Bundesliga Ligue1 Match Report UCL&UEL

မက်ဆီနဲ့လဲ မရသေးဘူးလို့ PSG ကို ချန်ပီယံလိဂ်က ကန်ထုတ်လိုက်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အူပါမီကာနို၊ ဒီလစ်ချ်၊ စတန်နီရှစ်ချ်နဲ့ ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂိုရက်ဇ်ကာ၊ မူစီယာလာ၊ ကိုမွန်နဲ့ မူလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ချုပို-မိုတင်းတစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ပထမအကျော့ အိမ်ကွင်းမှာ ရှုံးနိမ့်ထားခဲ့တဲ့ ပီအက်စ်ဂျီတို့ကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မားကင်ညို့စ်နဲ့ ဒါနီလို ပါရဲရားတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ဗီတင်ညာ၊ ဖာဘီယန် ရူးဝီးဇ်၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အမ်ဘာပေတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

အိမ်ရှင် ဘိုင်ယန်တို့အနေနဲ့ အဝေးကွင်းမှာ အနိုင်ရထားခဲ့တာကြောင့် ဒီနေ့ပွဲကို စိတ်ရှည်လက်ရှည်နဲ့ အမှားမခံဘဲ တစ်ဖက်အသင်းရဲ့ အမှားကို စောင့်ကစားခဲ့ပြီး ဘောလုံးကိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီတို့ကလည်း တဖြည်းဖြည်းနဲ့ ပွဲကို စိုးမိုးဖို့ ကြိုးစားခဲ့ရာမှာတော့ မက်ဆီနဲ့ အဖွဲ့ကပဲ ဘောလုံးပိုင်ဆိုင်မှုကို ပိုမိုရယူသွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေနဲ့ မက်ဆီတို့ နှစ်ဦးကြားမှာ ဆုံချက်အဖြစ် ကစားနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ဦး လိုအပ်နေတာကို နည်းပြ ဂယ်လ်တီယေးအနေနဲ့ လူငယ်တိုက်စစ်မှူး အီကီတီကီကိုပဲဖြစ်ဖြစ် မသုံးရဲခဲ့တာကြောင့် သူတို့ရဲ့ ထိုးဖောက်မှုတွေက ဧရိယာထဲရောက်ရင် တလွဲတွေပဲဖြစ်သွားခဲ့ပြီး အိမ်ရှင်တွေအတွက် ကစားရလွယ်ကူစေခဲ့သလို မူစီယာလာနဲ့ ချူပို-မိုတင်းတို့ရဲ့ ခြိမ်းခြောက်မှုတွေကိုတော့ ဒွန်နာရမ်မာနဲ့အဖွဲ့ ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ သူ့ကိုယ်သူ မက်ဆီမှတ်နေပုံရတဲ့ ဂိုးသမား ဆွမ်းမားရဲ့ ဧရိယာအတွင်း လိမ်ခေါက်မှုကနေ ဟာကီမီက ဖိအားပေးဖျက်ထုတ်ပြီး ဗီတင်ညာက ကန်သွင်းနိုင်ခဲ့ပေမယ့် နောက်ခံလူ ဒီလစ်ချ်က ဂိုးစည်းပေါ်က လျှောထိုးဖျက်ထုတ်သွားနိုင်ခဲ့လို့ ဘိုင်ယန်တို့ သက်သာခဲ့ရပြီး ပီအက်စ်ဂျီတို့ရဲ့ အဓိက နောက်ခံလူ မားကင်ညို့စ် နာသွားခဲ့တဲ့ ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ မားကင်ညို့စ်အစား လူစားလဲထားခဲ့တဲ့ မူခီယေးလီကို လူငယ်ကစားသမား ဘစ်ရှီယာဘူးနဲ့ ပီအက်စ်ဂျီတို့ ထပ်လဲပြီး ကစားခဲ့ရသလို ချူပို-မိုတင်းကို ဒါနီလို ပါရဲရားရဲ့ ဖျက်ထုတ်မှုမှာ ပင်နယ်တီ မပေးဘဲ ဒိုင်လူကြီးက မျက်ကွယ်ပြုသွားခဲ့လို့ ဘိုင်ယန်တို့ နစ်နာခဲ့ရသလို ပွဲချိန် ၅၂ မိနစ်မှာ ချူပို-မိုတင်းရဲ့ ခေါင်းတိုက်ချက်က ဂိုးဝင်ခဲ့တာကိုလည်း လူကျွံနေတဲ့ မူလာက ဝင်နှောင့်ယှက်တယ်ဆိုပြီး ပယ်ဖျက်သွားခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဘိုင်ယန်တို့ အဖွင့်ဂိုးကို စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘစ်ရှီယာဘူးရဲ့ အန္တရာယ်များတဲ့ လူပေးမှုကနေ ဗာရက်တီကို မူလာနဲ့ ဂိုရက်ဇ်ကာတို့က ပိတ်လုခဲ့ကြပြီး ဧရိယာထဲမှာ ပြန်ရလာတဲ့ ဘောလုံးကို ဂိုရက်ဇ်ကာက မကန်ဘဲ ဘယ်ဘက်ကို ပြန်ချိုးပေးရာမှာ လွတ်နေတဲ့ ချူပို-မိုတင်းက အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

နှစ်ကျော့ပေါင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ဘိုင်ယန်တို့ဘက်ကတော့ ခံစစ်ကို ထိန်းပြီး ကောင်တာကစားဖို့အတွက် ချူပို-မိုတင်း၊ မူစီယာလာ၊ ကိုမွန်နဲ့ မူလာတို့အစား ဆာနေး၊ မာနေး၊ ဂနာဘရီနဲ့ ဂျာအို ကန်ဆယ်လိုတို့ကို လဲကစားသွားခဲ့ပြီး ပီအက်စ်ဂျီတို့ကတော့ နှစ်ဂိုးပြန်ရဖို့အတွက် ဖာဘီယန် ရူးဝီးဇ်၊ ဗီတင်ညာနဲ့ နူနို မန်ဒက်စ်တို့အစား ဇိုင်ယာ-အမ်မရီ၊ အီကီတီကီနဲ့ ဘားနတ်တို့ကို ထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ကို ပက်လက်လန်သွားစေမယ့် ဒုတိယဂိုးကို ဘိုင်ယန်တို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကောင်တာကနေ ညာခြမ်းတောက်လျှောက် ဆွဲတက်လာခဲ့တဲ့ ကန်ဆယ်လိုက ဘယ်တောင်ပံကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ရသွားခဲ့တဲ့ ဂနာဘရီက ဧရိယာထဲ ဝင်ရောက်ပြီးမှ ဘယ်ခြေနဲ့ ချိုးကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒွန်နာရမ်မာ မကာကွယ်နိုင်လိုက်ဘဲ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဂျာမန်မြေက ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ဘိုင်ယန်မြူးနစ်တို့အနေနဲ့ စုစုပေါင်းရလဒ် သုံးဂိုး-ဂိုးမရှိနဲ့ ပီအက်စ်ဂျီတို့ကို နှစ်ကျော့စလုံး အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို ဒီပြိုင်ပွဲနဲ့ ကံပါပုံ မရတဲ့ ပါရီသားတွေကတော့ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ အကောင်းဆုံး ရာသီဖြစ်နေပေမယ့်လည်း အောင်ဖျာလိပ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ အူပါမီကာႏို၊ ဒီလစ္ခ်္၊ စတန္နီရွစ္ခ်္နဲ႔ ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကင္းမစ္ခ်္၊ ဂိုရက္ဇ္ကာ၊ မူစီယာလာ၊ ကိုမြန္နဲ႔ မူလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ခ်ဳပို-မိုတင္းတစ္ဦးတည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ပထမအေက်ာ့ အိမ္ကြင္းမွာ ရႈံးနိမ့္ထားခဲ့တဲ့ ပီအက္စ္ဂ်ီတို႔ကေတာ့ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ မားကင္ညိဳ႕စ္နဲ႔ ဒါနီလို ပါရဲရားတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီ၊ ဗီတင္ညာ၊ ဖာဘီယန္ ႐ူးဝီးဇ္၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီနဲ႔ အမ္ဘာေပတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

အိမ္ရွင္ ဘိုင္ယန္တို႔အေနနဲ႔ အေဝးကြင္းမွာ အႏိုင္ရထားခဲ့တာေၾကာင့္ ဒီေန႔ပြဲကို စိတ္ရွည္လက္ရွည္နဲ႔ အမွားမခံဘဲ တစ္ဖက္အသင္းရဲ႕ အမွားကို ေစာင့္ကစားခဲ့ၿပီး ေဘာလုံးကိုင္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပီအက္စ္ဂ်ီတို႔ကလည္း တျဖည္းျဖည္းနဲ႔ ပြဲကို စိုးမိုးဖို႔ ႀကိဳးစားခဲ့ရာမွာေတာ့ မက္ဆီနဲ႔ အဖြဲ႕ကပဲ ေဘာလုံးပိုင္ဆိုင္မႈကို ပိုမိုရယူသြားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပနဲ႔ မက္ဆီတို႔ ႏွစ္ဦးၾကားမွာ ဆုံခ်က္အျဖစ္ ကစားႏိုင္မယ့္ အေထာင္တိုက္စစ္မႉးတစ္ဦး လိုအပ္ေနတာကို နည္းျပ ဂယ္လ္တီေယးအေနနဲ႔ လူငယ္တိုက္စစ္မႉး အီကီတီကီကိုပဲျဖစ္ျဖစ္ မသုံးရဲခဲ့တာေၾကာင့္ သူတို႔ရဲ႕ ထိုးေဖာက္မႈေတြက ဧရိယာထဲေရာက္ရင္ တလြဲေတြပဲျဖစ္သြားခဲ့ၿပီး အိမ္ရွင္ေတြအတြက္ ကစားရလြယ္ကူေစခဲ့သလို မူစီယာလာနဲ႔ ခ်ဴပို-မိုတင္းတို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကိုေတာ့ ဒြန္နာရမ္မာနဲ႔အဖြဲ႕ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာ သူ႔ကိုယ္သူ မက္ဆီမွတ္ေနပုံရတဲ့ ဂိုးသမား ဆြမ္းမားရဲ႕ ဧရိယာအတြင္း လိမ္ေခါက္မႈကေန ဟာကီမီက ဖိအားေပးဖ်က္ထုတ္ၿပီး ဗီတင္ညာက ကန္သြင္းႏိုင္ခဲ့ေပမယ့္ ေနာက္ခံလူ ဒီလစ္ခ်္က ဂိုးစည္းေပၚက ေလွ်ာထိုးဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ ဘိုင္ယန္တို႔ သက္သာခဲ့ရၿပီး ပီအက္စ္ဂ်ီတို႔ရဲ႕ အဓိက ေနာက္ခံလူ မားကင္ညိဳ႕စ္ နာသြားခဲ့တဲ့ ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ မားကင္ညိဳ႕စ္အစား လူစားလဲထားခဲ့တဲ့ မူခီေယးလီကို လူငယ္ကစားသမား ဘစ္ရွီယာဘူးနဲ႔ ပီအက္စ္ဂ်ီတို႔ ထပ္လဲၿပီး ကစားခဲ့ရသလို ခ်ဴပို-မိုတင္းကို ဒါနီလို ပါရဲရားရဲ႕ ဖ်က္ထုတ္မႈမွာ ပင္နယ္တီ မေပးဘဲ ဒိုင္လူႀကီးက မ်က္ကြယ္ျပဳသြားခဲ့လို႔ ဘိုင္ယန္တို႔ နစ္နာခဲ့ရသလို ပြဲခ်ိန္ ၅၂ မိနစ္မွာ ခ်ဴပို-မိုတင္းရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးဝင္ခဲ့တာကိုလည္း လူကြၽံေနတဲ့ မူလာက ဝင္ေႏွာင့္ယွက္တယ္ဆိုၿပီး ပယ္ဖ်က္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ အဖြင့္ဂိုးကို စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘစ္ရွီယာဘူးရဲ႕ အႏၲရာယ္မ်ားတဲ့ လူေပးမႈကေန ဗာရက္တီကို မူလာနဲ႔ ဂိုရက္ဇ္ကာတို႔က ပိတ္လုခဲ့ၾကၿပီး ဧရိယာထဲမွာ ျပန္ရလာတဲ့ ေဘာလုံးကို ဂိုရက္ဇ္ကာက မကန္ဘဲ ဘယ္ဘက္ကို ျပန္ခ်ိဳးေပးရာမွာ လြတ္ေနတဲ့ ခ်ဴပို-မိုတင္းက အပိုင္ပိတ္သြင္းသြားႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ႏွစ္ေက်ာ့ေပါင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တဲ့ ဘိုင္ယန္တို႔ဘက္ကေတာ့ ခံစစ္ကို ထိန္းၿပီး ေကာင္တာကစားဖို႔အတြက္ ခ်ဴပို-မိုတင္း၊ မူစီယာလာ၊ ကိုမြန္နဲ႔ မူလာတို႔အစား ဆာေနး၊ မာေနး၊ ဂနာဘရီနဲ႔ ဂ်ာအို ကန္ဆယ္လိုတို႔ကို လဲကစားသြားခဲ့ၿပီး ပီအက္စ္ဂ်ီတို႔ကေတာ့ ႏွစ္ဂိုးျပန္ရဖို႔အတြက္ ဖာဘီယန္ ႐ူးဝီးဇ္၊ ဗီတင္ညာနဲ႔ ႏူႏို မန္ဒက္စ္တို႔အစား ဇိုင္ယာ-အမ္မရီ၊ အီကီတီကီနဲ႔ ဘားနတ္တို႔ကို ထည့္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ကို ပက္လက္လန္သြားေစမယ့္ ဒုတိယဂိုးကို ဘိုင္ယန္တို႔ သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေကာင္တာကေန ညာျခမ္းေတာက္ေလွ်ာက္ ဆြဲတက္လာခဲ့တဲ့ ကန္ဆယ္လိုက ဘယ္ေတာင္ပံကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို ရသြားခဲ့တဲ့ ဂနာဘရီက ဧရိယာထဲ ဝင္ေရာက္ၿပီးမွ ဘယ္ေျခနဲ႔ ခ်ိဳးကန္သြင္းခဲ့ရာမွာ ဂိုးသမား ဒြန္နာရမ္မာ မကာကြယ္ႏိုင္လိုက္ဘဲ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္ေျမက ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္တို႔အေနနဲ႔ စုစုေပါင္းရလဒ္ သုံးဂိုး-ဂိုးမရွိနဲ႔ ပီအက္စ္ဂ်ီတို႔ကို ႏွစ္ေက်ာ့စလုံး အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့သလို ဒီၿပိဳင္ပြဲနဲ႔ ကံပါပုံ မရတဲ့ ပါရီသားေတြကေတာ့ မက္ဆီနဲ႔ အမ္ဘာေပတို႔ရဲ႕ အေကာင္းဆုံး ရာသီျဖစ္ေနေပမယ့္လည္း ေအာင္ဖ်ာလိပ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.