UCL&UEL

အာဆင်နယ်နဲ့ပွဲမှာ တတိယအကြိမ် တောက်ပပြနိုင်တဲ့ မားကပ်စ် အက်ဒွပ်စ်

အာဆင်နယ်ပရိသတ်တွေဟာ ယနေ့ည စပို့တင်းနဲ့ပွဲမှာ ကစားသမားဟောင်း ဟက်တာ ဘယ်လာရင်ကို အာရုံစိုက်စောင့်ကြည့်သွားကြမှာဖြစ်ပြီး မားကပ်စ် အက်ဒွပ်စ်ဟာ မြောက်လန်ဒန်ပြိုင်ဘက်တွေအတွက် ကိုယ်စားပြုခဲ့တယ်ဆိုတာကိုလည်း သေချာအောင် ပြသသွားမှာဖြစ်ပါတယ်။

စပါးစ်ကြယ်ပွင့်ဟောင်းဟာ ဒီရာသီမှာ အသင်းဟောင်းနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ စပါးစ်အိမ်ကွင်းက သရေပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တောင်ပံကစားသမားရဲ့ လစ္စဘွန်းက ခြေစွမ်းကြောင့် မိခင်ကလပ်အသင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်လာစေခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းရဲ့ အဓိကပြိုင်ဘက်တွေနဲ့ပွဲမှာ တောက်ပပြမယ်ဆိုရင် မိခင်ကလပ်အသင်းအတွက် စိတ်ကျေနပ်စရာဖြစ်လာမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို ဂိုးသွင်းယူနိုင်မယ်ဆိုရင် မားကပ်စ် အက်ဒွပ်စ်အနေနဲ့လည်း စိတ်ကျေနပ်မှာဖြစ်ပေမယ့်လည်း အဲဒီလို လုပ်ခဲ့ဖူးပြီးသားဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းက အက်ဒွပ်စ်ဟာ အာဆင်နယ်ယူ-၂၃ ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ဒါဘီပွဲစဉ်မှာ စပါးစ်ယူ-၂၃ အသင်းအတွက် ပင်နယ်တီကနေ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အစောပိုင်းမှာ ရှာယွန် ဟာရစ်ဆင်ဂိုးသွင်းယူနိုင်အောင်လည်း ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လူငယ်ကြယ်ပွင့်ရဲ့ လှုပ်ရှားမှုတွေကို အဲဒီအချိန်တုန်းက နည်းပြ ပိုချက်တီနိုတောင် မချီးကျူးဘဲမနေနိုင်ခဲ့ဘဲ အက်ဒွပ်စ်ရဲ့ အရည်အသွေး၊ ခန္ဓာကိုယ်နဲ့ ကစားဟန်က မက်ဆီ ဘောလုံးစတင်ကစားခဲ့တဲ့အချိန်တုန်းကနဲ့တောင် နည်းနည်းဆင်တူတယ်လို့ ပြောဆိုခဲ့ပြီး တောင်အမေရိကမှာသာ မွေးဖွားခဲ့ရင် အသင်းကြီးတွေက အလုအယက်ခေါ်ယူကြမှာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီမှတ်ချက်စကားဟာ အက်ဒွပ်စ်ရဲ့ မြောက်လန်ဒန်က အချိန်တွေ ဘယ်လိုအဆုံးသတ်ခဲ့ရလဲဆိုတာကို သဲလွန်စပေးခဲ့တာဖြစ်ပြီး အမ်ဖီးဖွား တောင်ပံကစားသမားဟာ စပါးစ်ပထမအသင်းအတွက် ကစားပေးခွင့်မရခဲ့ဘဲ နောဝစ်ချ်ကို အငှားနဲ့ ထွက်ကစားချိန်မှာလည်း ခြေစွမ်းမပြသနိင်ခဲ့တာဖြစ်ပါတယ်။ အက်ဒွပ်စ်အနေနဲ့ မြောက်လန်ဒန်မှာ ခါးသီးတဲ့ အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ခဲ့ရတာက အရည်အချင်းမရှိတာကြောင့် မဟုတ်ဘူးဆိုတာကို နယ်သာလန်ကလပ် အိတ်ဆဲစီယာမှာ ခြေစွမ်းကောင်း ပြသပြီး သက်သေပြသနိုင်ခဲ့ပြီးနောက် ပေါ်တူဂီက ဗစ်တိုးရီးယား ဂီမာရေးစ်အသင်းသကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီကလပ်အသင်းဟာ ၂၀၁၉-၂၀၂၀ ရာသီ ယူရိုပါလိဂ်မှာ အူနိုင်း အမ်မရီရဲ့ အာဆင်နယ်နဲ့ တွေ့ဆုံခဲ့ပြီး အက်ဒွပ်စ်ဟာ ဂန်းနားတွေကို ဂိုးသွင်းယူနိုင်ဖို့ ၁၀ မိနစ်သာ အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အက်ဒွပ်စ်ရဲ့ ဗစ်တိုးရီးယားအသင်းဟာ ဂန်းနားတွေ ၂ ဂိုး ပြန်သွင်းတာ ခံခဲ့ရပြီး အုပ်စုအောက်ဆုံးမှာ ရပ်တည်ခဲ့ရပေမယ့်လည်း စပါးစ်ကြယ်ပွင့်ဟောင်းရဲ့ ဗစ်တိုးရီးယားက ၂ နှစ်ခွဲကြာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ပေါ်တူဂီရဲ့အကြီးမားဆုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပို့တင်း လစ္စဘွန်းကို ပြောင်းရွှေ့ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ည အာဆင်နယ်နဲ့ပွဲစဉ်မှာသာ မားကပ်စ် အက်ဒွပ်စ်အနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်ကို မတူညီတဲ့ ကလပ်အသင်း ၃ သင်းနဲ့ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာမှာဖြစ်ပြီး အဲဒီအခွင့်အရေးကို စပါးစ်ကြယ်ပွင့်ဟောင်းအနေနဲ့ လက်လွှတ်ခံမှာမဟုတ်တာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ပရိသတ္ေတြဟာ ယေန႔ည စပို႔တင္းနဲ႔ပြဲမွာ ကစားသမားေဟာင္း ဟက္တာ ဘယ္လာရင္ကို အာ႐ုံစိုက္ေစာင့္ၾကည့္သြားၾကမွာျဖစ္ၿပီး မားကပ္စ္ အက္ဒြပ္စ္ဟာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ေတြအတြက္ ကိုယ္စားျပဳခဲ့တယ္ဆိုတာကိုလည္း ေသခ်ာေအာင္ ျပသသြားမွာျဖစ္ပါတယ္။

စပါးစ္ၾကယ္ပြင့္ေဟာင္းဟာ ဒီရာသီမွာ အသင္းေဟာင္းနဲ႔ ေတြ႕ဆုံခဲ့ၿပီးျဖစ္ၿပီး ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၂ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ စပါးစ္အိမ္ကြင္းက သေရပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေတာင္ပံကစားသမားရဲ႕ လစၥဘြန္းက ေျခစြမ္းေၾကာင့္ မိခင္ကလပ္အသင္းျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚလာေစခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ အဓိကၿပိဳင္ဘက္ေတြနဲ႔ပြဲမွာ ေတာက္ပျပမယ္ဆိုရင္ မိခင္ကလပ္အသင္းအတြက္ စိတ္ေက်နပ္စရာျဖစ္လာမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကို ဂိုးသြင္းယူႏိုင္မယ္ဆိုရင္ မားကပ္စ္ အက္ဒြပ္စ္အေနနဲ႔လည္း စိတ္ေက်နပ္မွာျဖစ္ေပမယ့္လည္း အဲဒီလို လုပ္ခဲ့ဖူးၿပီးသားျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလတုန္းက အက္ဒြပ္စ္ဟာ အာဆင္နယ္ယူ-၂၃ ကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ဒါဘီပြဲစဥ္မွာ စပါးစ္ယူ-၂၃ အသင္းအတြက္ ပင္နယ္တီကေန အႏိုင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး အေစာပိုင္းမွာ ရွာယြန္ ဟာရစ္ဆင္ဂိုးသြင္းယူႏိုင္ေအာင္လည္း ဖန္တီးေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လူငယ္ၾကယ္ပြင့္ရဲ႕ လႈပ္ရွားမႈေတြကို အဲဒီအခ်ိန္တုန္းက နည္းျပ ပိုခ်က္တီႏိုေတာင္ မခ်ီးက်ဴးဘဲမေနႏိုင္ခဲ့ဘဲ အက္ဒြပ္စ္ရဲ႕ အရည္အေသြး၊ ခႏၶာကိုယ္နဲ႔ ကစားဟန္က မက္ဆီ ေဘာလုံးစတင္ကစားခဲ့တဲ့အခ်ိန္တုန္းကနဲ႔ေတာင္ နည္းနည္းဆင္တူတယ္လို႔ ေျပာဆိုခဲ့ၿပီး ေတာင္အေမရိကမွာသာ ေမြးဖြားခဲ့ရင္ အသင္းႀကီးေတြက အလုအယက္ေခၚယူၾကမွာလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီမွတ္ခ်က္စကားဟာ အက္ဒြပ္စ္ရဲ႕ ေျမာက္လန္ဒန္က အခ်ိန္ေတြ ဘယ္လိုအဆုံးသတ္ခဲ့ရလဲဆိုတာကို သဲလြန္စေပးခဲ့တာျဖစ္ၿပီး အမ္ဖီးဖြား ေတာင္ပံကစားသမားဟာ စပါးစ္ပထမအသင္းအတြက္ ကစားေပးခြင့္မရခဲ့ဘဲ ေနာဝစ္ခ်္ကို အငွားနဲ႔ ထြက္ကစားခ်ိန္မွာလည္း ေျခစြမ္းမျပသနိင္ခဲ့တာျဖစ္ပါတယ္။ အက္ဒြပ္စ္အေနနဲ႔ ေျမာက္လန္ဒန္မွာ ခါးသီးတဲ့ အေတြ႕အႀကဳံေတြနဲ႔ ရင္ဆိုင္ခဲ့ရတာက အရည္အခ်င္းမရွိတာေၾကာင့္ မဟုတ္ဘူးဆိုတာကို နယ္သာလန္ကလပ္ အိတ္ဆဲစီယာမွာ ေျခစြမ္းေကာင္း ျပသၿပီး သက္ေသျပသႏိုင္ခဲ့ၿပီးေနာက္ ေပၚတူဂီက ဗစ္တိုးရီးယား ဂီမာေရးစ္အသင္းသကို ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။

ေပၚတူဂီကလပ္အသင္းဟာ ၂၀၁၉-၂၀၂၀ ရာသီ ယူ႐ိုပါလိဂ္မွာ အူႏိုင္း အမ္မရီရဲ႕ အာဆင္နယ္နဲ႔ ေတြ႕ဆုံခဲ့ၿပီး အက္ဒြပ္စ္ဟာ ဂန္းနားေတြကို ဂိုးသြင္းယူႏိုင္ဖို႔ ၁၀ မိနစ္သာ အခ်ိန္ယူခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အက္ဒြပ္စ္ရဲ႕ ဗစ္တိုးရီးယားအသင္းဟာ ဂန္းနားေတြ ၂ ဂိုး ျပန္သြင္းတာ ခံခဲ့ရၿပီး အုပ္စုေအာက္ဆုံးမွာ ရပ္တည္ခဲ့ရေပမယ့္လည္း စပါးစ္ၾကယ္ပြင့္ေဟာင္းရဲ႕ ဗစ္တိုးရီးယားက ၂ ႏွစ္ခြဲၾကာ ျပသခဲ့တဲ့ ေျခစြမ္းေၾကာင့္ ေပၚတူဂီရဲ႕အႀကီးမားဆုံးကလပ္အသင္းတစ္သင္းျဖစ္တဲ့ စပို႔တင္း လစၥဘြန္းကို ေျပာင္းေ႐ႊ႕ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔ည အာဆင္နယ္နဲ႔ပြဲစဥ္မွာသာ မားကပ္စ္ အက္ဒြပ္စ္အေနနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့မယ္ဆိုရင္ အာဆင္နယ္ကို မတူညီတဲ့ ကလပ္အသင္း ၃ သင္းနဲ႔ ဂိုးသြင္းယူႏိုင္တဲ့ ကစားသမားျဖစ္လာမွာျဖစ္ၿပီး အဲဒီအခြင့္အေရးကို စပါးစ္ၾကယ္ပြင့္ေဟာင္းအေနနဲ႔ လက္လႊတ္ခံမွာမဟုတ္တာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.