Premier League

အေစီမီလန် ကွာတားတက်ပြီးနောက် ချန်ပီယံလိဂ်ရပြီဆိုပြီး ပျော်နေတဲ့ ချဲလ်ဆီးပရိသတ်များ

ချဲလ်ဆီးပရိသတ်တွေဟာ အေစီမီလန်အသင်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် မှတ်တမ်းတွေကို တူးဆွပြီး အလုပ်ရှုပ်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့ညမှာ အေစီမီလန်အသင်းဟာ တော့တင်ဟမ်ဟော့ပါးအသင်းအိမ်ကွင်းမှာ ၂ ကျော့ပေါင်း ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေအသင်းရဲ့ နိုင်ပွဲအပြီးမှာ ချဲလ်ဆီးပရိသတ်တွေဟာ ၎င်းတို့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ရရှိတော့မယ်ဆိုတဲ့ သီအိုရီကို ထုတ်ခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးပရိသတ်တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ အေစီမီလန်နဲ့ ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုနဲ့ ဆက်စပ်နေတာကို ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

“မီလန်က ၂၀၁၁-၂၀၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားတက်လာတယ်။ ၁၆ သင်းအဆင့်မှာ ၂ ကြိမ်စလုံး အင်္ဂလိပ်အသင်းကို အနိုင်ယူပြီး တက်လာခဲ့တယ်။ ချဲလ်ဆီးက ၂၀၁၁-၂၀၁၂ ရာသီမှာ ကစားသမား ၇ ဦးနဲ့အထက် ခေါ်ယူခဲ့ပြီး ကွာတားမတက်ခင် ၁၆ သင်းပထမအကျော့ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တယ်။ ချဲလ်ဆီးအသင်းက ဒီရာသီမှာလည်း အဲဒီအတိုင်းပဲ ဖြစ်ခဲ့တယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီ တွစ်တာပို့စ်ဟာ ချဲလ်ဆီးအသင်းအနေနဲ့ ယခုနှစ်မှာ သမိုင်းတစ်ပတ်လည်နိုင်တယ်လို့ ဆက်စပ်ပြခဲ့ပြီး ဂရေဟမ် ပေါ့တားရဲ့အသင်းဟာ လာမယ့်ဇွန် အစ္စတန်ဘူလ်မှာ ဆုဖလားကိုင်မြှောက်နိုင်မယ့်အသင်းဖြစ်လာနိုင်တယ်လို့ သီအိုရီထုတ်ခဲ့တာဖြစ်ပါတယ်။

အစောပိုင်းတုန်းက ချဲလ်ဆီးပရိသတ်တွေဟာ ဒေါ့မွန်ကျိန်စာအကြောင်းကို ပြောဆိုခဲ့ကြပြီး ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဒေ့ါမွန်ကို ဖြုတ်ခဲ့တဲ့အသင်းတိုင်းဟာ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ကြတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပရိသတ်တွေဟာ ရေနစ်သူအတွက် ကောက်ရိုးတမျှင်အဖြစ် မှတ်တမ်းတွေကို တူးဆွနေပုံပေါ်ပေမယ့်လည်း ဘောလုံးကမ္ဘာမှာ ထူးဆန်းတဲ့အရာတွေ ဖြစ်ပျက်နေတာကို အားလုံးလည်း မြင်တွေ့ခဲ့ကြမှာ ဖြစ်ပြီး မဖြစ်လာသေးတာသာရှိပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးပရိသတ္ေတြဟာ ေအစီမီလန္အသင္းက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ မွတ္တမ္းေတြကို တူးဆြၿပီး အလုပ္ရႈပ္ေနၾကပါတယ္။

ဗုဒၶဟူးေန႔ညမွာ ေအစီမီလန္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့ပါးအသင္းအိမ္ကြင္းမွာ ၂ ေက်ာ့ေပါင္း ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

စီးရီးေအအသင္းရဲ႕ ႏိုင္ပြဲအၿပီးမွာ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ၎တို႔အေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အႏိုင္ရရွိေတာ့မယ္ဆိုတဲ့ သီအိုရီကို ထုတ္ခဲ့ၾကတာျဖစ္ၿပီး ခ်ဲလ္ဆီးပရိသတ္တစ္ဦးက လူမႈကြန္ရက္ေပၚမွာ ေအစီမီလန္နဲ႔ ခ်ဲလ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈနဲ႔ ဆက္စပ္ေနတာကို ထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။

“မီလန္က ၂၀၁၁-၂၀၁၂ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ ကြာတားတက္လာတယ္။ ၁၆ သင္းအဆင့္မွာ ၂ ႀကိမ္စလုံး အဂၤလိပ္အသင္းကို အႏိုင္ယူၿပီး တက္လာခဲ့တယ္။ ခ်ဲလ္ဆီးက ၂၀၁၁-၂၀၁၂ ရာသီမွာ ကစားသမား ၇ ဦးနဲ႔အထက္ ေခၚယူခဲ့ၿပီး ကြာတားမတက္ခင္ ၁၆ သင္းပထမအေက်ာ့ပြဲစဥ္ကို ရႈံးနိမ့္ခဲ့တယ္။ ခ်ဲလ္ဆီးအသင္းက ဒီရာသီမွာလည္း အဲဒီအတိုင္းပဲ ျဖစ္ခဲ့တယ္”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီ တြစ္တာပို႔စ္ဟာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ယခုႏွစ္မွာ သမိုင္းတစ္ပတ္လည္ႏိုင္တယ္လို႔ ဆက္စပ္ျပခဲ့ၿပီး ဂေရဟမ္ ေပါ့တားရဲ႕အသင္းဟာ လာမယ့္ဇြန္ အစၥတန္ဘူလ္မွာ ဆုဖလားကိုင္ေျမႇာက္ႏိုင္မယ့္အသင္းျဖစ္လာႏိုင္တယ္လို႔ သီအိုရီထုတ္ခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းတုန္းက ခ်ဲလ္ဆီးပရိသတ္ေတြဟာ ေဒါ့မြန္က်ိန္စာအေၾကာင္းကို ေျပာဆိုခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ၄ ႏွစ္အတြင္း ေဒ့ါမြန္ကို ျဖဳတ္ခဲ့တဲ့အသင္းတိုင္းဟာ ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ၾကတာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ ေရနစ္သူအတြက္ ေကာက္႐ိုးတမွ်င္အျဖစ္ မွတ္တမ္းေတြကို တူးဆြေနပုံေပၚေပမယ့္လည္း ေဘာလုံးကမာၻမွာ ထူးဆန္းတဲ့အရာေတြ ျဖစ္ပ်က္ေနတာကို အားလုံးလည္း ျမင္ေတြ႕ခဲ့ၾကမွာ ျဖစ္ၿပီး မျဖစ္လာေသးတာသာရွိၿပီး မျဖစ္ႏိုင္ဘူးဆိုတာ မရွိတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.