UCL&UEL

ဥက္ကဌကြီးပါလည်း ဘာမှလုပ်မရအောင်လုပ်မယ့်အစီအစဉ်ရှိတယ်လို့ ပြောလိုက်တဲ့ မူလာ

သောမတ်စ် မူလာက ဘိုင်ယန်မြူးနစ်အသင်းဟာ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ရပ်တန့်ဖို့အတွက် မဟာဗျူဟာရေးဆွဲထားတယ်လို့ ယုံကြည်နေပါတယ်။

ကင်းစလေ ကိုးမန်းက ဖေဖော်ဝါရီလ ပဲရစ်မှာ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ရဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဂယ်လ်တီယေးရဲ့အသင်းဟာ ယနေ့ည မြူးနစ်မှာ ဒုတိယအကျော့ပွဲစဉ်ကို ဖိအားတွေနဲ့ လာရောက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြဟာ ဘရာဇီးလ်ကြယ်ပွင့် နေမာ မပါဝင်ဘဲ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အမ်ဘာပေဟာ ဖေဖော်ဝါရီလတုန်းက ပွဲစဉ်ကို တံကောက်ကြော ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ပြီးနောက် လူစားဝင်ကစားပေးခဲ့ပေမယ့် ဒုတိယအကျော့ပွဲစဉ်မှာ အရေးကြီးတဲ့ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီကလည်း တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ပထမအကျော့ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ မရေမရာဖြစ်ခဲ့ပေမယ့်လည်း တိုက်စစ်မှာ နေမာနဲ့အတူ ဦးဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ မက်ဆီဟာ ယနေ့ည အဲလီးယန့်ဇ်ကွင်းမှာ အမ်ဘာပေနဲ့အတူ ပီအက်စ်ဂျီ တိုက်စစ်ကို ဦးဆောင်လာမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ဘိုင်ယန်မြူးနစ်ရဲ့ အရေးကြီးတဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မူလာက ၎င်းရဲ့အသင်းသာ စီစဉ်ထားတဲ့အတိုင်း လုပ်နိုင်ရင် ပျော်ရွှင်ရမှာမဟုတ်ဘူးလို့ ပြင်သစ်တိုက်စစ်မှူးကို သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ခီလီယန်က အန္တရာယ်တစ်ခုကို ကိုယ်စားပြုတယ်ဆိုတာ ယုတ္တိတန်ပါတယ်။ သူက ပီအက်စ်ဂျီအတွက် ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားပါ။ ကျွန်တော်တို့ သူ့ကို ဘယ်လိုရပ်တန့်ရမလဲဆိုတာ စဉ်းစားရမှာပါ။ ဒါပေမယ့် ဒါက အသင်းလိုက်အားကစားပါ။ ကစားသမားတစ်ဦးကို ရပ်တန့်ဖို့အတွက် မေးခွန်းထုတ်ရမှာမဟုတ်ပါဘူး”

“ကျွန်တော်တို့ အလယ်မှာ သူ့ရဲ့နေရာကို လျှော့ချရမှာဖြစ်ပြီး သူနဲ့ တစ်ဦးချင်းရင်ဆိုင်ဖို့ သတ္တိရှိသင့်သလောက်ရှိရမှာပါ။ သူ ပထမဆုံးကစားသမားကို ကျော်ဖြတ်နိုင်ခဲ့ရင် နောက်မှာ နောက်ထပ်တစ်ယောက် ရှိပါလိမ့်မယ်။ တကမ္ဘာလုံးက သူ ဘောလုံးကစားတာကို ကြည့်ရတာ နှစ်သက်ပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာတော့ ကျွန်တော်တို့ သူကစားတာ ကြည့်ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အစီအစဉ်သာ အကျိုးသက်ရောက်မှုရှိရင် သူ ပျော်ရွှင်ရမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေသာမတ္စ္ မူလာက ဘိုင္ယန္ျမဴးနစ္အသင္းဟာ အေရးႀကီးတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပကို ရပ္တန႔္ဖို႔အတြက္ မဟာဗ်ဴဟာေရးဆြဲထားတယ္လို႔ ယုံၾကည္ေနပါတယ္။

ကင္းစေလ ကိုးမန္းက ေဖေဖာ္ဝါရီလ ပဲရစ္မွာ ကစားခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္ရဲ႕ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဂယ္လ္တီေယးရဲ႕အသင္းဟာ ယေန႔ည ျမဴးနစ္မွာ ဒုတိယအေက်ာ့ပြဲစဥ္ကို ဖိအားေတြနဲ႔ လာေရာက္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနည္းျပဟာ ဘရာဇီးလ္ၾကယ္ပြင့္ ေနမာ မပါဝင္ဘဲ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အမ္ဘာေပဟာ ေဖေဖာ္ဝါရီလတုန္းက ပြဲစဥ္ကို တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္လာႏိုင္ခဲ့ၿပီးေနာက္ လူစားဝင္ကစားေပးခဲ့ေပမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ အေရးႀကီးတဲ့ကစားသမားျဖစ္လာမွာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီကလည္း တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ၿပီးေနာက္ ပထမအေက်ာ့ပြဲစဥ္မွာ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ခဲ့ေပမယ့္လည္း တိုက္စစ္မွာ ေနမာနဲ႔အတူ ဦးေဆာင္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ မက္ဆီဟာ ယေန႔ည အဲလီးယန႔္ဇ္ကြင္းမွာ အမ္ဘာေပနဲ႔အတူ ပီအက္စ္ဂ်ီ တိုက္စစ္ကို ဦးေဆာင္လာမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ အေရးႀကီးတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ မူလာက ၎ရဲ႕အသင္းသာ စီစဥ္ထားတဲ့အတိုင္း လုပ္ႏိုင္ရင္ ေပ်ာ္႐ႊင္ရမွာမဟုတ္ဘူးလို႔ ျပင္သစ္တိုက္စစ္မႉးကို သတိေပးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

“ခီလီယန္က အႏၲရာယ္တစ္ခုကို ကိုယ္စားျပဳတယ္ဆိုတာ ယုတၱိတန္ပါတယ္။ သူက ပီအက္စ္ဂ်ီအတြက္ ဂိုးအမ်ားဆုံးသြင္းထားတဲ့ကစားသမားပါ။ ကြၽန္ေတာ္တို႔ သူ႔ကို ဘယ္လိုရပ္တန႔္ရမလဲဆိုတာ စဥ္းစားရမွာပါ။ ဒါေပမယ့္ ဒါက အသင္းလိုက္အားကစားပါ။ ကစားသမားတစ္ဦးကို ရပ္တန႔္ဖို႔အတြက္ ေမးခြန္းထုတ္ရမွာမဟုတ္ပါဘူး”

“ကြၽန္ေတာ္တို႔ အလယ္မွာ သူ႔ရဲ႕ေနရာကို ေလွ်ာ့ခ်ရမွာျဖစ္ၿပီး သူနဲ႔ တစ္ဦးခ်င္းရင္ဆိုင္ဖို႔ သတၱိရွိသင့္သေလာက္ရွိရမွာပါ။ သူ ပထမဆုံးကစားသမားကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ ေနာက္မွာ ေနာက္ထပ္တစ္ေယာက္ ရွိပါလိမ့္မယ္။ တကမာၻလုံးက သူ ေဘာလုံးကစားတာကို ၾကည့္ရတာ ႏွစ္သက္ပါတယ္။ ဒါေပမယ့္ မနက္ျဖန္မွာေတာ့ ကြၽန္ေတာ္တို႔ သူကစားတာ ၾကည့္ရမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔အစီအစဥ္သာ အက်ိဳးသက္ေရာက္မႈရွိရင္ သူ ေပ်ာ္႐ႊင္ရမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.