Premier League

စပါးစ်ရဲ့ရာသီက ဟိုဒင်းလိုပဲလို့ ခပ်ကြမ်းကြမ်းပဲ ပေါက်ကွဲခဲ့တဲ့ ရစ်ချာလီဆန်

ဘရာဇီးလ်ကြယ်ပွင့် ရစ်ချာလီဆန်ဟာ ဗုဒ္ဓဟူးနေ့ညက တော့တင်ဟမ်ဟော့စပါးအသင်း ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ကွန်တီကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး စပါးစ်ရဲ့ ရာသီက အခုအချိန်အထိ ယိတွေဖြစ်နေတုန်းပဲလို့ ပြောခဲ့ပါတယ်။

အေစီမီလန်ကို ဆန်စီရိုမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် တော့တင်ဟမ်ဟော့စပါးအသင်းဟာ အိမ်ကွင်းမှာ မဖြစ်မနေ နိုင်ပွဲရရှိဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကိုသာ ပြသခဲ့တာဖြစ်ပြီး စီးရီးအေအမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ အေစီမီလန်ကို အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။

စပါးစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း စကားပြောဆိုရာမှာ ရစ်ချာလီဆန်က အေစီမီလန်နဲ့ပွဲစဉ် ဒုတိယပိုင်းအတွက် နည်းပြ ကွန်တီကို ပြစ်တင်ဝေဖန်ခဲ့ပြီး အီတလီလူမျိုးနည်းပြဟာ ၎င်းကို လူစားဝင်ကစားသမားအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့လဲဆိုတာကို မရှင်းပြခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အကြီးမားဆုံးကလပ်အသင်းပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ ကျွန်တော်တို့ ဒီလိုမျိုး ဂိုးလိုအပ်နေတဲ့အချိန်မှာ ခုလို ကစားလို့မရပါဘူး။ ကျွန်တော်တို့ လူတွေကို ရှေ့ကို ပို့ရပါမယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့။ အခုတော့ ဘာမှ များများစားစား ဆွေးနွေးစရာမရှိပါဘူး။ ကျွန်တော်တို့ ပြစ်တင်နေလို့မရနိုင်ပါဘူး”

“အခု ကျွန်တော်တို့ ပရီးမီးယားလိဂ်အပေါ်မှာ အာရုံစိုက်ရမှာပါ။ ကျွန်တော်တို့ မနက်ဖြန် စောစောလေ့ကျင့်မယ်။ နောက်လာမယ့်ပွဲက နော်တင်ဟမ် ဖောရက်စ်နဲ့ကစားရမှာပါ။ ကျွန်တော့်ကို ဘာလို့ အရန်ခုံထိုင်ခိုင်းတာလဲဆိုတာ နားမလည်ပါဘူး။ ကျွန်တော် ကောင်းကောင်း ကစားခဲ့တယ်ကျွန်တော် ပုံစံကောင်းမှာရှိနေတယ်။ ကျွန်တော် ဝက်စ်ဟမ်း၊ ချဲလ်ဆီးတို့နဲ့ နိုင်ပွဲ ၂ ပွဲရခဲ့တယ်။ ရုတ်တရက်ပဲ ကျွန်တော့်ကို အရန်ခုံပို့လိုက်တယ်။ ဝုလ်ဗ်စ်နဲ့ပွဲမှာ ကျွန်တော့်ကို ၅ မိနစ်လောက် ပေးကစားခဲ့တယ်။ ကျွန်တော် ဘာကြောင့်လဲလို့ မေးခဲ့ပေမယ့် သူတို့တွေ ဘာတစ်ခုမှ မပြောခဲ့ပါဘူး။ မနေ့က သူ ကျွန်တော့်ကို လေ့ကျင့်ရေးကွင်းမှာ စမ်းသပ်မှု ပြုလုပ်ဖို့ ပြောခဲ့ပြီး ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ကစားခိုင်းမယ်တဲ့”

“ပွဲကစားရမယ့်အချိန်ကျတော့ ကျွန်တော့်ကို အရန်ခုံပို့လိုက်တယ်။ နားကို မလည်နိုင်ပါဘူး။ သူ ကျွန်တော့်ကို ဘာတစ်ခုမှ မရှင်းပြခဲ့ဘူး။ မနက်ဖြန် သူဘာပြောမလဲ ကြည့်တာပေါ့။ ဒီမှာ အရူးတစ်ကောင်မှ မရှိဘူး။ ကျွန်တော်က ပရော်ဖက်ရှင်နယ်ပါ။ ကျွန်တော် နေ့တိုင်း အလုပ်လုပ်ပြီး ကျွန်တော် ကစားချင်တယ်။ ကျွန်တော် ပွဲကစားချိန် ပိုလိုအပ်တယ်။ စကားလုံးအတွက် တောင်းပန်ပါတယ်။ ရာသီက ယိလိုတွေဖြစ်နေရင် ကျွန်တော် ဘာကြောင့် ပွဲကစားချိန် မရတာလဲ။ ကျွန်တော် ဒဏ်ရာသေးသေးလေးရခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ကွင်းထဲဝင်လာတဲ့အချိန်မှာ အသက်ပါ ပေးထားတယ်။ ကျွန်တော် ပွဲကောင်း ၂ ပွဲ ကစားခဲ့တယ်။ အထူးသဖြင့် မိနစ် ၉၀ အပြည့် ကစားခဲ့ရတဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်ကပေါ့။ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ဆွေးနွေးစရာ များများစားစားမရှိပါဘူး။ ကျွန်တော် ကစားခွင့်ရခဲ့သင့်ပြီး အခု ကျွန်တော် ဒီမှာထိုင်ပြီး ငိုနေမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ၾကယ္ပြင့္ ရစ္ခ်ာလီဆန္ဟာ ဗုဒၶဟူးေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးအသင္း ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ နည္းျပ ကြန္တီကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး စပါးစ္ရဲ႕ ရာသီက အခုအခ်ိန္အထိ ယိေတြျဖစ္ေနတုန္းပဲလို႔ ေျပာခဲ့ပါတယ္။

ေအစီမီလန္ကို ဆန္စီ႐ိုမွာ ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အိမ္ကြင္းမွာ မျဖစ္မေန ႏိုင္ပြဲရရွိဖို႔ လိုအပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ကိုသာ ျပသခဲ့တာျဖစ္ၿပီး စီးရီးေအအမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ ေအစီမီလန္ကို အိမ္ကြင္းမွာ ဂိုးမရွိ သေရက်ခဲ့တာ ျဖစ္ပါတယ္။

စပါးစ္ရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ပိုင္း စကားေျပာဆိုရာမွာ ရစ္ခ်ာလီဆန္က ေအစီမီလန္နဲ႔ပြဲစဥ္ ဒုတိယပိုင္းအတြက္ နည္းျပ ကြန္တီကို ျပစ္တင္ေဝဖန္ခဲ့ၿပီး အီတလီလူမ်ိဳးနည္းျပဟာ ၎ကို လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့လဲဆိုတာကို မရွင္းျပခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အႀကီးမားဆုံးကလပ္အသင္းၿပိဳင္ပြဲကေန ထြက္ခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး ဂိုးလိုအပ္ေနတဲ့အခ်ိန္မွာ ခုလို ကစားလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ လူေတြကို ေရွ႕ကို ပို႔ရပါမယ္။ အထူးသျဖင့္ ဒုတိယပိုင္းမွာေပါ့။ အခုေတာ့ ဘာမွ မ်ားမ်ားစားစား ေဆြးေႏြးစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ ျပစ္တင္ေနလို႔မရႏိုင္ပါဘူး”

“အခု ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္အေပၚမွာ အာ႐ုံစိုက္ရမွာပါ။ ကြၽန္ေတာ္တို႔ မနက္ျဖန္ ေစာေစာေလ့က်င့္မယ္။ ေနာက္လာမယ့္ပြဲက ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ကစားရမွာပါ။ ကြၽန္ေတာ့္ကို ဘာလို႔ အရန္ခုံထိုင္ခိုင္းတာလဲဆိုတာ နားမလည္ပါဘူး။ ကြၽန္ေတာ္ ေကာင္းေကာင္း ကစားခဲ့တယ္ကြၽန္ေတာ္ ပုံစံေကာင္းမွာရွိေနတယ္။ ကြၽန္ေတာ္ ဝက္စ္ဟမ္း၊ ခ်ဲလ္ဆီးတို႔နဲ႔ ႏိုင္ပြဲ ၂ ပြဲရခဲ့တယ္။ ႐ုတ္တရက္ပဲ ကြၽန္ေတာ့္ကို အရန္ခုံပို႔လိုက္တယ္။ ဝုလ္ဗ္စ္နဲ႔ပြဲမွာ ကြၽန္ေတာ့္ကို ၅ မိနစ္ေလာက္ ေပးကစားခဲ့တယ္။ ကြၽန္ေတာ္ ဘာေၾကာင့္လဲလို႔ ေမးခဲ့ေပမယ့္ သူတို႔ေတြ ဘာတစ္ခုမွ မေျပာခဲ့ပါဘူး။ မေန႔က သူ ကြၽန္ေတာ့္ကို ေလ့က်င့္ေရးကြင္းမွာ စမ္းသပ္မႈ ျပဳလုပ္ဖို႔ ေျပာခဲ့ၿပီး ကြၽန္ေတာ္ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့ရင္ ကစားခိုင္းမယ္တဲ့”

“ပြဲကစားရမယ့္အခ်ိန္က်ေတာ့ ကြၽန္ေတာ့္ကို အရန္ခုံပို႔လိုက္တယ္။ နားကို မလည္ႏိုင္ပါဘူး။ သူ ကြၽန္ေတာ့္ကို ဘာတစ္ခုမွ မရွင္းျပခဲ့ဘူး။ မနက္ျဖန္ သူဘာေျပာမလဲ ၾကည့္တာေပါ့။ ဒီမွာ အ႐ူးတစ္ေကာင္မွ မရွိဘူး။ ကြၽန္ေတာ္က ပေရာ္ဖက္ရွင္နယ္ပါ။ ကြၽန္ေတာ္ ေန႔တိုင္း အလုပ္လုပ္ၿပီး ကြၽန္ေတာ္ ကစားခ်င္တယ္။ ကြၽန္ေတာ္ ပြဲကစားခ်ိန္ ပိုလိုအပ္တယ္။ စကားလုံးအတြက္ ေတာင္းပန္ပါတယ္။ ရာသီက ယိလိုေတြျဖစ္ေနရင္ ကြၽန္ေတာ္ ဘာေၾကာင့္ ပြဲကစားခ်ိန္ မရတာလဲ။ ကြၽန္ေတာ္ ဒဏ္ရာေသးေသးေလးရခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ကြင္းထဲဝင္လာတဲ့အခ်ိန္မွာ အသက္ပါ ေပးထားတယ္။ ကြၽန္ေတာ္ ပြဲေကာင္း ၂ ပြဲ ကစားခဲ့တယ္။ အထူးသျဖင့္ မိနစ္ ၉၀ အျပည့္ ကစားခဲ့ရတဲ့ ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္ကေပါ့။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တယ္။ ေဆြးေႏြးစရာ မ်ားမ်ားစားစားမရွိပါဘူး။ ကြၽန္ေတာ္ ကစားခြင့္ရခဲ့သင့္ၿပီး အခု ကြၽန္ေတာ္ ဒီမွာထိုင္ၿပီး ငိုေနမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.