UCL&UEL

ဘက်တစ်ကို ၄-၁ နဲ့ အနိုင်ရနေချိန်မှာ နောက်ထပ် ၃ ဂိုးသွင်းခိုင်းခဲ့တဲ့ တန်ဟက်

ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲလ်ဘက်တစ်အသင်းကို ၄-၁ နဲ့ ဦးဆောင်နေချိန်မှာ အဲရစ် တန်ဟက်က လီဗာပူးလ်ကို ၇-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ရည်ညွှန်းခဲ့တယ်လို့ ဟာသဖောက်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာလီဂါကလပ်အသင်းကို ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ သက်တောင့်သက်သာ နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဘရူနို ဖာနန်ဒက်စ်၊ ဗက်ဟော့စ်တို့က သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်းဖီးမှာ အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံး ရှုံးနိမ့်မှုကို အားကောင်းတဲ့ပုံစံနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပြီး တန်ဟက်ဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် ကစားသမားတွေကို ပရော်ဖက်ရှင်နယ်မပီသသူတွေလို့ ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

ကိုဒီ ဂက်ခ်ပို၊ ဒါဝင် နူးညက်ဇ်၊ မိုဟာမက် ဆာလားတို့ ၃ ဦးစလုံးက ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြပြီး ရောဘတ်တို ဖာမီနိုက မန်ချက်စတာယူနိုက်တက်အတွက် ပိုလို့တောင် ခါးသီးတဲ့ ရှုံးပွဲဖြစ်စေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ဘက်တစ်ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်း ၇-၀ နဲ့ အပြတ်အသတ် အနိုင်ယူခံခဲ့ရတာနဲ့ပတ်သက်ပြီး လှောင်ပြောင်မှုတွေ ရှိခဲ့ကြတာဖြစ်ပြီး မန်ယူနိုက်တက် ၄-၁ နဲ့ ဦးဆောင်နေချိန်မှာ ရုပ်သံကင်မရာတွေက နည်းပြ တန်ဟက်က လက် ၃ ချောင်းထောင်ပြနေတဲ့ အမူအရာကို ရိုက်ကူးပြခဲ့တာဖြစ်ပြီး အများစုက ဒတ်ချ်လူမျိုးနည်းပြက အသင်းကို နောက်ထပ် ၃ ဂိုး သွင်းယူဖို့ ပြောဆိုခဲ့တာလို့ ထင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

“အဲရစ် တန်ဟက်က ကစားသမားတွေကို သူ့ကို ၃ ဂိုးအကြွေးတင်နေသေးတယ်လို့ ပြောနေတာ”လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကြီးမားတဲ့အခွင့်အရေး ၉ ကြိမ်မှာ ၇ ကြိမ်လွဲချော်ခဲ့တယ်။ သူတို့တွေ သူ့ကို ဒီဂိုးတွေ အကြွေးတင်နေတယ်လို့ ခံစားနေရတာ မှန်တယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အမှန်တိုင်းပြောရရင် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ကြယ်ပွင့်ကစားသမားတွေကို အရန်ခုံပို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြဟာ ၎င်းရဲ့ ကစားသမားတွေကို ဘယ်လို ဖိအားပေးရမယ်၊ ကွင်းလယ်မှာ ဘယ်နှယောက်ရှိနေရမယ်ဆိုတာကို နည်းဗျူဟာပိုင်း ညွှန်ကြားချက်တွေ အော်ဟစ်ပြောဆိုနေတာ ဖြစ်ဖို့များပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရိသတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ရီးရဲလ္ဘက္တစ္အသင္းကို ၄-၁ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ အဲရစ္ တန္ဟက္က လီဗာပူးလ္ကို ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို ရည္ၫႊန္းခဲ့တယ္လို႔ ဟာသေဖာက္ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လာလီဂါကလပ္အသင္းကို ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္မွာ သက္ေတာင့္သက္သာ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္၊ အန္တိုနီ၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဗက္ေဟာ့စ္တို႔က သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အန္းဖီးမွာ အသင္းသမိုင္းတေလွ်ာက္ အဆိုး႐ြားဆုံး ရႈံးနိမ့္မႈကို အားေကာင္းတဲ့ပုံစံနဲ႔ တုံ႔ျပန္ခဲ့တာျဖစ္ၿပီး တန္ဟက္ဟာ အသင္းရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ကစားသမားေတြကို ပေရာ္ဖက္ရွင္နယ္မပီသသူေတြလို႔ ျပင္းျပင္းထန္ထန္ ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

ကိုဒီ ဂက္ခ္ပို၊ ဒါဝင္ ႏူးညက္ဇ္၊ မိုဟာမက္ ဆာလားတို႔ ၃ ဦးစလုံးက ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၾကၿပီး ေရာဘတ္တို ဖာမီႏိုက မန္ခ်က္စတာယူႏိုက္တက္အတြက္ ပိုလို႔ေတာင္ ခါးသီးတဲ့ ရႈံးပြဲျဖစ္ေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္ဘက္တစ္ပရိသတ္ေတြဟာ မန္ခ်က္စတာယူႏိုက္တက္အသင္း ၇-၀ နဲ႔ အျပတ္အသတ္ အႏိုင္ယူခံခဲ့ရတာနဲ႔ပတ္သက္ၿပီး ေလွာင္ေျပာင္မႈေတြ ရွိခဲ့ၾကတာျဖစ္ၿပီး မန္ယူႏိုက္တက္ ၄-၁ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ ႐ုပ္သံကင္မရာေတြက နည္းျပ တန္ဟက္က လက္ ၃ ေခ်ာင္းေထာင္ျပေနတဲ့ အမူအရာကို ႐ိုက္ကူးျပခဲ့တာျဖစ္ၿပီး အမ်ားစုက ဒတ္ခ်္လူမ်ိဳးနည္းျပက အသင္းကို ေနာက္ထပ္ ၃ ဂိုး သြင္းယူဖို႔ ေျပာဆိုခဲ့တာလို႔ ထင္ျမင္ခဲ့ၾကတာ ျဖစ္ပါတယ္။

“အဲရစ္ တန္ဟက္က ကစားသမားေတြကို သူ႔ကို ၃ ဂိုးအေႂကြးတင္ေနေသးတယ္လို႔ ေျပာေနတာ”လို႔ ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ႀကီးမားတဲ့အခြင့္အေရး ၉ ႀကိမ္မွာ ၇ ႀကိမ္လြဲေခ်ာ္ခဲ့တယ္။ သူတို႔ေတြ သူ႔ကို ဒီဂိုးေတြ အေႂကြးတင္ေနတယ္လို႔ ခံစားေနရတာ မွန္တယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

အမွန္တိုင္းေျပာရရင္ လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ၾကယ္ပြင့္ကစားသမားေတြကို အရန္ခုံပို႔ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တဲ့ ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ၎ရဲ႕ ကစားသမားေတြကို ဘယ္လို ဖိအားေပးရမယ္၊ ကြင္းလယ္မွာ ဘယ္ႏွေယာက္ရွိေနရမယ္ဆိုတာကို နည္းဗ်ဴဟာပိုင္း ၫႊန္ၾကားခ်က္ေတြ ေအာ္ဟစ္ေျပာဆိုေနတာ ျဖစ္ဖို႔မ်ားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.