Premier League

ကွန်တီရဲ့ပွဲပြီးမှတ်ချက်က အသင်းက ထုတ်ချင်လာအောင် ပြောခဲ့တာလို့ ထင်နေတဲ့ ပရိသတ်များ

အန်တိုနီယို ကွန်တီရဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲက မှတ်ချက်စကားဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံချင်တာကြောင့် ပြောဆိုခဲ့တာလို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

ဗုဒ္ဓဟူးနေ့ညက တော့တင်ဟမ်ဟော့စပါးအသင်းဟာ အေစီမီလန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပြီး စီးရီးအေကလပ်အသင်းက ပထမအကျော့တုန်းက ဆန်စီရိုမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် တော့တင်ဟမ်ဟော့စပါးအတွက် နောက်ထပ် ဆုဖလား လက်မဲ့ရာသီဖြစ်လာတော့မှာဖြစ်တာကြောင့် တော့တင်ဟမ်ဟော့စပါးကွင်းထဲက မကျေမနပ်ဖြစ်နေတဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ အန်တိုနီယို ကွန်တီက ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ “ကျွန်တော့်စာချုပ်က ဇွန်လဆိုကုန်ပြီ။ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ သူတို့တွေ ရာသီမကုန်ခင်တောင် ကျွန်တော့်ကို ထုတ်ချင်ထုတ်ကြမှာပါ။ ဘယ်သူသိမလဲ။ သူတို့တွေ စိတ်ပျက်နေလောက်ပါပြီ”

“ကျွန်တော် ကစားသမားတွေရဲ့ ပေးဆပ်မှုနဲ့ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့စကား တစ်ခွန်းမှ မပြောနိုင်ပါဘူး။ သူတို့တွေ ပွဲအစကတည်းက အရာအားလုံးကို ပေးခဲ့ပြီး ကျွန်တော်တို့ ပွဲကို ၁၀ ယောက်နဲ့ အဆုံးသတ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် အပြုသဘောဆောင်တဲ့ အခြေအနေကို ကြည့်ရမယ်ဆိုရင် အဲဒါက ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့်ခြေလှမ်းပါ”

“ကျွန်တော်တို့ မနှစ်က ယူရိုပါကွန်းဖရင့်လိဂ်ကစားခဲ့ရပြီး အုပ်စုအဆင့်ကနေ မထွက်နိုင်ခဲ့ဘူး။ အခု ကျွန်တော်တို့ နောက်ထပ်ခြေလှမ်းလှမ်းနေပေမယ့် အဲဒါက မလုံလောက်ခဲ့ဘူး။ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်စွမ်းရှိချင်တယ်ဆိုရင် ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ကွန်တီရဲ့ စကားလုံးတွေကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “ကွန်တီက ဒီ ပွဲပြီးမှတ်ချက်စကားတွေ၊ ဒီစွမ်းဆောင်ရည်နဲ့ သူ့ကို ရာထူးကနေ ထုတ်ပေးဖို့ တောင်းဆိုနေတယ်။ သူ ကိစ္စပြတ်သွားပြီ။ ဆင်ခြေတွေအပြည့်နဲ့ တာဝန်ယူမှု တာဝန်ခံမှုလုံးဝမရှိတာ ရှင်းနေတာပဲ”လို့ ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကွန်တီက ရာထူးကနေ ထုတ်ပေးဖို့ တောင်းဆိုနေတာ ရှင်းနေတာပဲ။ သူကိုယ်တိုင်ကိုက ဒီပွဲမှာ ရှုံးချင်ခဲ့တာ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီယို ကြန္တီရဲ႕ ပြဲၿပီးသတင္းစာရွင္းလင္းပြဲက မွတ္ခ်က္စကားဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ နည္းျပရာထူးကေန ထုတ္ပယ္ခံခ်င္တာေၾကာင့္ ေျပာဆိုခဲ့တာလို႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။

ဗုဒၶဟူးေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ေအစီမီလန္အသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကေန ထြက္ခြာခဲ့ရတာ ျဖစ္ၿပီး စီးရီးေအကလပ္အသင္းက ပထမအေက်ာ့တုန္းက ဆန္စီ႐ိုမွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ ေနာက္ထပ္ ဆုဖလား လက္မဲ့ရာသီျဖစ္လာေတာ့မွာျဖစ္တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးကြင္းထဲက မေက်မနပ္ျဖစ္ေနတဲ့ ပရိသတ္ေတြရဲ႕ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ နည္းျပ အန္တိုနီယို ကြန္တီက ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ရာမွာ “ကြၽန္ေတာ့္စာခ်ဳပ္က ဇြန္လဆိုကုန္ၿပီ။ ကြၽန္ေတာ္တို႔ ၾကည့္ၾကတာေပါ့။ သူတို႔ေတြ ရာသီမကုန္ခင္ေတာင္ ကြၽန္ေတာ့္ကို ထုတ္ခ်င္ထုတ္ၾကမွာပါ။ ဘယ္သူသိမလဲ။ သူတို႔ေတြ စိတ္ပ်က္ေနေလာက္ပါၿပီ”

“ကြၽန္ေတာ္ ကစားသမားေတြရဲ႕ ေပးဆပ္မႈနဲ႔ပတ္သက္ၿပီး အပ်က္သေဘာေဆာင္တဲ့စကား တစ္ခြန္းမွ မေျပာႏိုင္ပါဘူး။ သူတို႔ေတြ ပြဲအစကတည္းက အရာအားလုံးကို ေပးခဲ့ၿပီး ကြၽန္ေတာ္တို႔ ပြဲကို ၁၀ ေယာက္နဲ႔ အဆုံးသတ္ခဲ့ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အျပဳသေဘာေဆာင္တဲ့ အေျခအေနကို ၾကည့္ရမယ္ဆိုရင္ အဲဒါက ကြၽန္ေတာ္တို႔ ေရွ႕ဆက္သြားရမယ့္ေျခလွမ္းပါ”

“ကြၽန္ေတာ္တို႔ မႏွစ္က ယူ႐ိုပါကြန္းဖရင့္လိဂ္ကစားခဲ့ရၿပီး အုပ္စုအဆင့္ကေန မထြက္ႏိုင္ခဲ့ဘူး။ အခု ကြၽန္ေတာ္တို႔ ေနာက္ထပ္ေျခလွမ္းလွမ္းေနေပမယ့္ အဲဒါက မလုံေလာက္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္ရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ကြန္တီရဲ႕ စကားလုံးေတြကို လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “ကြန္တီက ဒီ ပြဲၿပီးမွတ္ခ်က္စကားေတြ၊ ဒီစြမ္းေဆာင္ရည္နဲ႔ သူ႔ကို ရာထူးကေန ထုတ္ေပးဖို႔ ေတာင္းဆိုေနတယ္။ သူ ကိစၥျပတ္သြားၿပီ။ ဆင္ေျခေတြအျပည့္နဲ႔ တာဝန္ယူမႈ တာဝန္ခံမႈလုံးဝမရွိတာ ရွင္းေနတာပဲ”လို႔ ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကြန္တီက ရာထူးကေန ထုတ္ေပးဖို႔ ေတာင္းဆိုေနတာ ရွင္းေနတာပဲ။ သူကိုယ္တိုင္ကိုက ဒီပြဲမွာ ရႈံးခ်င္ခဲ့တာ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.