Other Leagues

မမြင်တွေ့ချင်တဲ့မျက်နှာနဲ့ ပြန်လည်ဆုံစည်းရဦးမယ့် ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့မှာ အယ်လ် နာဆာရှပ်နဲ့ အကြီးမားဆုံးပွဲစဉ်အဖြစ် ကစားရမယ့်ပွဲစဉ်မှာ ရင်းနှီးပြီးသား မျက်နှာတစ်ခုကို ပြန်လည်မြင်တွေ့ရမယ်လို့ သိရပါတယ်။

အယ်လ်နာဆာဟာ ကြာသပတေးနေ့မှာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားထိပ်ဆုံးတိုက်ပွဲအဖြစ် အယ်လ် အစ်တီဟတ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့အသင်းက ၁၉ ပွဲကစားပြီးနောက် ၂ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပြိးနောက် အယ်လ်နာဆာအသင်းအတွက် ပထမဆုံး ၆ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပေးထားပြီး အရှေ့အလယ်ပိုင်းမှာ ကောင်းမွန်တဲ့ကစားသမားဘဝ စတင်မှုကို ဆက်လက် ပြသသွားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဆော်ဒီ စူပါကလက်စီကိုပွဲစဉ်လို့ ပြောရလောက်အောင် ကြီးမားတဲ့ပွဲစဉ်ကို King Abdullah Sports City ကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပေမယ့် စိတ်ဝင်စားစရာကောင်းတာက အဲဒီပွဲစဉ်ကို စပိန်လူမျိုးနည်းပြ မက်တဲအူ လားဟို့ဇ်က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

လားဟို့ဇ်ဟာ ၂၀၁၈-၂၀၁၉ ရာသီနဲ့ ၂၀၁၉-၂၀၂၀ ရာသီမှာ ၂ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ အဝါကတ် ၈ ကတ်နဲ့ အနီကတ် ၃ ကတ်အထိ ပြသခဲ့သူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားနဲ့ နယ်သာလန်တို့ပွဲမှာ အဝါကတ် ၁၈ ကတ်နဲ့ ဒန်ဇယ် ဒမ်ဖရီးစ်ကို အနီကတ်ပြသခဲ့ပြီးနောက် ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ဖီဖာကို လားဟို့ဇ်ရဲ့ အနေအထားကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပြီး စပိန်လူမျိုးနည်းပြဟာ ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲ ကစားဖို့ ကျန်ရှိနေသေးချိန်မှာ အိမ်ပြန်ပို့ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ လားဟို့ဇ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ အဝါကတ် ၁၅ ကတ်နဲ့ အနီကတ် ၂ ကတ်ပြသခဲ့ပြီးနောက် အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ လာမယ့်ပွဲစဉ်တွေကို တာဝန်ပေးထားရာကနေ ဖယ်ရှားခြင်းခံခဲ့ရပြီး ရာသီကုန်မှာ ဒိုင်လူကြီးလောကကနေ အနားယူတော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လားဟို့ဇ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပွဲစဉ်တွေကိုလည်း အကြိမ်ပေါင်းများစွာ တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က တစ်ခါတုန်းကဆိုရင် ၎င်းရဲ့ ငယ်ပါကို ဆုပ်ကိုင်ပြီး ‘ဟေး မက်တဲအူ။ မင်း ဒါကို ကြိုက်တယ်မလား။ ဟုတ်လား။ ခင်ဗျား ကြိုက်လား”လို့တောင် အော်ဟစ်ခဲ့ဖူးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လားဟို့ဇ်နဲ့ ရော်နယ်လ်ဒိုတို့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားတဲ့ဓာတ်ပုံကို မြင်တွေ့ခဲ့တာကြောင့် အယ်လ် အစ်တီဟတ်ပရိသတ်အချို့က ပေါ်တူဂီကြယ်ပွင့်ဘက်ကနေ ဘက်လိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၾကာသပေတးေန႔မွာ အယ္လ္ နာဆာရွပ္နဲ႔ အႀကီးမားဆုံးပြဲစဥ္အျဖစ္ ကစားရမယ့္ပြဲစဥ္မွာ ရင္းႏွီးၿပီးသား မ်က္ႏွာတစ္ခုကို ျပန္လည္ျမင္ေတြ႕ရမယ္လို႔ သိရပါတယ္။

အယ္လ္နာဆာဟာ ၾကာသပေတးေန႔မွာ ေဆာ္ဒီပ႐ိုလိဂ္ အမွတ္ေပးဇယားထိပ္ဆုံးတိုက္ပြဲအျဖစ္ အယ္လ္ အစ္တီဟတ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕အသင္းက ၁၉ ပြဲကစားၿပီးေနာက္ ၂ မွတ္အသာနဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ဇန္နဝါရီမွာ အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပိးေနာက္ အယ္လ္နာဆာအသင္းအတြက္ ပထမဆုံး ၆ ပြဲမွာ ၈ ဂိုးအထိ သြင္းယူေပးထားၿပီး အေရွ႕အလယ္ပိုင္းမွာ ေကာင္းမြန္တဲ့ကစားသမားဘဝ စတင္မႈကို ဆက္လက္ ျပသသြားဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

ေဆာ္ဒီ စူပါကလက္စီကိုပြဲစဥ္လို႔ ေျပာရေလာက္ေအာင္ ႀကီးမားတဲ့ပြဲစဥ္ကို King Abdullah Sports City ကြင္းမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ေပမယ့္ စိတ္ဝင္စားစရာေကာင္းတာက အဲဒီပြဲစဥ္ကို စပိန္လူမ်ိဳးနည္းျပ မက္တဲအူ လားဟို႔ဇ္က တာဝန္ယူကိုင္တြယ္သြားမွာျဖစ္ပါတယ္။

လားဟို႔ဇ္ဟာ ၂၀၁၈-၂၀၁၉ ရာသီနဲ႔ ၂၀၁၉-၂၀၂၀ ရာသီမွာ ၂ ပြဲ တာဝန္ယူကိုင္တြယ္ခဲ့ရာမွာ အဝါကတ္ ၈ ကတ္နဲ႔ အနီကတ္ ၃ ကတ္အထိ ျပသခဲ့သူျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အာဂ်င္တီးနားနဲ႔ နယ္သာလန္တို႔ပြဲမွာ အဝါကတ္ ၁၈ ကတ္နဲ႔ ဒန္ဇယ္ ဒမ္ဖရီးစ္ကို အနီကတ္ျပသခဲ့ၿပီးေနာက္ ေဝဖန္မႈေတြ အျပင္းအထန္ ခံခဲ့ရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ဖီဖာကို လားဟို႔ဇ္ရဲ႕ အေနအထားကို ျပန္လည္သုံးသပ္ဖို႔ ေတာင္းဆိုခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပဟာ ကမာၻ႔ဖလားပြဲစဥ္ ၄ ပြဲ ကစားဖို႔ က်န္ရွိေနေသးခ်ိန္မွာ အိမ္ျပန္ပို႔ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ လားဟို႔ဇ္ဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ အယ္လ္ကလက္စီကိုပြဲစဥ္မွာ အဝါကတ္ ၁၅ ကတ္နဲ႔ အနီကတ္ ၂ ကတ္ျပသခဲ့ၿပီးေနာက္ အလားတူ အေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရဖူးသူ ျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းမွာ လာမယ့္ပြဲစဥ္ေတြကို တာဝန္ေပးထားရာကေန ဖယ္ရွားျခင္းခံခဲ့ရၿပီး ရာသီကုန္မွာ ဒိုင္လူႀကီးေလာကကေန အနားယူေတာ့မယ္ဆိုတဲ့ ေျပာဆိုမႈေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ လားဟို႔ဇ္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ပြဲစဥ္ေတြကိုလည္း အႀကိမ္ေပါင္းမ်ားစြာ တာဝန္ယူကိုင္တြယ္ခဲ့သူျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က တစ္ခါတုန္းကဆိုရင္ ၎ရဲ႕ ငယ္ပါကို ဆုပ္ကိုင္ၿပီး ‘ေဟး မက္တဲအူ။ မင္း ဒါကို ႀကိဳက္တယ္မလား။ ဟုတ္လား။ ခင္ဗ်ား ႀကိဳက္လား”လို႔ေတာင္ ေအာ္ဟစ္ခဲ့ဖူးတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လားဟို႔ဇ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္ထားတဲ့ဓာတ္ပုံကို ျမင္ေတြ႕ခဲ့တာေၾကာင့္ အယ္လ္ အစ္တီဟတ္ပရိသတ္အခ်ိဳ႕က ေပၚတူဂီၾကယ္ပြင့္ဘက္ကေန ဘက္လိုက္မႈေတြ ရွိလာမွာကို စိုးရိမ္ေနတယ္ဆိုတဲ့ ေျပာဆိုမႈေတြလည္း ရွိေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.