Premier League

စပါးစ်ကထွက်ပြီး မန်ယူနိုက်တက်သွားဖို့ တိုက်တွန်းခံခဲ့ရတဲ့ ဟာရီ ကိန်း

သီယာရီ အွန်နရီက ဟာရီ ကိန်းအနေနဲ့ စပါးစ်ကို ယခုနွေရာသီမှာ စွန့်ခွာသင့်တယ်လို့ ယုံကြည်နေပေမယ့်လည်း ကာရေဂါက အင်္ဂလန်တိုက်စစ်မှူးအတွက် လက်တွေ့ကျတဲ့ ရွေးချယ်မှုက တစ်ခုပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာရီ ကိန်းဟာ ဗုဒ္ဒဟူးနေ့ညက တော့တင်ဟမ်ဟော့စပါးအသင်း ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဆုဖလားမရရှိဘဲ မြောက်လန်ဒန်မှာ ရှိနေခဲ့တာ ၁၃ ရာသီအထိ ရှိလာတော့မှာ ဖြစ်ပြီး ကွန်တီရဲ့အသင်းဟာ အေစီမီလန်ကို ၂ ကျော့ပေါင်း ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ ချန်ပီယံလိဂ်က ထွက်ခွာရမှုက ကိန်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး နောက်ထပ် ကောလာဟလအသစ်တွေ ထွက်ပေါ်လာစေခဲ့ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာ ၂ သင်းနဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက ဟာရီ ကိန်းအနေနဲ့ အသင်းသစ်ရှာဖွေသင့်ပြီဖြစ်တယ်လို့ ယုံကြည်နေပြီး အလွန်ထူးချွန်တဲ့ အင်္ဂလန်တိုက်စစ်မှူးအနေနဲ့ ဆုဖလားတစ်လုံးမှမရဘဲ ကစားသမားဘဝကို အဆုံးသတ်ဖို့ မထိုက်တန်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ့နေရာမှာ ကျွန်တော်သာဆို လစ်ပြီ။ သူ ဘယ်သွားမလဲဆိုတာ ရွေးချယ်ရမှာ သူ့အပိုင်းဖြစ်ပေမယ့် ကျွန်တော်ဆိုရင်တော့ သွားပြီ။ သူ ဘယ်သွားချင်လဲဆိုတာ သူ သိမှာပါ။ ဒီလိုမျိုး ကစားသမား၊ သူ့လိုမျိုး အရည်အချင်းရှိတဲ့ကစားသမားက ကစားသမားဘဝအဆုံးမှာ သူ့ရဲ့ သွင်းဂိုးတွေအကြောင်းပဲ ပြောနေရတာမျိုး မဖြစ်သင့်ဘူး။ ကျွန်တော်သာ သူ့နေရာမှာဆိုရင် ကျွန်တော် ပြောလို့ရတာက သွင်းဂိုးတွေပဲဖြစ်နေမယ်ဆို ညတောင် အိပ်လို့ရမှာမဟုတ်ပါဘူး”

“နားထောင် အဲဒါက ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီး ကျွန်တော်သူ့အတွက် ကြီးမားတဲ့ လေးစားမှု ရှိပါတယ်။ သူက အရမ်းထူးချွန်တယ်လို့ ကျွန်တော် ထင်တယ်။ ဒါဒပေမယ့် ခင်ဗျားရဲ့ ကစားသမားဘဝ အဆုံးမှာ ခင်ဗျား ပြစရာရှိတာက ဂိုးတွေ တစ်ခုပဲ ရှိမယ်ဆိုရင် ကျွန်တော့်အတွက်တော့ အဲဒါက ခက်ခဲပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဟာရီ ကိန်းဟာ စပါးစ်အတွက် ၄၂၃ ပွဲမှာ ၂၆၈ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေသလို အလန် ရှီးယားရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကိုလည်း လိုက်မီဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါကလည်း ကိန်းအနေနဲ့ စပါးစ်ကို စွန့်ခွာခဲ့ရင်တောင် အင်္ဂလန်မှာ ဆက်နေချင်မှာဖြစ်တယ်လို့ ယုံကြည်နေပေမယ့်လည်း အင်္ဂလန်တိုက်စစ်မှူးအတွက် ရွေးချယ်စရာ များများစားစားမရှိဘဲ ချန်ပီယံလိဂ်မှာ ရာသီတိုင်း ကစားပြီး ပြည်တွင်းမှာလည်း ဖလားတွေ ရယူချင်တယ်ဆိုရင် မန်ချက်စတာယူနိုက်တက်တစ်သင်းတည်းကပဲ စပါးစ်တိုက်စစ်မှူးသွားနိုင်မယ့် အသင်းအဖြစ် ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.