Premier League

ရီးရဲလ်နည်းပြရာထူးအတွက် အာဆင်နယ်ပရိသတ်တွေကို အဖြေပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ရီးရဲလ်မက်ဒရစ်အသင်းက ၎င်းကို နည်းပြသစ်အဖြစ် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အမ်းမရိတ်စ်က အလုပ်အပေါ်မှာပဲ အာရုံအပြည့်စိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ အာတီတာလက်အောက်မှာ အာဆင်နယ်အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲမှာ ပွဲ ၂၀ အထိ နိုင်ပွဲ ရရှိခဲ့ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၅ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြဟောင်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အာဆင်နယ် နည်းပြဖြစ်လာဖို့အတွက် မန်ချက်စတာစီးတီးကို စွန့်ခွာခဲ့သူဖြစ်ပြီး ဂန်းနားတွေဟာ စပိန်လူမျိုးနည်းပြရဲ့ ပထမဆုံးရာသီမှာ အက်ဖ်အေဖလားကို ရရှိခဲ့ပေမယ့်လည်း မြောက်လန်ဒန်မှာ ပထမဆုံးရာသီအပြည့်ကိုင်တွယ်ခဲ့တဲ့ ရာသီမှာတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီအချိန်တုန်းက အာဆင်နယ်ပရိသတ်တွေဟာ ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမားဟောင်းကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အသင်းပိုင်ရှင်တွေက အာတီတာကို အပြည့်အဝ ထောက်ခံအားပေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ယနေ့မှာ အကျိုးအမြတ်တွေ ပြန်လည်ခံစားနေရတာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီကုန်ဆုံးဖို့ ၁၂ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အထိ ဖြတ်ထားနိုင်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက အမ်းမရိတ်စ်က အာတီတာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သတိပြုမိခဲ့တာကြောင့် အန်ချယ်လော့တီရဲ့ နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေအကြောင်း မေးမြန်းခဲ့ရာမှာ အာတီတာက “နည်းပြတွေနဲ့ ကစားသမားတွေက မီဒီယာတွေက ရေးသားနေတာတွေကို ထိန်းချုပ်လို့မရနိုင်ပါဘူး။ ကျွန်တော် ပြောနိုင်တာက ကျွန်တော်ဒီမှာလုပ်နေတာတွေကို အပြည့်အဝ အာရုံစိုက်နေတယ်ဆိုတာဖြစ်ပြီးဒီအသင်းကို ကျွန်တော် လုပ်ပေးနေတာတွေအတွက် အရမ်းကို ဂုဏ်ယူမိပြီး ကျေးဇူးတင်မိပါတယ်။ ဒါပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ်နည်းပြဟာ ဆယ်ကျော်သက်ကစားသမားဘဝတုန်းက ဘာစီလိုနာအကယ်ဒမီမှာ ကစားခဲ့သူဖြစ်ပေမယ့်လည်း ပထမအသင်း ပွဲထွက်ခွင့်မရခင် ကတ်တလန်အသင်းကြီးကို စွန့်ခွာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၁ နှစ်ကြာ မကစားခင် ရီးရဲလ်ဆိုစီဒက်အတွက် လာလီဂါမှာ ကစားပေးခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ ရီးရဲလ္မက္ဒရစ္အသင္းက ၎ကို နည္းျပသစ္အျဖစ္ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း အမ္းမရိတ္စ္က အလုပ္အေပၚမွာပဲ အာ႐ုံအျပည့္စိုက္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

နည္းျပ အာတီတာလက္ေအာက္မွာ အာဆင္နယ္အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၆ ပြဲမွာ ပြဲ ၂၀ အထိ ႏိုင္ပြဲ ရရွိခဲ့ၿပီး ဒုတိယေနရာက မန္ခ်က္စတာစီးတီးကို ၅ မွတ္အသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕လက္ေထာက္နည္းျပေဟာင္းဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ အာဆင္နယ္ နည္းျပျဖစ္လာဖို႔အတြက္ မန္ခ်က္စတာစီးတီးကို စြန႔္ခြာခဲ့သူျဖစ္ၿပီး ဂန္းနားေတြဟာ စပိန္လူမ်ိဳးနည္းျပရဲ႕ ပထမဆုံးရာသီမွာ အက္ဖ္ေအဖလားကို ရရွိခဲ့ေပမယ့္လည္း ေျမာက္လန္ဒန္မွာ ပထမဆုံးရာသီအျပည့္ကိုင္တြယ္ခဲ့တဲ့ ရာသီမွာေတာ့ အဆင့္ ၈ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အဲဒီအခ်ိန္တုန္းက အာဆင္နယ္ပရိသတ္ေတြဟာ ၎တို႔ရဲ႕ ကြင္းလယ္ကစားသမားေဟာင္းကို ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုခဲ့ေပမယ့္လည္း အသင္းပိုင္ရွင္ေတြက အာတီတာကို အျပည့္အဝ ေထာက္ခံအားေပးမႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ယေန႔မွာ အက်ိဳးအျမတ္ေတြ ျပန္လည္ခံစားေနရတာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ယခုရာသီကုန္ဆုံးဖို႔ ၁၂ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အထိ ျဖတ္ထားႏိုင္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက အမ္းမရိတ္စ္က အာတီတာရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြကို သတိျပဳမိခဲ့တာေၾကာင့္ အန္ခ်ယ္ေလာ့တီရဲ႕ ေနရာမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ စိတ္ဝင္စားလာခဲ့တာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အနာဂတ္နဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေကာလာဟလေတြအေၾကာင္း ေမးျမန္းခဲ့ရာမွာ အာတီတာက “နည္းျပေတြနဲ႔ ကစားသမားေတြက မီဒီယာေတြက ေရးသားေနတာေတြကို ထိန္းခ်ဳပ္လို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ္ ေျပာႏိုင္တာက ကြၽန္ေတာ္ဒီမွာလုပ္ေနတာေတြကို အျပည့္အဝ အာ႐ုံစိုက္ေနတယ္ဆိုတာျဖစ္ၿပီးဒီအသင္းကို ကြၽန္ေတာ္ လုပ္ေပးေနတာေတြအတြက္ အရမ္းကို ဂုဏ္ယူမိၿပီး ေက်းဇူးတင္မိပါတယ္။ ဒါပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၄၀ အ႐ြယ္နည္းျပဟာ ဆယ္ေက်ာ္သက္ကစားသမားဘဝတုန္းက ဘာစီလိုနာအကယ္ဒမီမွာ ကစားခဲ့သူျဖစ္ေပမယ့္လည္း ပထမအသင္း ပြဲထြက္ခြင့္မရခင္ ကတ္တလန္အသင္းႀကီးကို စြန႔္ခြာခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ၁၁ ႏွစ္ၾကာ မကစားခင္ ရီးရဲလ္ဆိုစီဒက္အတြက္ လာလီဂါမွာ ကစားေပးခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.