Analysis Match Preview Premier League

မန်ယူတို့ ပေါက်ကွဲမယ်ဆိုတဲ့ ပေါလ်မာဆန်ရဲ့ EPL ပွဲစဉ် ၂၇ အတွက် ခန့်မှန်းချက်

ဘုန်းမောက်-လီဗာပူးလ်
အာဆင်နယ်နဲ့ပွဲမှာ ကစားပုံကောင်းခဲ့တဲ့ ဘုန်းမောက်နဲ့ မန်ယူကို နှိပ်ကွပ်ခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ တွေ့ဆုံမှုကတော့ မာယာများနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်နိုင်ပါတယ်။ ဘုန်းမောက်တို့အနေနဲ့ အမ်းမရိတ်မှာ အမှတ်လက်မဲ့ ပြန်ရဖို့ မထိုက်တန်ခဲ့ပေမယ့် သုညသာ ရခဲ့တာက ဒီတစ်ပွဲမှာ အစွမ်းကုန် ကြိုးစားဖို့ တွန်းအားနဲ့ ငါတို့လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးကို တစ်ဖက်က ပိုင်ဆိုင်စေမှာပါ။ လီဗာပူးလ်တို့ကတော့ ပြီးခဲ့တဲ့ပွဲမှာ တိုက်စစ်သုံးဦးစလုံး နှစ်ဂိုးစီ သွင်းနိုင်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ ပုံစံကောင်း မရသေးတဲ့ အချက်ကို ထည့်တွက်ရမှာဖြစ်တာကြောင့် ဘုန်းမောက်တို့ အနိုင်ရသွားနိုင်ပါတယ်။ (ဘုန်းမောက် 2-0 လီဗာပူးလ်)

လိဒ်စ်ယူနိုက်တက်-ဘရိုက်တန်
နည်းပြသစ်နဲ့ လိဒ်စ်တို့အတွက်တော့ အိမ်ကွင်းဟာ အမှတ်တေွ ရသလောက် စုဆောင်းရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေ အနေနဲ့ ခြေမှန် မရသေးသလို နည်းပြအပြောင်းအလဲမှာ မှန်ကန်တဲ့ လူစာရင်းနဲ့ ကစားကွက်ကို မရွေးချယ်နိုင်သေးတာကိုလည်း တွေ့ခဲ့ရတာပါ။ ကိုင်စီဒိုကို စာချုပ်သက်တမ်းတိုးပြီး အလုံးစုံ တည်ငြိမ်သွားတဲ့ ဘရိုက်တန်တို့ကတော့ ကွင်းမရွေးတဲ့ ခြေစွမ်းကို ပြသနေပြီး စုစည်းမှုကောင်းနဲ့ ထက်မြက်တဲ့ ပုံစံကို ပိုင်ဆိုင်ထားတာကြောင့် ဒီနေ့ပွဲမှ သူတို့မနိုင်ရင် အံ့အားသင့်စရာဖြစ်နေပါလိမ့်မယ်။ (လိဒ်စ် 0-3 ဘရိုက်တန်)

အဲဗာတန်-ဘရန့်ဖို့ဒ်
အဲဗာတန်တို့အတွက်တော့ နိုင်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ ဆိုရမယ့် ပွဲမျိုးဖြစ်ပေမယ့် နော့တင်ဟမ် ဖောရက်စ်ကို ခပ်လွယ်လွယ်ပဲ ဂိုးတွေ ပြန်ပေးခဲ့ပုံကတော့ သူတို့ဘက်က နေချင်စရာ မကောင်းဘူးလို့ ဆိုရမှာပါ။ ဘရန့်ဖို့ဒ်တို့ကတော့ တိုက်စစ်က ဂိုးတွေ ကောင်းကောင်းသွင်းတတ်ပြီး ၁၂ ပွဲဆက်တိုက် ပရီးမီးယားလိဂ်ရှုံးပွဲမရှိအောင် ကစားထားနိုင်လို့ အထင်ကြီးစရာလည်းဖြစ်နေခဲ့ပါတယ်။ အဲဗာတန်တို့ အနိုင်ရဖို့ ဆိုတာက တော်တော့်ကို မိုးပျံနေကောင်အောင်းမှ ဖြစ်လာနိုင်ပြီး လက်ရှိခြေစွမ်းအတိုင်းဆိုရင်တော့ ဘရန့်ဖို့ဒ်တို့ အနိုင်ရပါလိမ့်မယ်။ (အဲဗာတန် 1-2 ဘရန့်ဖို့ဒ်)

လက်စတာစီးတီး-ချဲလ်ဆီး
ချဲလ်ဆီးကတော့ ဒီရက်ပိုင်းမှာ နည်းနည်း စိတ်ဝင်စားစရာကောင်းလာသလို လိဒ်စ်ကို အနိုင်ယူခဲ့အပြီးမှာ ဒေါ့မွန်ကိုလည်း ကျော်ဖြတ်ထားတာ ဖြစ်ပါတယ်။ နှစ်ပွဲဆက် ဂိုးမပေးရဘဲ အနိုင်ရခဲ့တာက ဂရေဟမ် ပေါ့တာရဲ့ အနေအထားကို တည်ငြိမ်စေသလို သူ့လူတွေကိုလည်း စိတ်ဓာတ်တက်ကြွစေပြီး အဝေးကွင်းမှာတော့ အစမ်းသပ်ခံနိုင်ပါ့မလားဆိုတာက နောက်ထပ် စာမေးပွဲအဖြစ် စောင့်ကြည့်ရမှာပါ။ လက်စတာတို့ကတော့ မက်ဒီဆန် ပြန်ပါလာချိန်မှာ အရင်ကထက် ကစားပုံ ကောင်းလာခဲ့ပြီး အမှတ်တွေ ဆက်တိုက်လျော့ထားချိန်မှာ အိမ်ကွင်း ကစားခွင့်ကို အလွယ်တကူနဲ့တော့ ဖြုန်းတီးပစ်ဖို့ မရှိနိုင်လို့ ဒီနေ့ပွဲက အမှတ်ခွဲယူကြမယ်ဆိုရင်လည်း ဖြစ်သွားနိုင်ပါတယ်။ (လက်စတာ 1-1 ချဲလ်ဆီး)

တော့တင်ဟမ်ဟော့စပါး-နော့တင်ဟမ်ဖောရက်စ်
နှစ်သင်းစလုံးအနေနဲ့ ငိုအားထက် ရယ်အားသန်စရာ ဖြစ်နေတာကတော့ နည်းပြတွေကို ဆက်ထားရမလား ဖြုတ်ပစ်ရမလားဆိုတာ အဆီတဝင်းဝင်းရော သဲတရှပ်ရှပ်ပါ ဖြစ်နေခဲ့ရတာပါ။ ကွန်တီရဲ့ ထူးမခြားနား မှတ်တမ်းနဲ့ ချန်ပီယံလိဂ်ကနေ ပြုတ်ခဲ့ပြီဖြစ်တဲ့ စပါးစ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ပေါက်ကွဲလာနိုင်ဖို့ ရှိနေပြီး ဒီပွဲမှာမှ သုံးမှတ် မရရင်တော့ အီတလီသားရဲ့ ကန်ထုတ်ခံရမှုကို မြင်တွေ့ရနိုင်ပါတယ်။ ဖောရက်စ်တို့ကတော့ အဝေးကွင်းဆိုရင် အနိုင်မယူတတ်တာ ကြာပြီဖြစ်ပြီး ပြိုင်ဘက်ကလည်း စပါးစ်ဖြစ်နေခဲ့လို့ ဒီနေ့ ကံမကောင်းပါလားဆိုတာကိုပဲ ရွတ်နေရဖို့ ရှိသလို အိမ်ရှင်တွေကတော့ ပရိသတ်တွေကို နိုင်ပွဲနဲ့ နှစ်သိမ့်သွားဦးမှာပါ။ (စပါးစ် 3-0 ဖောရက်စ်)

ခရစ္စတယ်လ်ပဲလေ့စ်-မန်ချက်စတာစီးတီး
မန်စီးတီးတို့ အာဆင်နယ်ကို လိုက်မီဖို့ ကြိုးစားနေပေမယ့် အပြိုင်ခြေချော်နေခဲ့ကြလို့ နှစ်သင်းကြားက ငါးမှတ်ဆိုတာက တည်မြဲနေခဲ့ပါတယ်။ ပဲလေ့စ်တို့ကတော့ ကောင်းမလိုလိုနဲ့ ဆိုးသွားလေ့ရှိတဲ့ အသင်းဖြစ်ပြီး မန်စီးတီးတို့နဲ့ တွေ့ရင်တော့ ခြေစွမ်းကောင်းတတ်သလို ဇာဟာ ပြန်လာနိုင်တာက သူတို့အတွက် အိမ်ကွင်းမှာ အားတက်စရာဖြစ်နေခဲ့တာပါ။ နည်းပြ ဗီယာရာအနေနဲ့ သူ့အသင်းဟောင်း အာဆင်နယ်တို့ဖို့ မန်ယူတို့ကို တားဆီးခဲ့သလိုမျိုး ဒီပွဲကိုလည်း ထပ်လုပ်ချင်မှာဖြစ်ပေမယ့် ဂွါဒီယိုလာရဲ့ ကစားကွက်ကို ပြိုင်ဆိုင်နိုင်ဖို့ ခက်မှာကြောင့် ဧည့်သည်တွေဘက်ကပဲ ရပ်တည်သွားချင်ပါတယ်။ (ပဲလေ့စ် 0-2 မန်စီးတီး)

မန်ချက်စတာယူနိုက်တက်-ဆောက်သမ်တန်
လီဗာပူးလ်ကို အဝေးကွင်းမှာ မရှုမလှ ရှုံးနိမ့်ထားခဲ့တဲ့ မန်ယူတို့အတွက် အိမ်ကွင်းမှာ ပြန်ပေါက်ကွဲရမှာဖြစ်ပေမယ့် တစ်ဖက်အသင်းကတော့ တန်းဆင်းဇုန်ရုန်းအားအပြည့်နဲ့ ဆောက်သမ်တန်ဖြစ်နေခဲ့လို့ မထင်တာတွေများ ဖြစ်လာမလားလို့ တွေးချင်စရာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဘက်တစ်ကို ဖုတ်ပြခဲ့အပြီးမှာတော့ သူတို့တွေအနေနဲ့ ပရီးမီးယားလိဂ်မှာပါ ပုံစံကောင်းကို ဆက်ထိန်းဖို့နဲ့ အာဆင်နယ်၊ မန်စီးတီးတို့ မှားရင် အခွင့်အရေးယူနိုင်ဖို့အတွက် ခရီးရှည်သေးချိန်မှာ ကြိုးစားကြည့်ကြဦးမှာပါ။ ဒီနေ့ပွဲမှာ ဆောက်သမ်တန်တို့ ကြိုးစားလာနိုင်ပေမယ့် အိမ်ရှင်တွေရဲ့ အိုးလ်ထရက်ဖို့ဒ် ကြွေးကြော်သံကို ခံနိုင်ဖို့ မရှိလောက်ဘဲ မန်ယူတို့ ဂိုးပြတ်နိုင်သွားဖွယ်ရှိနေပါတယ်။ (မန်ယူ 4-0 စိန့်)

ဝက်စ်ဟမ်းယူနိုက်တက်-အက်စ်တန်ဗီလာ
အမ်မရီကတော့ အသင်းကို လိမ်ဖယ်လိမ်ဖယ်နဲ့ပဲ တွန်းတင်ပေးနေခဲ့ပေမယ့် ဒေးဗစ်မွိုက်စ်ကတော့ ဟုတ်မလိုလိုနဲ့ အဖျားရှူးနေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့အနေနဲ့ ကစားပုံ မကောင်းဘူးတော့ မဟုတ်ပေမယ့် ပွဲတွင်းမှာ အလွယ်တကူ ပြိုလဲတတ်တာက ပြဿနာရှိနေခဲ့သလို ဗီလာတို့ကတော့ ပွဲတိုင်း ဂိုးသွင်းနေတဲ့ ဝပ်ကင်းစ်နဲ့ အဝေးကွင်းမှာ ထီထိုးကြည့်လာဖို့ ရှိပါတယ်။ ဂိုးအပြန်အလှန်သွင်းတဲ့ ပွဲတစ်ပွဲကို မြင်ရမှာဖြစ်ပြီး ဘယ်သူနိုင်နိုင် တူး-ဝမ်းလို့ပဲ ပြောရမှာပါ။ လန်ဒန်မှာ ကန်မယ့် ပွဲမှာတော့ အိမ်ရှင်တွေဘက်က အိမ်ရှင်အားသာချက်ရှိမယ်လို့ ယူဆရပြီး ဗီလာတို့ကတော့ အခွင့်အရေးနည်းတယ်လို့ ဆိုရပါလိမ့်မယ်။ (ဝက်စ်ဟမ်း 2-1 ဗီလာ)

ဖူလ်ဟမ်-အာဆင်နယ်
အဝေးကွင်းမှာ ကစားရမယ့် ဒီပွဲအတွက် အာတီတာကတော့ ကြိုတင်ပြင်ဆင်ထားမှာ အသေအချာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ မန်စီးတီးတို့ အဝေးကွင်းမှာပဲ ကစားရခက်တဲ့ ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် သူတို့တွေသာ ခြေချော်ခဲ့ရင် ဂန်းနားတွေအနေနဲ့ ဒီပွဲကို ရုန်းမှာပါ။ ဧပြီလထဲမှာ ပွဲကျပ်မယ့် အာဆင်နယ်တို့အနေနဲ့ အဝါကတ် ၁၀ ကတ်ထိထားလို့ ပယ်လင်ညာ မပါနိုင်တဲ့ ဖူလ်ဟမ်တို့ကို အဝေးကွင်းနိုင်ပွဲ ရယူဖို့ ကြိုးစားမှာဖြစ်ပါတယ်။ အာဆင်နယ်တို့အနေနဲ့ ပြိုင်ဘက်တွေရဲ့ အဓိက ကစားသမားတွေ ပွဲပယ်ခံရချိန်မှာ အချိန်ကိုက် တွေ့ဆုံရတတ်တာက ကံကောင်းမှုတစ်ခုလည်း ဖြစ်နေပြီး ဒီနေ့ပွဲမှာလည်း ချန်ပီယံဆုအတွက် ဆက်လက်အနိုင်ယူကြမှာပါ။ (ဖူလ်ဟမ် 0-3 အာဆင်နယ်)

နယူးကာဆယ်လ်ယူနိုက်တက်-ဝုလ်ဗာဟမ့်ပ်တန်ဝမ်းဒါးရားစ်
နယူးကာဆယ်လ်တို့အနေနဲ့ အဆင့် ၃ နဲ့ သာသာယာယာ ချန်ပီယံလိဂ် ဝင်တော့မလို အနေအထားကနေ ဆက်တိုက်ကို အိုးနင်းခွက်နင်းဖြစ်ပြီး ခံစစ်ကို ယုံစားလွန်းမှုတွေနဲ့အတူ ဘဝပျက်စပြုလာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်က တစ်ဂိုးထက် ပိုမသွင်းတတ်တာကြောင့် ခံစစ်ကို ယုံရင်း ဝမ်းဇီးနိုင်ပွဲတွေ ရယူဖို့နဲ့ အသင်းကြီးတွေ တွေ့ရင် ပိတ်ကစားဖို့ ကြိုးစားမှုကို နည်းပြ အက်ဒီဟောင်းအနေနဲ့ ပြင်ဆင်ရတော့မှာဖြစ်ပြီး အမှတ်ဆုံးရှုံးမှုကိုတော့ ဒီတစ်ပတ် ရပ်တန့်ဖို့ လုပ်ဆောင်လာနိုင်ပါတယ်။ ဝုလ်ဗ်စ်တို့ကလည်း အဓိက ကစားသမားတချို့ကို ဒဏ်ရာတွေကြောင့် ဆုံးရှုံးထားခဲ့ရလို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာတော့ ရလဒ်ကောင်းနိုင်ခြေနည်းပြီး တန်းဆင်းဇုန်က လွတ်တာနဲ့ အားလျှော့လိုက်ကျတဲ့ အသင်းတွေရဲ့ သံသရာအတိုင်း ဖြစ်လာနိုင်လို့ အိမ်ရှင်တွေပဲ အနိုင်ရဖို့ ဖြစ်လာပါလိမ့်မယ်။ (နယူးကာဆယ်လ် 1-0 ဝုလ်ဗ်စ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘုန္းေမာက္-လီဗာပူးလ္
အာဆင္နယ္နဲ႔ပြဲမွာ ကစားပုံေကာင္းခဲ့တဲ့ ဘုန္းေမာက္နဲ႔ မန္ယူကို ႏွိပ္ကြပ္ခဲ့တဲ့ လီဗာပူးလ္တို႔ရဲ႕ ေတြ႕ဆုံမႈကေတာ့ မာယာမ်ားႏိုင္တဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ႏိုင္ပါတယ္။ ဘုန္းေမာက္တို႔အေနနဲ႔ အမ္းမရိတ္မွာ အမွတ္လက္မဲ့ ျပန္ရဖို႔ မထိုက္တန္ခဲ့ေပမယ့္ သုညသာ ရခဲ့တာက ဒီတစ္ပြဲမွာ အစြမ္းကုန္ ႀကိဳးစားဖို႔ တြန္းအားနဲ႔ ငါတို႔လုပ္ႏိုင္တယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳးကို တစ္ဖက္က ပိုင္ဆိုင္ေစမွာပါ။ လီဗာပူးလ္တို႔ကေတာ့ ၿပီးခဲ့တဲ့ပြဲမွာ တိုက္စစ္သုံးဦးစလုံး ႏွစ္ဂိုးစီ သြင္းႏိုင္ခဲ့ေပမယ့္ အေဝးကြင္းမွာေတာ့ ပုံစံေကာင္း မရေသးတဲ့ အခ်က္ကို ထည့္တြက္ရမွာျဖစ္တာေၾကာင့္ ဘုန္းေမာက္တို႔ အႏိုင္ရသြားႏိုင္ပါတယ္။ (ဘုန္းေမာက္ 2-0 လီဗာပူးလ္)

လိဒ္စ္ယူႏိုက္တက္-ဘ႐ိုက္တန္
နည္းျပသစ္နဲ႔ လိဒ္စ္တို႔အတြက္ေတာ့ အိမ္ကြင္းဟာ အမွတ္ေတြ ရသေလာက္ စုေဆာင္းရမယ့္ ေနရာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ေတြ အေနနဲ႔ ေျခမွန္ မရေသးသလို နည္းျပအေျပာင္းအလဲမွာ မွန္ကန္တဲ့ လူစာရင္းနဲ႔ ကစားကြက္ကို မေ႐ြးခ်ယ္ႏိုင္ေသးတာကိုလည္း ေတြ႕ခဲ့ရတာပါ။ ကိုင္စီဒိုကို စာခ်ဳပ္သက္တမ္းတိုးၿပီး အလုံးစုံ တည္ၿငိမ္သြားတဲ့ ဘ႐ိုက္တန္တို႔ကေတာ့ ကြင္းမေ႐ြးတဲ့ ေျခစြမ္းကို ျပသေနၿပီး စုစည္းမႈေကာင္းနဲ႔ ထက္ျမက္တဲ့ ပုံစံကို ပိုင္ဆိုင္ထားတာေၾကာင့္ ဒီေန႔ပြဲမွ သူတို႔မႏိုင္ရင္ အံ့အားသင့္စရာျဖစ္ေနပါလိမ့္မယ္။ (လိဒ္စ္ 0-3 ဘ႐ိုက္တန္)

အဲဗာတန္-ဘရန႔္ဖို႔ဒ္
အဲဗာတန္တို႔အတြက္ေတာ့ ႏိုင္လိုက္ရင္ ဘယ္ေလာက္ေကာင္းမလဲလို႔ ဆိုရမယ့္ ပြဲမ်ိဳးျဖစ္ေပမယ့္ ေနာ့တင္ဟမ္ ေဖာရက္စ္ကို ခပ္လြယ္လြယ္ပဲ ဂိုးေတြ ျပန္ေပးခဲ့ပုံကေတာ့ သူတို႔ဘက္က ေနခ်င္စရာ မေကာင္းဘူးလို႔ ဆိုရမွာပါ။ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ တိုက္စစ္က ဂိုးေတြ ေကာင္းေကာင္းသြင္းတတ္ၿပီး ၁၂ ပြဲဆက္တိုက္ ပရီးမီးယားလိဂ္ရႈံးပြဲမရွိေအာင္ ကစားထားႏိုင္လို႔ အထင္ႀကီးစရာလည္းျဖစ္ေနခဲ့ပါတယ္။ အဲဗာတန္တို႔ အႏိုင္ရဖို႔ ဆိုတာက ေတာ္ေတာ့္ကို မိုးပ်ံေနေကာင္ေအာင္းမွ ျဖစ္လာႏိုင္ၿပီး လက္ရွိေျခစြမ္းအတိုင္းဆိုရင္ေတာ့ ဘရန႔္ဖို႔ဒ္တို႔ အႏိုင္ရပါလိမ့္မယ္။ (အဲဗာတန္ 1-2 ဘရန႔္ဖို႔ဒ္)

လက္စတာစီးတီး-ခ်ဲလ္ဆီး
ခ်ဲလ္ဆီးကေတာ့ ဒီရက္ပိုင္းမွာ နည္းနည္း စိတ္ဝင္စားစရာေကာင္းလာသလို လိဒ္စ္ကို အႏိုင္ယူခဲ့အၿပီးမွာ ေဒါ့မြန္ကိုလည္း ေက်ာ္ျဖတ္ထားတာ ျဖစ္ပါတယ္။ ႏွစ္ပြဲဆက္ ဂိုးမေပးရဘဲ အႏိုင္ရခဲ့တာက ဂေရဟမ္ ေပါ့တာရဲ႕ အေနအထားကို တည္ၿငိမ္ေစသလို သူ႔လူေတြကိုလည္း စိတ္ဓာတ္တက္ႂကြေစၿပီး အေဝးကြင္းမွာေတာ့ အစမ္းသပ္ခံႏိုင္ပါ့မလားဆိုတာက ေနာက္ထပ္ စာေမးပြဲအျဖစ္ ေစာင့္ၾကည့္ရမွာပါ။ လက္စတာတို႔ကေတာ့ မက္ဒီဆန္ ျပန္ပါလာခ်ိန္မွာ အရင္ကထက္ ကစားပုံ ေကာင္းလာခဲ့ၿပီး အမွတ္ေတြ ဆက္တိုက္ေလ်ာ့ထားခ်ိန္မွာ အိမ္ကြင္း ကစားခြင့္ကို အလြယ္တကူနဲ႔ေတာ့ ျဖဳန္းတီးပစ္ဖို႔ မရွိႏိုင္လို႔ ဒီေန႔ပြဲက အမွတ္ခြဲယူၾကမယ္ဆိုရင္လည္း ျဖစ္သြားႏိုင္ပါတယ္။ (လက္စတာ 1-1 ခ်ဲလ္ဆီး)

ေတာ့တင္ဟမ္ေဟာ့စပါး-ေနာ့တင္ဟမ္ေဖာရက္စ္
ႏွစ္သင္းစလုံးအေနနဲ႔ ငိုအားထက္ ရယ္အားသန္စရာ ျဖစ္ေနတာကေတာ့ နည္းျပေတြကို ဆက္ထားရမလား ျဖဳတ္ပစ္ရမလားဆိုတာ အဆီတဝင္းဝင္းေရာ သဲတရွပ္ရွပ္ပါ ျဖစ္ေနခဲ့ရတာပါ။ ကြန္တီရဲ႕ ထူးမျခားနား မွတ္တမ္းနဲ႔ ခ်န္ပီယံလိဂ္ကေန ျပဳတ္ခဲ့ၿပီျဖစ္တဲ့ စပါးစ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ေပါက္ကြဲလာႏိုင္ဖို႔ ရွိေနၿပီး ဒီပြဲမွာမွ သုံးမွတ္ မရရင္ေတာ့ အီတလီသားရဲ႕ ကန္ထုတ္ခံရမႈကို ျမင္ေတြ႕ရႏိုင္ပါတယ္။ ေဖာရက္စ္တို႔ကေတာ့ အေဝးကြင္းဆိုရင္ အႏိုင္မယူတတ္တာ ၾကာၿပီျဖစ္ၿပီး ၿပိဳင္ဘက္ကလည္း စပါးစ္ျဖစ္ေနခဲ့လို႔ ဒီေန႔ ကံမေကာင္းပါလားဆိုတာကိုပဲ ႐ြတ္ေနရဖို႔ ရွိသလို အိမ္ရွင္ေတြကေတာ့ ပရိသတ္ေတြကို ႏိုင္ပြဲနဲ႔ ႏွစ္သိမ့္သြားဦးမွာပါ။ (စပါးစ္ 3-0 ေဖာရက္စ္)

ခရစၥတယ္လ္ပဲေလ့စ္-မန္ခ်က္စတာစီးတီး
မန္စီးတီးတို႔ အာဆင္နယ္ကို လိုက္မီဖို႔ ႀကိဳးစားေနေပမယ့္ အၿပိဳင္ေျခေခ်ာ္ေနခဲ့ၾကလို႔ ႏွစ္သင္းၾကားက ငါးမွတ္ဆိုတာက တည္ၿမဲေနခဲ့ပါတယ္။ ပဲေလ့စ္တို႔ကေတာ့ ေကာင္းမလိုလိုနဲ႔ ဆိုးသြားေလ့ရွိတဲ့ အသင္းျဖစ္ၿပီး မန္စီးတီးတို႔နဲ႔ ေတြ႕ရင္ေတာ့ ေျခစြမ္းေကာင္းတတ္သလို ဇာဟာ ျပန္လာႏိုင္တာက သူတို႔အတြက္ အိမ္ကြင္းမွာ အားတက္စရာျဖစ္ေနခဲ့တာပါ။ နည္းျပ ဗီယာရာအေနနဲ႔ သူ႔အသင္းေဟာင္း အာဆင္နယ္တို႔ဖို႔ မန္ယူတို႔ကို တားဆီးခဲ့သလိုမ်ိဳး ဒီပြဲကိုလည္း ထပ္လုပ္ခ်င္မွာျဖစ္ေပမယ့္ ဂြါဒီယိုလာရဲ႕ ကစားကြက္ကို ၿပိဳင္ဆိုင္ႏိုင္ဖို႔ ခက္မွာေၾကာင့္ ဧည့္သည္ေတြဘက္ကပဲ ရပ္တည္သြားခ်င္ပါတယ္။ (ပဲေလ့စ္ 0-2 မန္စီးတီး)

မန္ခ်က္စတာယူႏိုက္တက္-ေဆာက္သမ္တန္
လီဗာပူးလ္ကို အေဝးကြင္းမွာ မရႈမလွ ရႈံးနိမ့္ထားခဲ့တဲ့ မန္ယူတို႔အတြက္ အိမ္ကြင္းမွာ ျပန္ေပါက္ကြဲရမွာျဖစ္ေပမယ့္ တစ္ဖက္အသင္းကေတာ့ တန္းဆင္းဇုန္႐ုန္းအားအျပည့္နဲ႔ ေဆာက္သမ္တန္ျဖစ္ေနခဲ့လို႔ မထင္တာေတြမ်ား ျဖစ္လာမလားလို႔ ေတြးခ်င္စရာျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္မွာ ဘက္တစ္ကို ဖုတ္ျပခဲ့အၿပီးမွာေတာ့ သူတို႔ေတြအေနနဲ႔ ပရီးမီးယားလိဂ္မွာပါ ပုံစံေကာင္းကို ဆက္ထိန္းဖို႔နဲ႔ အာဆင္နယ္၊ မန္စီးတီးတို႔ မွားရင္ အခြင့္အေရးယူႏိုင္ဖို႔အတြက္ ခရီးရွည္ေသးခ်ိန္မွာ ႀကိဳးစားၾကည့္ၾကဦးမွာပါ။ ဒီေန႔ပြဲမွာ ေဆာက္သမ္တန္တို႔ ႀကိဳးစားလာႏိုင္ေပမယ့္ အိမ္ရွင္ေတြရဲ႕ အိုးလ္ထရက္ဖို႔ဒ္ ေႂကြးေၾကာ္သံကို ခံႏိုင္ဖို႔ မရွိေလာက္ဘဲ မန္ယူတို႔ ဂိုးျပတ္ႏိုင္သြားဖြယ္ရွိေနပါတယ္။ (မန္ယူ 4-0 စိန႔္)

ဝက္စ္ဟမ္းယူႏိုက္တက္-အက္စ္တန္ဗီလာ
အမ္မရီကေတာ့ အသင္းကို လိမ္ဖယ္လိမ္ဖယ္နဲ႔ပဲ တြန္းတင္ေပးေနခဲ့ေပမယ့္ ေဒးဗစ္မြိဳက္စ္ကေတာ့ ဟုတ္မလိုလိုနဲ႔ အဖ်ားရႉးေနခဲ့တာ ၾကာၿပီ ျဖစ္ပါတယ္။ ဝက္စ္ဟမ္းတို႔အေနနဲ႔ ကစားပုံ မေကာင္းဘူးေတာ့ မဟုတ္ေပမယ့္ ပြဲတြင္းမွာ အလြယ္တကူ ၿပိဳလဲတတ္တာက ျပႆနာရွိေနခဲ့သလို ဗီလာတို႔ကေတာ့ ပြဲတိုင္း ဂိုးသြင္းေနတဲ့ ဝပ္ကင္းစ္နဲ႔ အေဝးကြင္းမွာ ထီထိုးၾကည့္လာဖို႔ ရွိပါတယ္။ ဂိုးအျပန္အလွန္သြင္းတဲ့ ပြဲတစ္ပြဲကို ျမင္ရမွာျဖစ္ၿပီး ဘယ္သူႏိုင္ႏိုင္ တူး-ဝမ္းလို႔ပဲ ေျပာရမွာပါ။ လန္ဒန္မွာ ကန္မယ့္ ပြဲမွာေတာ့ အိမ္ရွင္ေတြဘက္က အိမ္ရွင္အားသာခ်က္ရွိမယ္လို႔ ယူဆရၿပီး ဗီလာတို႔ကေတာ့ အခြင့္အေရးနည္းတယ္လို႔ ဆိုရပါလိမ့္မယ္။ (ဝက္စ္ဟမ္း 2-1 ဗီလာ)

ဖူလ္ဟမ္-အာဆင္နယ္
အေဝးကြင္းမွာ ကစားရမယ့္ ဒီပြဲအတြက္ အာတီတာကေတာ့ ႀကိဳတင္ျပင္ဆင္ထားမွာ အေသအခ်ာပဲျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာ မန္စီးတီးတို႔ အေဝးကြင္းမွာပဲ ကစားရခက္တဲ့ ပဲေလ့စ္နဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ သူတို႔ေတြသာ ေျခေခ်ာ္ခဲ့ရင္ ဂန္းနားေတြအေနနဲ႔ ဒီပြဲကို ႐ုန္းမွာပါ။ ဧၿပီလထဲမွာ ပြဲက်ပ္မယ့္ အာဆင္နယ္တို႔အေနနဲ႔ အဝါကတ္ ၁၀ ကတ္ထိထားလို႔ ပယ္လင္ညာ မပါႏိုင္တဲ့ ဖူလ္ဟမ္တို႔ကို အေဝးကြင္းႏိုင္ပြဲ ရယူဖို႔ ႀကိဳးစားမွာျဖစ္ပါတယ္။ အာဆင္နယ္တို႔အေနနဲ႔ ၿပိဳင္ဘက္ေတြရဲ႕ အဓိက ကစားသမားေတြ ပြဲပယ္ခံရခ်ိန္မွာ အခ်ိန္ကိုက္ ေတြ႕ဆုံရတတ္တာက ကံေကာင္းမႈတစ္ခုလည္း ျဖစ္ေနၿပီး ဒီေန႔ပြဲမွာလည္း ခ်န္ပီယံဆုအတြက္ ဆက္လက္အႏိုင္ယူၾကမွာပါ။ (ဖူလ္ဟမ္ 0-3 အာဆင္နယ္)

နယူးကာဆယ္လ္ယူႏိုက္တက္-ဝုလ္ဗာဟမ့္ပ္တန္ဝမ္းဒါးရားစ္
နယူးကာဆယ္လ္တို႔အေနနဲ႔ အဆင့္ ၃ နဲ႔ သာသာယာယာ ခ်န္ပီယံလိဂ္ ဝင္ေတာ့မလို အေနအထားကေန ဆက္တိုက္ကို အိုးနင္းခြက္နင္းျဖစ္ၿပီး ခံစစ္ကို ယုံစားလြန္းမႈေတြနဲ႔အတူ ဘဝပ်က္စျပဳလာခဲ့တာျဖစ္ပါတယ္။ တိုက္စစ္က တစ္ဂိုးထက္ ပိုမသြင္းတတ္တာေၾကာင့္ ခံစစ္ကို ယုံရင္း ဝမ္းဇီးႏိုင္ပြဲေတြ ရယူဖို႔နဲ႔ အသင္းႀကီးေတြ ေတြ႕ရင္ ပိတ္ကစားဖို႔ ႀကိဳးစားမႈကို နည္းျပ အက္ဒီေဟာင္းအေနနဲ႔ ျပင္ဆင္ရေတာ့မွာျဖစ္ၿပီး အမွတ္ဆုံးရႈံးမႈကိုေတာ့ ဒီတစ္ပတ္ ရပ္တန႔္ဖို႔ လုပ္ေဆာင္လာႏိုင္ပါတယ္။ ဝုလ္ဗ္စ္တို႔ကလည္း အဓိက ကစားသမားတခ်ိဳ႕ကို ဒဏ္ရာေတြေၾကာင့္ ဆုံးရႈံးထားခဲ့ရလို႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာေတာ့ ရလဒ္ေကာင္းႏိုင္ေျခနည္းၿပီး တန္းဆင္းဇုန္က လြတ္တာနဲ႔ အားေလွ်ာ့လိုက္က်တဲ့ အသင္းေတြရဲ႕ သံသရာအတိုင္း ျဖစ္လာႏိုင္လို႔ အိမ္ရွင္ေတြပဲ အႏိုင္ရဖို႔ ျဖစ္လာပါလိမ့္မယ္။ (နယူးကာဆယ္လ္ 1-0 ဝုလ္ဗ္စ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.