Ligue1
ပီအက်စ်ဂျီပြုတ်တာ ဝမ်းသာတယ်လို့ ပြောလိုက်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ကို ထွက်ဖို့ တိုက်တွန်းခဲ့တဲ့ ကာရေဂါ
လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ပီအက်စ်ဂျီအသင်း ဘိုင်ယန်မြူးနစ်ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပြုတ်သွားတာကို ဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ အဲလီးယန့်ဇ်ကွင်းကို ဗုဒ္ဓဟူးနေ့ညနေမှာ ပထမအကျော့တုန်းက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ကွဲပြားခြားနားမှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့တာဖြစ်ပြီး လိဂန်းချန်ပီယံတွေဟာ ပထမအကျော့ထက်ပိုဆိုးတဲ့ ၂-၀ နဲ့ ရှုံးပွဲရင်ဆိုင်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ချူပို-မိုတင်း၊ ဂနာဘရီတို့ရဲ့ဒုတိယပိုင်းသွင်းဂိုးတွေက ဘိုင်ယန်မြူးနစ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ဖို့ လုံလောက်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယေးဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့နောက် နည်းပြရာထူးအတွက် ကြီးမားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ခီလီယန် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ အားကောင်းတဲ့စိတ်ဝင်စားမှု ခံနေရချိန်မှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ ၂-၀ နဲ့ ရှုံးပွဲအပြီး ပြောဆိုရာမှာ ကာရေဂါက လိဂန်းချန်ပီယံတွေက အသင်းအဖွဲ့မဟုတ်ဘဲ အရှုပ်ထုပ်တွေလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်မြင်တွေ့ခဲ့ရတာတွေကို ရှင်းရှင်းပြောရရင် ကျွန်တော် တကယ်ပြောတာပါ။ ပီအက်စ်ဂျီထွက်သွားတာကို ဝမ်းမြောက်မိပါတယ်။ ကျွန်တော်က ပီအက်စ်ဂျီနဲ့ပတ်သက်ပြီး အားလုံးကို မနှစ်သက်ပါဘူး။ သူတို့က အသင်းအဖွဲ့မဟုတ်ဘူး။ သူတို့က အရှုပ်ထုပ်တွေပါ”
“၇ နှစ်မှာ ၅ နှစ် ၁၆ သင်းအဆင့်ကနေ ပြုတ်တယ်။ သူတို့တွေ အားလုံးထက် ငွေကြေးပိုသုံးစွဲခဲ့တယ်။ သူတို့တွေမှာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေရှိတယ်။ ခင်ဗျား သိလား။ အဲဒါက အရမ်းကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒါက အသင်းတစ်သင်းဖြစ်လာဖို့က ဘယ်လောက်အရေးပါလဲဆိုတာကို ပြောနေတာမို့လို့ပါ”
“အဲဒါက ဘောလုံးမှာ တကယ်ကို အရေးပါတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ အသင်းထဲက တစ်ဦးချင်းစီကို နှစ်သက်ပေမယ့် ရှင်းရှင်းပြောရရင် သူတို့က အသင်းမဟုတ်ပါဘူး။ ခီလီယန် အမ်ဘာပေအနေနဲ့ အဲဒီအသင်းကို စွန့်ခွာရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
REF: INTERNET SOURCES
SPORTS A2Z.