Match Report Premier League Serie A UCL&UEL

ဘဲဥမကွဲတဲ့ တိုက်စစ်နဲ့ အေစီမီလန်ကို မနိုင်ဘဲ အိမ်ကွင်းမှာ ထွက်ခဲ့ရတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ လွန်ဂလေ၊ ရိုမဲရိုး၊ ဘန်ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ စကစ်ပ်၊ ဟွိုင်ဘယာ့ဂ်၊ ပါရီရှစ်ချ်နဲ့ အီမာဆန် ရိုယဲလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အေစီမီလန်တို့ကတော့ ဂိုးသမား မေညွန်၊ ခံစစ်မှာ သီယော၊ ကာလူးလူးနဲ့ တိုမိုရီတို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ခရူးနစ်ချ်၊ တိုနာလီ၊ ဂျူနီယာ မက်ဆီယာ့စ်နဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘရာဟင်မ် ဒီယက်ဇ်၊ ရာဖေးလ် လီယာအိုနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာပါ။

စပါးစ်နည်းပြအဆက်ဆက်အနေနဲ့ သူတို့ရဲ့ အသင်းမှာ ဖန်တီးမှု တာဝန်ကို ကွင်းလယ်ကနေ တောင်ပံကို ပြောင်းလဲလိုက်ကတည်းက ကစားပုံ ကျဆင်းလာခဲ့ရသလို မော်ရင်ညိုနဲ့ ကွန်တီတို့လက်ထက်မှာတော့ အဲရစ်ဆန်လို ကစားသမားမျိုးကို ရှင်းထုတ်ထားခဲ့တဲ့ နေရာမှာ ဘယ်သူကမှ အစားမထိုးနိုင်တော့ဘဲ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့က ကွင်းလယ်ဆင်းပြီး ဖန်တီးနေရတာက အသင်းကြီးတွေထက် တစ်ဆင့်နိမ့်စေခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာလည်း အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ထားခဲ့ချိန်မှာ သူတို့ရဲ့ ရိုးနေတဲ့ တောင်ပံကနေ ဖြတ်တင်မလား၊ အတွင်းကို ချိုးပြီး ကန်မလားဆိုတဲ့ အကွက်တွေကို အေစီမီလန်တို့က ကောင်းကောင်း သဘောပေါက်နေခဲ့လို့ ပထမပိုင်းမှာတော့ စပါးစ်တို့ ဘယ်လိုမှ အလုပ်မဖြစ်နိုင်ခဲ့ဘဲ ဂိုးမရှိသရေလဒ်ပဲ ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ပါရီရှစ်ချ်နဲ့ ရိုယဲလ်တို့အစား ပေါ်ရိုနဲ့ ရစ်ချာလစ်ဆန်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ပေါင်သန်း ၆၀ တန်အောင် ဘယ်တုန်းကမှ ခြေစွမ်းမပြနိုင်တဲ့ ရစ်ချာလစ်ဆန်နဲ့ တိုက်စစ်မှာ ဂိုးမရနိုင်ခဲ့သလို ဂိုးသမား ဖော်စတာ မကောင်းရင် ဂိုးပါပေးလိုက်ရမယ့် သဘောမှာရှိခဲ့ပြီး တူညီတဲ့ ကစားကွက်နဲ့ အသင်းနှစ်သင်းရဲ့ အပြန်အလှန် ကောင်တာချောင်းနေမှုတွေကလည်း ပျင်းစရာပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ကောင်တာကနေ ပြေးတက်လာတဲ့ သီယို ဟာနန်ဒက်ဇ်ကို ဘောလုံးမထိဘဲ ခြေထောက်ကိုပဲ ကန်မိခဲ့တဲ့ ရိုမဲရိုးကို ဒိုင်လူကြီး ကလေမွန် တာပန်က နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်သွားခဲ့တာကြောင့် စပါးစ်တို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပြီး ဟာရီကိန်းနဲ့ အိုရီဂီတို့ကတော့ ဂိုးဝင်နိုင်တဲ့ အခွင့်အရေးတစ်ကြိမ်စီကို ကံဆိုးခဲ့ကြတာကြောင့် ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် နည်းပြ ကွန်တီရဲ့ ချန်ပီယံလိဂ်မှာ ဆိုးရွားလှတဲ့ မှတ်တမ်းက ရှေ့ဆက်သွားခဲ့ပြီး နောက်ဆုံး ၆ ရာသီ ဆက်တိုက် ကွာတားသာ အမြင့်ဆုံး ရောက်ခဲ့ရတဲ့ အီတလီသားအနေနဲ့ ၁၆ သင်းအဆင့်က လှည့်ပြန်ခဲ့ရချိန်မှာ အေစီမီလန်တို့ကလည်း ဒီလိုပုံစံ အဆုံးသတ်ပိုင်းကို မပြင်နိုင်ခဲ့ရင် လာမယ့် တစ်ဆင့်မှာ ပြိုင်ပွဲက ထွက်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေဖာ္စတာ၊ ခံစစ္မွာ လြန္ဂေလ၊ ႐ိုမဲ႐ိုး၊ ဘန္ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ စကစ္ပ္၊ ဟြိဳင္ဘယာ့ဂ္၊ ပါရီရွစ္ခ်္နဲ႔ အီမာဆန္ ႐ိုယဲလ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ ကူလူရွက္ဗ္စကီးနဲ႔ ဟာရီကိန္းတို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေအစီမီလန္တို႔ကေတာ့ ဂိုးသမား ေမၫြန္၊ ခံစစ္မွာ သီေယာ၊ ကာလူးလူးနဲ႔ တိုမိုရီတို႔ကို ေနရာခ်ထားခဲ့သလို ကြင္းလယ္မွာေတာ့ ခ႐ူးနစ္ခ်္၊ တိုနာလီ၊ ဂ်ဴနီယာ မက္ဆီယာ့စ္နဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘရာဟင္မ္ ဒီယက္ဇ္၊ ရာေဖးလ္ လီယာအိုနဲ႔ ဂ်ီ႐ူးတို႔ကို ပြဲထုတ္လာခဲ့တာပါ။

စပါးစ္နည္းျပအဆက္ဆက္အေနနဲ႔ သူတို႔ရဲ႕ အသင္းမွာ ဖန္တီးမႈ တာဝန္ကို ကြင္းလယ္ကေန ေတာင္ပံကို ေျပာင္းလဲလိုက္ကတည္းက ကစားပုံ က်ဆင္းလာခဲ့ရသလို ေမာ္ရင္ညိဳနဲ႔ ကြန္တီတို႔လက္ထက္မွာေတာ့ အဲရစ္ဆန္လို ကစားသမားမ်ိဳးကို ရွင္းထုတ္ထားခဲ့တဲ့ ေနရာမွာ ဘယ္သူကမွ အစားမထိုးႏိုင္ေတာ့ဘဲ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔က ကြင္းလယ္ဆင္းၿပီး ဖန္တီးေနရတာက အသင္းႀကီးေတြထက္ တစ္ဆင့္နိမ့္ေစခဲ့တာျဖစ္ပါတယ္။

ဒီေန႔မွာလည္း အေဝးကြင္းမွာ တစ္ဂိုးတည္းနဲ႔ ရႈံးနိမ့္ထားခဲ့ခ်ိန္မွာ သူတို႔ရဲ႕ ႐ိုးေနတဲ့ ေတာင္ပံကေန ျဖတ္တင္မလား၊ အတြင္းကို ခ်ိဳးၿပီး ကန္မလားဆိုတဲ့ အကြက္ေတြကို ေအစီမီလန္တို႔က ေကာင္းေကာင္း သေဘာေပါက္ေနခဲ့လို႔ ပထမပိုင္းမွာေတာ့ စပါးစ္တို႔ ဘယ္လိုမွ အလုပ္မျဖစ္ႏိုင္ခဲ့ဘဲ ဂိုးမရွိသေရလဒ္ပဲ ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ပါရီရွစ္ခ်္နဲ႔ ႐ိုယဲလ္တို႔အစား ေပၚ႐ိုနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ေပါင္သန္း ၆၀ တန္ေအာင္ ဘယ္တုန္းကမွ ေျခစြမ္းမျပႏိုင္တဲ့ ရစ္ခ်ာလစ္ဆန္နဲ႔ တိုက္စစ္မွာ ဂိုးမရႏိုင္ခဲ့သလို ဂိုးသမား ေဖာ္စတာ မေကာင္းရင္ ဂိုးပါေပးလိုက္ရမယ့္ သေဘာမွာရွိခဲ့ၿပီး တူညီတဲ့ ကစားကြက္နဲ႔ အသင္းႏွစ္သင္းရဲ႕ အျပန္အလွန္ ေကာင္တာေခ်ာင္းေနမႈေတြကလည္း ပ်င္းစရာပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေကာင္တာကေန ေျပးတက္လာတဲ့ သီယို ဟာနန္ဒက္ဇ္ကို ေဘာလုံးမထိဘဲ ေျခေထာက္ကိုပဲ ကန္မိခဲ့တဲ့ ႐ိုမဲ႐ိုးကို ဒိုင္လူႀကီး ကေလမြန္ တာပန္က ႏွစ္ဝါ တစ္နီနဲ႔ ထုတ္ပယ္သြားခဲ့တာေၾကာင့္ စပါးစ္တို႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရၿပီး ဟာရီကိန္းနဲ႔ အိုရီဂီတို႔ကေတာ့ ဂိုးဝင္ႏိုင္တဲ့ အခြင့္အေရးတစ္ႀကိမ္စီကို ကံဆိုးခဲ့ၾကတာေၾကာင့္ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ နည္းျပ ကြန္တီရဲ႕ ခ်န္ပီယံလိဂ္မွာ ဆိုး႐ြားလွတဲ့ မွတ္တမ္းက ေရွ႕ဆက္သြားခဲ့ၿပီး ေနာက္ဆုံး ၆ ရာသီ ဆက္တိုက္ ကြာတားသာ အျမင့္ဆုံး ေရာက္ခဲ့ရတဲ့ အီတလီသားအေနနဲ႔ ၁၆ သင္းအဆင့္က လွည့္ျပန္ခဲ့ရခ်ိန္မွာ ေအစီမီလန္တို႔ကလည္း ဒီလိုပုံစံ အဆုံးသတ္ပိုင္းကို မျပင္ႏိုင္ခဲ့ရင္ လာမယ့္ တစ္ဆင့္မွာ ၿပိဳင္ပြဲက ထြက္ရႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.