ တိုက္စစ္မႉးေတြကို ပြဲထြက္ကစားေစခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီၾကယ္ပြင့္ေတြဟာ ပြဲအေပၚမွာ လႊမ္းမိုးႏိုင္စြမ္းမရွိခဲ့တာေၾကာင့္ L’Equipe ကလည္း ကစားသမားေတြကို ရမွတ္သတ္မွတ္ခ်က္မွာ မညႇာမတာ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္သတင္းဌာနႀကီးက လီယြန္နယ္ မက္ဆီနဲ႔ အမ္ဘာေပတို႔ ၂ ဦးစလုံးအတြက္ ရမွတ္ သတ္မွတ္ခ်က္မွာ ၁၀ မွတ္ထဲက ၃ မွတ္သာ ေပးခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး “မက္ဆီရဲ႕စြမ္းေဆာင္ရည္က အရမ္းကို အားနည္းခဲ့ၿပီး ဒီလို အေရးပါတဲ့ပြဲစဥ္အတြင္းမွာ အရမ္းစိတ္ပ်က္စရာေကာင္းခဲ့တယ္။ သူက အရမ္း စိတ္ပ်က္စရာေကာင္းပါတယ္”လို႔ L’Equipe က ေရးသားခဲ့တာျဖစ္ပါတယ္။

ကေလာင္ရွင္ ဗင္းဆင့္ ဒူးလက္စ္ကလည္း “ပီအက္စ္ဂ်ီမွာက ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ေလာက္ ေရာက္လာရင္ကို ရႈံးတာက အစဥ္အလာလိုျဖစ္ေနၿပီ”လို႔ ေရးသားခဲ့ပါတယ္။

ေနာက္ထပ္ကေလာင္ရွင္တစ္ဦးကလည္း “ပီအက္စ္ဂ်ီက ျမဴးနစ္မွာ ရလဒ္ကို ေျပာင္းျပန္လွန္ႏိုင္မယ္ဆိုတဲ့ ခံစားမႈမ်ိဳး ဘယ္တုန္းကမွ မေပးႏိုင္ခဲ့ပါဘူး။ မက္ဆီနဲ႔ အမ္ဘာေပတို႔က လုံးဝကို ဘာမွမလုပ္ႏိုင္ခဲ့ဘဲ ပီအက္စ္ဂ်ီက ေနာက္ထပ္တစ္ႀကိမ္ သာမန္အသင္းတစ္သင္းျဖစ္လာခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ လႊမ္းမိုးျခင္းကို ခံခဲ့ရပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ျမဴးနစ္မွာ ကစားခဲ့တဲ့ ပထမပိုင္းပြဲကစားခ်ိန္အတြင္း ဘိုင္ယန္ျမဴးနစ္ဂိုးသမား ယန္း ဆြန္းမားရဲ႕ ဆိုး႐ြားတဲ့အမွားကေန အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းခြင့္ ရရွိခဲ့ေပမယ့္လည္း ဗီတင္ညာရဲ႕ ဂိုးကန္သြင္းခ်က္ကို ဒီလိုက္တ္က ဂိုးစည္းေပၚက အံ့အားသင့္ဖြယ္ ရွင္းထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.