Other Leagues

ရော်နယ်လ်ဒိုမှာ နည်းနည်းရှိပြီး မက်ဆီမှာ လုံးဝမရှိတဲ့အရာကို ပြောလာတဲ့ ပေါ်တူဂီဂန္တဝင်နည်းပြ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ အဓိကပြိုင်ဘက် အယ်လ်နာဆာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို တခြားဘောလုံးဂန္တဝင်တွေဖြစ်တဲ့ ပီလီ၊ မာရာဒိုနာတို့နဲ့ နှိုင်းယှဉ်တာကို မြင်ရတာ အထူးအဆန်းမဟုတ်တော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘင်ဖီကာနည်းပြဟောင်း ဂျော့ဂျ် ဂျေဆူးစ်က ကာလရှည် ရှိနေတဲ့ အငြင်းအခုံကို ထူးဆန်းတဲ့ ချဉ်းကပ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး The Sun က ဖော်ပြခဲ့တဲ့ ပြောစကားအဟောင်းထဲမှာ ပေါ်တူဂီလူမျိုးနည်းပြက ရော်နယ်လ်ဒိုဟာ ၎င်းပြသနေတဲ့ စိတ်ဆန္ဒပြင်းပြမှုကြောင့် မက်ဆီထက်တောင် မာရာဒိုနာနဲ့ ပိုမိုနီးစပ်သူဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျော့ဂျ် ဂျေဆူးစ်က ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံဟာ ဘောလုံးသမိုင်းမှာ ဘရာဇီးလ်ဂန္တဝင် ပီလီနဲ့အတူ တသက်တာအကောင်းဆုံးကစာသးမားဖြစ်တယ်လို့လည်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

“မာရာဒိုနာက ပီလီနဲ့အတူ တသက်တာအကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်။ ပီလီက အခု ရှိသေးတယ်။ သူ သက်ရှိထင်ရှားရှိနေဆဲပဲ(ပီလီ မကွယ်လွန်မီမှာ အင်တာဗျူးပြုလုပ်ခဲ့ခြင်းဖြစ်)။ မာရာဒိုက ပိုပြီးတော့ ကောင်းမွန်ခဲ့တယ်။ သူက ဉာဏ်ကြီးရှင်ဖြစ်နေတာကြောင့်တင်မဟုတ်ဘဲ အဲဒါကို ပြသခဲ့တဲ့ ပုံစံကြောင့်လည်း ပါပါတယ်”

“ကျွန်တော့်အတွက်တော့ အဲဒါက ကွဲပြားခြားနားမှုတွေကို ပြုလုပ်ပေးတယ်။ သူက လုံးဝကို ကမ္ဘာ့အဆင့်ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲအတွက် သူ့မှာ စိတ်ဆန္ဒပြင်းပြမှုရှိခဲ့တယ်။ သူက ဘောလုံးသမားဖြစ်ဖို့ မွေးလာခဲ့တာပါ။ သူက အရာအားလုံးနဲ့အတူ မွေးဖွားလာခဲ့တာပါ”

“အဲဒါက လုပ်ယူပြီး ရလာတဲ့အရာမဟုတ်ပါဘူး။ သူက အဲဒီလိုဖြစ်ဖို့ မွေးလာခဲ့တာပါ။ ဒါပေမယ့် သူက ဘောလုံးကို ပိုင်ဆိုင်ထားတာကို ချစ်မြတ်နိုးနေဆဲပါ။ ဒီနေ့ ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက ၂ ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ အဲဒါမျိုး နည်းနည်းရှိပါတယ်။ မက်ဆီမှာတော့ ဘာမှမရှိပါဘူး။ သူက ဘယ်လို စိတ်ဆန္ဒပြင်းပြမှုမျိုးမှ မရှိပါဘူး”

“မက်ဆီက အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘဝနဲ့ ခံစားချက်တွေအကြောင်း ပြောနေတာပါ။ ပြိုင်ပွဲအတွက်နဲ့ ဘောလုံးအတွက် စိတ်ဆန္ဒရှိမှုကို ပြောနေတာပါ။ ကျွန်တော်ထင်တာက အဲဒီအပိုင်းနဲ့ပတ်သက်လာရင် အားလုံးရဲ့အထက်မှာ ရှိနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီနဲ႔ အဓိကၿပိဳင္ဘက္ အယ္လ္နာဆာ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ကို တျခားေဘာလုံးဂႏၲဝင္ေတြျဖစ္တဲ့ ပီလီ၊ မာရာဒိုနာတို႔နဲ႔ ႏႈိင္းယွဥ္တာကို ျမင္ရတာ အထူးအဆန္းမဟုတ္ေတာ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘင္ဖီကာနည္းျပေဟာင္း ေဂ်ာ့ဂ်္ ေဂ်ဆူးစ္က ကာလရွည္ ရွိေနတဲ့ အျငင္းအခုံကို ထူးဆန္းတဲ့ ခ်ဥ္းကပ္မႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး The Sun က ေဖာ္ျပခဲ့တဲ့ ေျပာစကားအေဟာင္းထဲမွာ ေပၚတူဂီလူမ်ိဳးနည္းျပက ေရာ္နယ္လ္ဒိုဟာ ၎ျပသေနတဲ့ စိတ္ဆႏၵျပင္းျပမႈေၾကာင့္ မက္ဆီထက္ေတာင္ မာရာဒိုနာနဲ႔ ပိုမိုနီးစပ္သူျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဂ်ာ့ဂ်္ ေဂ်ဆူးစ္က ၁၉၈၆ ကမာၻ႔ဖလားခ်န္ပီယံဟာ ေဘာလုံးသမိုင္းမွာ ဘရာဇီးလ္ဂႏၲဝင္ ပီလီနဲ႔အတူ တသက္တာအေကာင္းဆုံးကစာသးမားျဖစ္တယ္လို႔လည္း သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

“မာရာဒိုနာက ပီလီနဲ႔အတူ တသက္တာအေကာင္းဆုံးကစားသမားျဖစ္ခဲ့တယ္။ ပီလီက အခု ရွိေသးတယ္။ သူ သက္ရွိထင္ရွားရွိေနဆဲပဲ(ပီလီ မကြယ္လြန္မီမွာ အင္တာဗ်ဴးျပဳလုပ္ခဲ့ျခင္းျဖစ္)။ မာရာဒိုက ပိုၿပီးေတာ့ ေကာင္းမြန္ခဲ့တယ္။ သူက ဉာဏ္ႀကီးရွင္ျဖစ္ေနတာေၾကာင့္တင္မဟုတ္ဘဲ အဲဒါကို ျပသခဲ့တဲ့ ပုံစံေၾကာင့္လည္း ပါပါတယ္”

“ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ေပးတယ္။ သူက လုံးဝကို ကမာၻ႔အဆင့္ျဖစ္ခဲ့ေပမယ့္ ၿပိဳင္ပြဲအတြက္ သူ႔မွာ စိတ္ဆႏၵျပင္းျပမႈရွိခဲ့တယ္။ သူက ေဘာလုံးသမားျဖစ္ဖို႔ ေမြးလာခဲ့တာပါ။ သူက အရာအားလုံးနဲ႔အတူ ေမြးဖြားလာခဲ့တာပါ”

“အဲဒါက လုပ္ယူၿပီး ရလာတဲ့အရာမဟုတ္ပါဘူး။ သူက အဲဒီလိုျဖစ္ဖို႔ ေမြးလာခဲ့တာပါ။ ဒါေပမယ့္ သူက ေဘာလုံးကို ပိုင္ဆိုင္ထားတာကို ခ်စ္ျမတ္ႏိုးေနဆဲပါ။ ဒီေန႔ ကမာၻေပၚက အေကာင္းဆုံးေတြထဲက ၂ ဦးျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုမွာ အဲဒါမ်ိဳး နည္းနည္းရွိပါတယ္။ မက္ဆီမွာေတာ့ ဘာမွမရွိပါဘူး။ သူက ဘယ္လို စိတ္ဆႏၵျပင္းျပမႈမ်ိဳးမွ မရွိပါဘူး”

“မက္ဆီက အရမ္းေကာင္းတဲ့ကစားသမားပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဘဝနဲ႔ ခံစားခ်က္ေတြအေၾကာင္း ေျပာေနတာပါ။ ၿပိဳင္ပြဲအတြက္နဲ႔ ေဘာလုံးအတြက္ စိတ္ဆႏၵရွိမႈကို ေျပာေနတာပါ။ ကြၽန္ေတာ္ထင္တာက အဲဒီအပိုင္းနဲ႔ပတ္သက္လာရင္ အားလုံးရဲ႕အထက္မွာ ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.