Other Leagues

ငလျင်ဒဏ်ကြောင့် ဖခင်ကို ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်ရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့တဲ့ ရော်နယ်လ်ဒို

ရာဘစ် ရှဟင်းလို့ အမည်ရတဲ့ ကလေးငယ်ဟာ မကြာသေးမီက ဆီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် ဖခင်ကို ဆုံးရှုံးခဲ့ရပေမယ့်လည်း သောကြာနေ့မှာ ၎င်းရဲ့ သူရဲကောင်းဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ သောကြာနေ့ညက အယ်လ်ဘာတင်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အယ်လ်နာဆာအသင်းကို ဦးဆောင်ကစားပေးခဲ့ပြီး အဲဒီပွဲစဉ်မတိုင်ခင် နာရီပိုင်းအလိုမှာ အပြစ်ကင်းစင်တဲ့ ဆီးရီးယားကလေးငယ်တစ်ဦးရဲ့ ဘဝတသက်တာ အိပ်မက်တစ်ခုကို ဖြည့်ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့တုန်းက ဆီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် ငလျင်ကြီးအပြီး ယူအေအီးရဲ့ ကူညီထောက်ပံ့ရေးအစီအစဉ်ရဲ့ တစ်စိတ်တပိုင်းအဖြစ် Emirati ဂျာနယ်လစ် မန်သာ အယ်လ်မူဇာကီဟာ ဆီးရီးယားကို လည်ပတ်ခဲ့ချိန်မှာ ရာဘစ် ရှဟင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လစ်ဟာ ဖြစ်ရပ်ဆိုးကြီးထဲမှာ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အပြင်မှာ ဆုံတွေ့ချင်တဲ့ဆန္ဒကို ထုတ်ဖော် ပြောကြားထားတဲ့ ဗီဒီယိုဖိုင်ကို တွစ်တာ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး ဆော်ဒီ အာရေဗျ ဖျော်ဖြေရေး အထွေထွေအာဏာပိုင်ဥက္ကဌ တာကီ အယ်လ်-ရှိတ်ခ်ဆီကိုလည်း ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရှဟင်းရဲ့ အပြစ်ကင်းစင်မှုက ကြည့်ရှုရသူတိုင်းရဲ့ ရင်ထဲမှာ သနားကရုဏာသက်စရာ ဖြစ်ခဲ့တာကြောင့် တာကီ အယ်လ်-ရှိတ်ခ်က ကလေးငယ်နဲ့ မိသားစုကို ရီယက်ဒ်မြို့ကို လေယာဉ်နဲ့ အလည်အပတ် ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဆီးရီးယားကလေးငယ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ မိသားစုနဲ့အတူ ဆော်ဒီ အာရေဗျကို ရောက်ရှိလာခဲ့ပြီး ၎င်းကို ရီယက်ဒ်မြို့ပတ်ဝန်းကျင်တဝိုက်ကို အလည်အပတ် ပို့ဆောင်ပေးခဲ့တဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျမှာ ရက်အနည်းငယ်အချိန်ကုန်ဆုံးခဲ့ပြီးနောက် ရှဟင်းရဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံချင်တဲ့အိပ်မက်ဟာ သောကြာနေ့မှာ အမှန်တကယ် ဖြစ်လာခဲ့တာဖြစ်ပြီး အယ်လ်-ရှိတ်ခ်က ဆီးရီးယားကလေးငယ်နဲ့ ပေါ်တူဂီဂန္တဝင်တို့ရဲ့ ကြည်နူးဖွယ် အခိုက်အတန့်ကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဆီးရီးယား ကလေးငယ်ဟာ အယ်လ်နာဆာကြယ်ပွင့်ဆီ ချဉ်းကပ်သွားချိန်မှာ ‘ခင်ဗျားကို ချစ်တယ်’လို့ ပြောခဲ့တာကို ကြားခဲ့ရပြီး ရော်နယ်လ်ဒိုနဲ့ ရှဟင်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ခဲ့ကြပြီးနောက် ဆီးရီးယားကလေးငယ်က ပေါ်တူဂီတိုက်စစ်မှူးရဲ့ အမှတ်အသားဖြစ်တဲ့ ‘Siu’အောင်ပွဲခံဟန်ကို ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။

တာကီ အယ်လ်-ရှိတ်ခ်က ပေါ်တူဂီကြယ်ပွင့်ကို ဆီးရီးယားကလေးငယ်ရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း တွစ်တာပေါ်မှာ ရေးသားခဲ့ပြီး အသက် ၃၈ နှစ်အရွယ်တိုက်စစ်မှူးက အသည်းပုံ အီမိုဂျီနဲ့ ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရှဟင်းဟာ အယ်လ်ဘာတင်ကို အယ်လ်နာဆာက အနိုင်ရရှိခဲ့တဲ့ သောကြာနေ့ပွဲစဉ်ကိုလည်း တက်ရောက်ကြည့်ရှုပေးခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဆီးရီးယားကလေးငယ်ဟာ ၎င်းရဲ့ သူရဲကောင်း ကွင်းထဲမှာ ကစားနေတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့် တသက်မမေ့နိုင်စရာ ပျော်ရွှင်မှုကို ပိုင်ဆိုင်ခဲ့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရာဘစ္ ရွဟင္းလို႔ အမည္ရတဲ့ ကေလးငယ္ဟာ မၾကာေသးမီက ဆီးရီးယားမွာ ျဖစ္ပြားခဲ့တဲ့ ငလ်င္ေဘးဒဏ္ေၾကာင့္ ဖခင္ကို ဆုံးရႈံးခဲ့ရေပမယ့္လည္း ေသာၾကာေန႔မွာ ၎ရဲ႕ သူရဲေကာင္းျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေတြ႕ဆုံခြင့္ရခဲ့ၿပီး အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔ညက အယ္လ္ဘာတင္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အယ္လ္နာဆာအသင္းကို ဦးေဆာင္ကစားေပးခဲ့ၿပီး အဲဒီပြဲစဥ္မတိုင္ခင္ နာရီပိုင္းအလိုမွာ အျပစ္ကင္းစင္တဲ့ ဆီးရီးယားကေလးငယ္တစ္ဦးရဲ႕ ဘဝတသက္တာ အိပ္မက္တစ္ခုကို ျဖည့္ဆည္းေပးခဲ့တာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၆ ရက္ေန႔တုန္းက ဆီးရီးယားမွာ ျဖစ္ပြားခဲ့တဲ့ ဝမ္းနည္းေၾကကြဲဖြယ္ ငလ်င္ႀကီးအၿပီး ယူေအအီးရဲ႕ ကူညီေထာက္ပံ့ေရးအစီအစဥ္ရဲ႕ တစ္စိတ္တပိုင္းအျဖစ္ Emirati ဂ်ာနယ္လစ္ မန္သာ အယ္လ္မူဇာကီဟာ ဆီးရီးယားကို လည္ပတ္ခဲ့ခ်ိန္မွာ ရာဘစ္ ရွဟင္းနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ဂ်ာနယ္လစ္ဟာ ျဖစ္ရပ္ဆိုးႀကီးထဲမွာ ဖခင္ျဖစ္သူကို ဆုံးရႈံးခဲ့ရတဲ့ ကေလးငယ္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ အျပင္မွာ ဆုံေတြ႕ခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ ေျပာၾကားထားတဲ့ ဗီဒီယိုဖိုင္ကို တြစ္တာ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီဗီဒီယိုဟာ လူမႈကြန္ရက္ေပၚမွာ ေတာမီးပမာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး ေဆာ္ဒီ အာေရဗ် ေဖ်ာ္ေျဖေရး အေထြေထြအာဏာပိုင္ဥကၠဌ တာကီ အယ္လ္-ရွိတ္ခ္ဆီကိုလည္း ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။

ရွဟင္းရဲ႕ အျပစ္ကင္းစင္မႈက ၾကည့္ရႈရသူတိုင္းရဲ႕ ရင္ထဲမွာ သနားက႐ုဏာသက္စရာ ျဖစ္ခဲ့တာေၾကာင့္ တာကီ အယ္လ္-ရွိတ္ခ္က ကေလးငယ္နဲ႔ မိသားစုကို ရီယက္ဒ္ၿမိဳ႕ကို ေလယာဥ္နဲ႔ အလည္အပတ္ ေခၚယူဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္တဲ့အေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ ဆီးရီးယားကေလးငယ္ဟာ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ မိသားစုနဲ႔အတူ ေဆာ္ဒီ အာေရဗ်ကို ေရာက္ရွိလာခဲ့ၿပီး ၎ကို ရီယက္ဒ္ၿမိဳ႕ပတ္ဝန္းက်င္တဝိုက္ကို အလည္အပတ္ ပို႔ေဆာင္ေပးခဲ့တဲ့ ဗီဒီယိုက လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီ အာေရဗ်မွာ ရက္အနည္းငယ္အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ရွဟင္းရဲ႕ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေတြ႕ဆုံခ်င္တဲ့အိပ္မက္ဟာ ေသာၾကာေန႔မွာ အမွန္တကယ္ ျဖစ္လာခဲ့တာျဖစ္ၿပီး အယ္လ္-ရွိတ္ခ္က ဆီးရီးယားကေလးငယ္နဲ႔ ေပၚတူဂီဂႏၲဝင္တို႔ရဲ႕ ၾကည္ႏူးဖြယ္ အခိုက္အတန႔္ကို လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။ ဆီးရီးယား ကေလးငယ္ဟာ အယ္လ္နာဆာၾကယ္ပြင့္ဆီ ခ်ဥ္းကပ္သြားခ်ိန္မွာ ‘ခင္ဗ်ားကို ခ်စ္တယ္’လို႔ ေျပာခဲ့တာကို ၾကားခဲ့ရၿပီး ေရာ္နယ္လ္ဒိုနဲ႔ ရွဟင္းတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္ခဲ့ၾကၿပီးေနာက္ ဆီးရီးယားကေလးငယ္က ေပၚတူဂီတိုက္စစ္မႉးရဲ႕ အမွတ္အသားျဖစ္တဲ့ ‘Siu’ေအာင္ပြဲခံဟန္ကို ျပဳလုပ္ျပခဲ့တာျဖစ္ပါတယ္။

တာကီ အယ္လ္-ရွိတ္ခ္က ေပၚတူဂီၾကယ္ပြင့္ကို ဆီးရီးယားကေလးငယ္ရဲ႕ အိပ္မက္ကို ျဖည့္ဆည္းေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း တြစ္တာေပၚမွာ ေရးသားခဲ့ၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္တိုက္စစ္မႉးက အသည္းပုံ အီမိုဂ်ီနဲ႔ ျပန္လည္ တုံ႔ျပန္ခဲ့တာ ျဖစ္ပါတယ္။

ရွဟင္းဟာ အယ္လ္ဘာတင္ကို အယ္လ္နာဆာက အႏိုင္ရရွိခဲ့တဲ့ ေသာၾကာေန႔ပြဲစဥ္ကိုလည္း တက္ေရာက္ၾကည့္ရႈေပးခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ဂိုးမသြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဆီးရီးယားကေလးငယ္ဟာ ၎ရဲ႕ သူရဲေကာင္း ကြင္းထဲမွာ ကစားေနတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ တသက္မေမ့ႏိုင္စရာ ေပ်ာ္႐ႊင္မႈကို ပိုင္ဆိုင္ခဲ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.