Match Report Premier League UCL&UEL

စပို့တင်းကွင်းမှာ အင်ပြည့်အားပြည့် မကစားဘဲ သရေနဲ့ပဲ ကျေနပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဇင်ချန်ကို၊ ဆာလီဘာနဲ့ လူသစ် ကီဗီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ ဖာဘီယို ဗီယာရာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ နယ်လ်ဆန်နဲ့ မာတီနယ်လီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် စပို့တင်းလစ္စဘွန်းတို့ကတော့ ဂိုးသမား အဒန်၊ ခံစစ်မှာ ကိုအာတက်စ်၊ ဂွန်ဆာလို အင်နာစီယိုနဲ့ စိန့်ဂျုစ်တေတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ပိုတီ၊ မိုရီတာ၊ မက်သီယူးစ် ရိုင်းစ်နဲ့ အီဆာဂီယိုတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ အက်ဒ်ဝပ်စ်၊ ထရင်ကာအိုနဲ့ ပေါ်လင်ညိုတို့ကို ကစားစေခဲ့တာပါ။

ဂျော်ဂျင်ညိုနဲ့ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်တို့ ကွင်းလယ်မှာ ပါတေးနဲ့လောက် သွက်သွက်မကစားဘဲ ဘောလုံးကိုင်ကစားခဲ့ကြပြီး စပို့တင်းတို့ကတော့ အဝေးဘောတွေနဲ့ အမြောက်ကန်တင်ပြီး ဧည့်သည်တွေရဲ့ ခံစစ်အားနည်းတဲ့ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ရဲ့ တောင်ပံတွေကို ပြဿနာရှာသွားခဲ့ကြလို့ ရင်ခုန်စရာ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ပေါ်တူဂီမြေကို တစ်ကျော့ပြန် ခြေချခဲ့တဲ့ ဖာဘီယို ဗီယာရာက သူ့ကြောင့် ရတဲ့ ထောင့်ကန်ဘောကို ညာခြမ်းကနေ ကန်တင်ပေးရာမှာ နောက်ခံလူ ဆာလီဘာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ နောက်က လိုက်ကစားဖို့ ဖြစ်လာခဲ့တာပါ။

ဂိုးသွင်းအပြီးမှာ ဇင်ချန်ကို,ကို ပြဿနာရှာတဲ့ စပို့တင်းအသင်းခေါင်းဆောင် နောက်ခံလူ ကိုအာတက်စ်ကြောင့် နှစ်ယောက်စလုံး အဝါပြခံခဲ့ရသလို ပွဲချိန် ၂၆ မိနစ်မှာတော့ ဖရီးကစ်ကနေ ယူကရိန်းသားက ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် လူထိထွက်ခဲ့ပြီး ပြန်ကျလာတာကို ကန်သွင်းရာမှာတော့ ဂိုးသမား အဒန် ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

တစ်ဂိုးရထားခဲ့ပေမယ့် ချာကာနဲ့ ဇင်ချန်ကိုတို့ရဲ့ နေရာယူပုံတွေက ပြတ်ပြတ်သားသား မရှိဘဲ လေးလံနေတာကြောင့် စပို့တင်းတို့ရဲ့ Pressing တွေမှာ ရုန်းကန်နေခဲ့ရသလို ခံစစ်က အဓိပ္ပါယ်မရှိတဲ့ အနီးပေးမှုတွေကလည်း စိတ်ပျက်စရာဖြစ်နေခဲ့ပြီး ကိုယ့်ရဲ့ အားသာချက်ဖြစ်တဲ့ တောင်ပံတွေကို ဘောလုံးဖြန့်ရမယ့်အစား တွေဝေနေခဲ့တာကြောင့် အိမ်ရှင်တွေက ပွဲကို စီးမိသလိုဖြစ်လာခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ အိမ်ရှင် စပို့တင်းတို့ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ကြပြီး ခံစစ်မှာ ကြောင်ပျောက်နေတဲ့ အာဆင်နယ်တို့ကို ဧရိယာအပြင်ကနေ ကန်သွင်းခဲ့တဲ့ ဂွန်ဆာလို အင်နာစီယိုရဲ့ ကန်ချက်ကို အစိုးရိမ်ကြီးပြီး ပုတ်ထုတ်ခဲ့တဲ့ ဂိုးသမား မတ်တာနာကြောင့် ရတဲ့ ထောင့်ကန်ဘောကို အင်နာစီယိုကပဲ အမြင့်ဆုံးခုန်ပြီး အလွတ်ကြီး ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

စပို့တင်းတို့ ဧရိယာအပြင်ကနေ ကန်မယ်မှန်း သိသိကြီးနဲ့ ခွာပေးနေတဲ့ အာဆင်နယ်ခံစစ်ရဲ့ တုံးအမှုတချို့ကတော့ ဒေါသထွက်စရာ ကောင်းခဲ့သလို ပွဲချိန် မိနစ် ၄၀ မှာ ထောင့်ကန်ဘောကနေ ချာကာရဲ့ ခေါင်းတိုက်ချက်က စည်းပေါ်မှာ ပိတ်ဆို့ခံခဲ့ရတာကတော့ ကံဆိုးခဲ့ရပြီး ဘောလုံးကို ရိုးရိုးမကစားတတ်တဲ့ အာတီတာရဲ့လူတွေအနေနဲ့ ပထမပိုင်းမှာ သရေသာ ရယူနိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးပဲ ဖွင့်ကစားနေခဲ့ကြသလို မိုရီတာရဲ့ ကန်ချက်ကို မတ်တာနာ ကာကွယ်ခဲ့ရပြီး မာတီနယ်လီကတော့ လူပေးရမယ့် အလုံးကို ဂိုးသမား ကျော်ကန်ဖို့ ကြိုးစားတာကြောင့် အပိုင်တစ်ဂိုး နစ်နာခဲ့ရသလို ဖာဘီယို ဗီယာရာရဲ့ ကန်ချက်ကတော့ တိုင်ဘေးကနေ ကပ်ထွက်သွားခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ပေါတောတောလုပ်နေတဲ့ အာဆင်နယ်တို့ ထိုးနှက်ခံခဲ့ရပြီး ညာခြမ်းက ကျပ်နေတဲ့အထဲကို ဘောလုံးထည့်ကစားပြီး ပျက်တာကနေ စပို့တင်းတို့ရဲ့ တစ်ကြိမ် ကောင်တာဝင်မှုကို အသည်းအသန် ဟန့်တားနိုင်ခဲ့တဲ့နောက် ခံစစ် Shape ပျက်ပြီး စိတ်လှုပ်ရှားလွန်းနေချိန်မှာ အိမ်ရှင်တွေရဲ့ သွေးအေးအေးနဲ့ အနီးကပ်ကန်ချက်ကို တာနာက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ပေါ်လင်ညိုက ဂိုးထဲ ပို့သွားခဲ့တာပါ။

ဆာကာ၊ မာတီနယ်လီတို့လို အဓိက ကစားသမားတွေကို အပင်ပန်းခံသုံးပြီး အနိုင်မရရင် ရှုံးတာနဲ့ ဘာမှ မထူးဘူးဆိုတဲ့ အသိတရားလေးကို ထည့်မထားခဲ့တဲ့ အာဆင်နယ်တို့အတွက် အဝေးပွဲက ခက်ခဲခဲ့ပြီး စပို့တင်းတို့ရဲ့ အလှမကစားဘဲ အဝစားမယ့် ပုံစံမှာ ကောင်တာကနေ ငါးယောက်လောက် ကျော်ပြေးပြီးမှ ဘယ်ချိန်ကန်ရမလဲ မသိတဲ့ မာတီနယ်လီကတော့ မီတာ ၆၀ လောက် ဆွဲပြေးပြီးမှ ဂိုးမသွင်းနိုင်ဘဲ စိတ်ကုန်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ အာဆင်နယ်တို့ လူမိုက်ကံကောင်းဖြစ်ပြီး ချေပဂိုး ပြန်ရခဲ့သလို စပို့တင်းခံစစ်ဇုန်မှာ ဆာကာရဲ့ ခပ်ကြမ်းကြမ်း လုယူမှုကို ဒိုင်လူကြီးက ဆက်ကစားခွင့် ပေးခဲ့ရာမှာ သူ့ရဲ့ ပေးပို့မှုကို ချာကာက ပြန်ရပြီး ဧရိယာထဲကို ပြေးဝင်သွားတဲ့ မာတီနယ်လီဆီ ပို့ပေးတဲ့ ဆွစ်လူမိုက်ကြီးရဲ့ ကန်ချက်က မိုရီတာနဲ့ထိပြီး ဂိုးထဲကို လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

ဒီနောက်မှာတော့ အဝါထိထားတဲ့ ဇင်ချန်ကိုအစား တိုမီယာစုကို အာဆင်နယ်တို့ စလဲခဲ့သလို ပွဲချိန် ၇၁ မိနစ်မှာတော့ ကီဗီယာ၊ ဂျော်ဂျင်ညိုနဲ့ နယ်လ်ဆန်တို့အစား ဂါဘရီယယ်လ်၊ ပါတေးနဲ့ စမစ်ရိုးတို့ကို ထည့်သွင်းလာခဲ့ပြီး သရေလဒ်ကို ထိန်းကစားခဲ့တဲ့နောက် ချာကာရဲ့ အကွက်မမြင်မှုနဲ့ ဘန်ဝှိုက်ရဲ့ ဖြတ်တင်ဘောတိုင်း ဂိုးလွန်တဲ့ အကွက်တွေကတော့ အနိုင်ရလဒ်နဲ့ လွဲချော်စေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပို့တင်းလစ္စဘွန်းကွင်းမှာ အမှားလုပ်တိုင်း အပြစ်ပေးခံခဲ့ရတဲ့ အာဆင်နယ်တို့အနေနဲ့ နှစ်ဂိုးသွင်းတာက မလုံလောက်ခဲ့ဘဲ သရေရလဒ်သာ ရယူနိုင်ခဲ့တာကြောင့် အိမ်ကွင်း အမ်းမရိတ်မှာ နောက်တစ်ပတ် ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်က အရေးပါလာခဲ့ပြီး နောက်တစ်ဆင့် တက်နိုင်ဖို့တော့ အဲ့ဒီအချိန်မှာ လူစုံတက်စုံ အင်ပြည့်အားပြည့် ကစားလာဖွယ်ရှိကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဇင္ခ်န္ကို၊ ဆာလီဘာနဲ႔ လူသစ္ ကီဗီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ခ်ာကာနဲ႔ ဖာဘီယို ဗီယာရာတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ နယ္လ္ဆန္နဲ႔ မာတီနယ္လီတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ စပို႔တင္းလစၥဘြန္းတို႔ကေတာ့ ဂိုးသမား အဒန္၊ ခံစစ္မွာ ကိုအာတက္စ္၊ ဂြန္ဆာလို အင္နာစီယိုနဲ႔ စိန႔္ဂ်ဳစ္ေတတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ပိုတီ၊ မိုရီတာ၊ မက္သီယူးစ္ ႐ိုင္းစ္နဲ႔ အီဆာဂီယိုတို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ အက္ဒ္ဝပ္စ္၊ ထရင္ကာအိုနဲ႔ ေပၚလင္ညိဳတို႔ကို ကစားေစခဲ့တာပါ။

ေဂ်ာ္ဂ်င္ညိဳနဲ႔ ပြဲထြက္လာခဲ့တဲ့ အာဆင္နယ္တို႔ ကြင္းလယ္မွာ ပါေတးနဲ႔ေလာက္ သြက္သြက္မကစားဘဲ ေဘာလုံးကိုင္ကစားခဲ့ၾကၿပီး စပို႔တင္းတို႔ကေတာ့ အေဝးေဘာေတြနဲ႔ အေျမာက္ကန္တင္ၿပီး ဧည့္သည္ေတြရဲ႕ ခံစစ္အားနည္းတဲ့ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ရဲ႕ ေတာင္ပံေတြကို ျပႆနာရွာသြားခဲ့ၾကလို႔ ရင္ခုန္စရာ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေပၚတူဂီေျမကို တစ္ေက်ာ့ျပန္ ေျခခ်ခဲ့တဲ့ ဖာဘီယို ဗီယာရာက သူ႔ေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကို ညာျခမ္းကေန ကန္တင္ေပးရာမွာ ေနာက္ခံလူ ဆာလီဘာက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ေနာက္က လိုက္ကစားဖို႔ ျဖစ္လာခဲ့တာပါ။

ဂိုးသြင္းအၿပီးမွာ ဇင္ခ်န္ကို,ကို ျပႆနာရွာတဲ့ စပို႔တင္းအသင္းေခါင္းေဆာင္ ေနာက္ခံလူ ကိုအာတက္စ္ေၾကာင့္ ႏွစ္ေယာက္စလုံး အဝါျပခံခဲ့ရသလို ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ဖရီးကစ္ကေန ယူကရိန္းသားက ကန္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ လူထိထြက္ခဲ့ၿပီး ျပန္က်လာတာကို ကန္သြင္းရာမွာေတာ့ ဂိုးသမား အဒန္ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။

တစ္ဂိုးရထားခဲ့ေပမယ့္ ခ်ာကာနဲ႔ ဇင္ခ်န္ကိုတို႔ရဲ႕ ေနရာယူပုံေတြက ျပတ္ျပတ္သားသား မရွိဘဲ ေလးလံေနတာေၾကာင့္ စပို႔တင္းတို႔ရဲ႕ Pressing ေတြမွာ ႐ုန္းကန္ေနခဲ့ရသလို ခံစစ္က အဓိပၸါယ္မရွိတဲ့ အနီးေပးမႈေတြကလည္း စိတ္ပ်က္စရာျဖစ္ေနခဲ့ၿပီး ကိုယ့္ရဲ႕ အားသာခ်က္ျဖစ္တဲ့ ေတာင္ပံေတြကို ေဘာလုံးျဖန႔္ရမယ့္အစား ေတြေဝေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြက ပြဲကို စီးမိသလိုျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ အိမ္ရွင္ စပို႔တင္းတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့ၾကၿပီး ခံစစ္မွာ ေၾကာင္ေပ်ာက္ေနတဲ့ အာဆင္နယ္တို႔ကို ဧရိယာအျပင္ကေန ကန္သြင္းခဲ့တဲ့ ဂြန္ဆာလို အင္နာစီယိုရဲ႕ ကန္ခ်က္ကို အစိုးရိမ္ႀကီးၿပီး ပုတ္ထုတ္ခဲ့တဲ့ ဂိုးသမား မတ္တာနာေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကို အင္နာစီယိုကပဲ အျမင့္ဆုံးခုန္ၿပီး အလြတ္ႀကီး ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

စပို႔တင္းတို႔ ဧရိယာအျပင္ကေန ကန္မယ္မွန္း သိသိႀကီးနဲ႔ ခြာေပးေနတဲ့ အာဆင္နယ္ခံစစ္ရဲ႕ တုံးအမႈတခ်ိဳ႕ကေတာ့ ေဒါသထြက္စရာ ေကာင္းခဲ့သလို ပြဲခ်ိန္ မိနစ္ ၄၀ မွာ ေထာင့္ကန္ေဘာကေန ခ်ာကာရဲ႕ ေခါင္းတိုက္ခ်က္က စည္းေပၚမွာ ပိတ္ဆို႔ခံခဲ့ရတာကေတာ့ ကံဆိုးခဲ့ရၿပီး ေဘာလုံးကို ႐ိုး႐ိုးမကစားတတ္တဲ့ အာတီတာရဲ႕လူေတြအေနနဲ႔ ပထမပိုင္းမွာ သေရသာ ရယူႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံးပဲ ဖြင့္ကစားေနခဲ့ၾကသလို မိုရီတာရဲ႕ ကန္ခ်က္ကို မတ္တာနာ ကာကြယ္ခဲ့ရၿပီး မာတီနယ္လီကေတာ့ လူေပးရမယ့္ အလုံးကို ဂိုးသမား ေက်ာ္ကန္ဖို႔ ႀကိဳးစားတာေၾကာင့္ အပိုင္တစ္ဂိုး နစ္နာခဲ့ရသလို ဖာဘီယို ဗီယာရာရဲ႕ ကန္ခ်က္ကေတာ့ တိုင္ေဘးကေန ကပ္ထြက္သြားခဲ့လို႔ အာဆင္နယ္တို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ေပါေတာေတာလုပ္ေနတဲ့ အာဆင္နယ္တို႔ ထိုးႏွက္ခံခဲ့ရၿပီး ညာျခမ္းက က်ပ္ေနတဲ့အထဲကို ေဘာလုံးထည့္ကစားၿပီး ပ်က္တာကေန စပို႔တင္းတို႔ရဲ႕ တစ္ႀကိမ္ ေကာင္တာဝင္မႈကို အသည္းအသန္ ဟန႔္တားႏိုင္ခဲ့တဲ့ေနာက္ ခံစစ္ Shape ပ်က္ၿပီး စိတ္လႈပ္ရွားလြန္းေနခ်ိန္မွာ အိမ္ရွင္ေတြရဲ႕ ေသြးေအးေအးနဲ႔ အနီးကပ္ကန္ခ်က္ကို တာနာက ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ေပၚလင္ညိဳက ဂိုးထဲ ပို႔သြားခဲ့တာပါ။

ဆာကာ၊ မာတီနယ္လီတို႔လို အဓိက ကစားသမားေတြကို အပင္ပန္းခံသုံးၿပီး အႏိုင္မရရင္ ရႈံးတာနဲ႔ ဘာမွ မထူးဘူးဆိုတဲ့ အသိတရားေလးကို ထည့္မထားခဲ့တဲ့ အာဆင္နယ္တို႔အတြက္ အေဝးပြဲက ခက္ခဲခဲ့ၿပီး စပို႔တင္းတို႔ရဲ႕ အလွမကစားဘဲ အဝစားမယ့္ ပုံစံမွာ ေကာင္တာကေန ငါးေယာက္ေလာက္ ေက်ာ္ေျပးၿပီးမွ ဘယ္ခ်ိန္ကန္ရမလဲ မသိတဲ့ မာတီနယ္လီကေတာ့ မီတာ ၆၀ ေလာက္ ဆြဲေျပးၿပီးမွ ဂိုးမသြင္းႏိုင္ဘဲ စိတ္ကုန္စရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ လူမိုက္ကံေကာင္းျဖစ္ၿပီး ေခ်ပဂိုး ျပန္ရခဲ့သလို စပို႔တင္းခံစစ္ဇုန္မွာ ဆာကာရဲ႕ ခပ္ၾကမ္းၾကမ္း လုယူမႈကို ဒိုင္လူႀကီးက ဆက္ကစားခြင့္ ေပးခဲ့ရာမွာ သူ႔ရဲ႕ ေပးပို႔မႈကို ခ်ာကာက ျပန္ရၿပီး ဧရိယာထဲကို ေျပးဝင္သြားတဲ့ မာတီနယ္လီဆီ ပို႔ေပးတဲ့ ဆြစ္လူမိုက္ႀကီးရဲ႕ ကန္ခ်က္က မိုရီတာနဲ႔ထိၿပီး ဂိုးထဲကို လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ အဝါထိထားတဲ့ ဇင္ခ်န္ကိုအစား တိုမီယာစုကို အာဆင္နယ္တို႔ စလဲခဲ့သလို ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ကီဗီယာ၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ နယ္လ္ဆန္တို႔အစား ဂါဘရီယယ္လ္၊ ပါေတးနဲ႔ စမစ္႐ိုးတို႔ကို ထည့္သြင္းလာခဲ့ၿပီး သေရလဒ္ကို ထိန္းကစားခဲ့တဲ့ေနာက္ ခ်ာကာရဲ႕ အကြက္မျမင္မႈနဲ႔ ဘန္ဝႈိက္ရဲ႕ ျဖတ္တင္ေဘာတိုင္း ဂိုးလြန္တဲ့ အကြက္ေတြကေတာ့ အႏိုင္ရလဒ္နဲ႔ လြဲေခ်ာ္ေစခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စပို႔တင္းလစၥဘြန္းကြင္းမွာ အမွားလုပ္တိုင္း အျပစ္ေပးခံခဲ့ရတဲ့ အာဆင္နယ္တို႔အေနနဲ႔ ႏွစ္ဂိုးသြင္းတာက မလုံေလာက္ခဲ့ဘဲ သေရရလဒ္သာ ရယူႏိုင္ခဲ့တာေၾကာင့္ အိမ္ကြင္း အမ္းမရိတ္မွာ ေနာက္တစ္ပတ္ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္က အေရးပါလာခဲ့ၿပီး ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔ေတာ့ အဲ့ဒီအခ်ိန္မွာ လူစုံတက္စုံ အင္ျပည့္အားျပည့္ ကစားလာဖြယ္ရွိေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.