Premier League

မက်ဆီနဲ့ အမ်ဘာပေပါပေမယ့်လည်း ဘိုင်ယန်ကို ပီအက်စ်ဂျီတို့ မနိုင်နိုင်တဲ့ အကြောင်းအရင်း ၅ ခု

ပီအက်စ်ဂျီအသင်းဟာ ယနေ့ညမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ထားမှုကို ပြောင်းပြန်လှန်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အဲလီးယန့်ဇ် အေရီနာကို သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပထမအကျော့တုန်းက ကင်းစလေ ကိုးမန်းက ဘိုင်ယန်မြူးနစ်အတွက် ၅၃ မိနစ်မှာ အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒုတိယအကျော့မှာ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဂယ်လ်တီယေးရဲ့အသင်းအတွက် တော်တော်လေး မလွယ်ကူတဲ့ အလုပ်ဖြစ်လာမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယနေ့ညမှာ လီယွန်နယ် မက်ဆီ၊ ခီလီယန် အမ်ဘာပေတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ပွဲထွက်လာမှာဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကို အနိုင်မရနိုင်တဲ့ အကြောင်းအရင်း ၅ ခု ရှိနေပါတယ်။

၅။ဘိုင်ယန်မြူးနစ်ရဲ့ အားကောင်းတဲ့အိမ်ကွင်းမှတ်တမ်း

ဘိုင်ယန်မြူးနစ်ဟာ ပထမအကျော့မှာ အနိုင်ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ရှုံးထွက်ပွဲစဉ် ၂၂ ပွဲမှာ ၂ ကြိမ်သာ နောက်တဆင့် မတက်နိုင်ခဲ့တာဖြစ်ပြိး အိမ်ကွင်းမှာ ၂၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဲလီးယန့်ဇ် အေရီနာမှာ နောက်ဆုံးရှုံးနိမ့်ခဲ့တာက ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းကဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး ၁၇ ပွဲမှာ ၁၅ ပွဲအထိ အနိုင်ရခဲ့ပါတယ်။

၄။ ပြီးခဲ့တဲ့ပွဲတွေမှာ ထိခိုက်လွယ်ပုံပေါ်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ရာသီပထမပိုင်းမှာ နေမာ၊ အမ်ဘာပေနဲ့ မက်ဆီတို့ အားလုံး အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တာကြောင့် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားအပြီးမှာ အရှိန်ကျသွားပုံပေါ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံနောက်ဆုံး ၁၄ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့တဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်ခုလုံးမှာ ရှုံးပွဲ ၄ ပွဲသာရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီရဲ့ အဝေးကွင်းမှတ်တမ်းကလည်း ၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့တဲ့ အဝေးကွင်း ၈ ပွဲမှာ ၄ ပွဲ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ပီအက်စ်ဂျီအသင်းက သွင်းဂိုး ၁၃ ဂိုးနဲ့ ပေးဂိုး ၁၃ ဂိုးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

၃။ နေမာမရှိတဲ့ ပီအက်စ်ဂျီ

နေမာဟာ ယခုရာသီကို လွဲချော်မယ့် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် နည်းပြ ဂယ်လ်တီယေးအနေနဲ့ လူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပြီး ၎င်းရဲ့ နည်းဗျူဟာကိုလည်း ပြောင်းလဲဖို့ လိုမှာဖြစ်ပါတယ်။ ဂယ်လ်တီယေးဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကစားကွက်ကို တန်ပြန်ဖို့ ခံစစ် ၃ ဦးကို အသုံးပြုသွားမှာဖြစ်ပြီး မက်ဆီနဲ့ အမ်ဘာပေတို့ကို အသုံးပြုသွားဖို့များနေတာဖြစ်ပါတယ်။

၂။ ပီအက်စ်ဂျီထက် လွှမ်းမိုးနိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းပိုကောင်းတဲ့ ဘိုင်ယန်ကွင်းလယ်

ဘိုင်ယန်မြူးနစ်အသင်း ပထမအကျော့တုန်းက အနိုင်ရရှိခဲ့တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဟာ ကွင်းလယ်မှာ လွှမ်းမိုးနိုင်စွမ်းရှိခဲ့တာ ဖြစ်ပါတယ်။ ဂယ်လ်တီယေးဟာ ကွင်းလယ်ကို ဝါရန် ဇာရဲ-အမ်မရီ၊ ဒါညီလို ပါရဲရား၊ ဗာရက်တီတို့ကို ပွဲထွက်ကစားစေမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဘက်မှာ ဂိုဟက်စ်ကာ၊ ဂျိုရွှာ ကင်းမစ်ချ်တို့ ကွင်းလယ်မှာ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ လူငယ်ကွင်းလယ်ကစားသမား ဇာရဲ-အမ်မရီက ဒီညမှာ ပွဲထွက်ခွင့်မရဖို့ များပြီး ပါရဲရားကတော့ ကင်ပန်ဘီမပါဝင်တဲ့ ခံစစ် ၃ ဦးထဲမှာ အသုံးပြုခံရဖို့ ပိုများနေတာကြောင့် ပီအက်စ်ဂျီက ကွင်းလယ်မှာ ရုန်းကန်ရဖို့ များပါတယ်။ ဖေဘီယန် ရူးဝီးဇ်နဲ့ ဗီတင်ညာတို့က ဗာရက်တီနဲ့အတူ ကွင်းလယ်မှာ ပွဲထွက်လာမယ်လို့ မျှော်လင့်ရပြီး ဘိုင်ယန်ုမြူးနစ်ရဲ့ ကွင်းလယ်ကို လွှမ်းမိုးနိုင်မယ်လို့ မျှော်လင့်လို့ မရနိုင်တာဖြစ်ပါတယ်။

၁။ ဂိုးတွေအတွက် မက်ဆီနဲ့ အမ်ဘာပေတို့အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ ပီအက်စ်ဂျီ

ဘိုင်ယန်နဲ့ ပထမအကျော့တုန်းက ၇၅ မိနစ်မှာ အမ်ဘာပေ မဝင်လာခင်အထိ ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်ခဲ့တာဖြစ်ပြီး လန်းဆန်းနေတဲ့ အမ်ဘာပေက ဘိုင်ယန်မြူးနစ်ကစားသမားတွေအတွက် ကိုင်တွယ်ဖို့ ခက်ခဲတာဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းက လိုအပ်နေတဲ့ ဂိုးတွေတော့ မရခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ အမ်ဘာပေရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို စိုးရိမ်နေမှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးကို လှုပ်မရအောင်လုပ်ဖို့ စီစဉ်လာမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပီအက်စ်ဂျီရဲ့ အဓိကဖန်တီးရှင်ဖြစ်တဲ့ မက်ဆီကိုလည်း တစ်ဦးတည်း အထီးကျန်နေအောင် လုပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အမ်ဘာပေနဲ့ မက်ဆီတို့ကိုသာ ထိန်းနိုင်ရင် လိဂန်းအသင်းကြီးကို တဝက်နိုင်ပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ ယေန႔ညမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ပထမအေက်ာ့ အိမ္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ထားမႈကို ေျပာင္းျပန္လွန္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ အဲလီးယန႔္ဇ္ ေအရီနာကို သြားေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ပထမအေက်ာ့တုန္းက ကင္းစေလ ကိုးမန္းက ဘိုင္ယန္ျမဴးနစ္အတြက္ ၅၃ မိနစ္မွာ အဖိုးတန္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဒုတိယအေက်ာ့မွာ ဘိုင္ယန္ျမဴးနစ္ကို ရင္ဆိုင္ဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ဂယ္လ္တီေယးရဲ႕အသင္းအတြက္ ေတာ္ေတာ္ေလး မလြယ္ကူတဲ့ အလုပ္ျဖစ္လာမွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ယေန႔ညမွာ လီယြန္နယ္ မက္ဆီ၊ ခီလီယန္ အမ္ဘာေပတို႔လို ကမာၻ႔အဆင့္ ကစားသမားေတြနဲ႔ ပြဲထြက္လာမွာျဖစ္ေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္ကို အႏိုင္မရႏိုင္တဲ့ အေၾကာင္းအရင္း ၅ ခု ရွိေနပါတယ္။

၅။ဘိုင္ယန္ျမဴးနစ္ရဲ႕ အားေကာင္းတဲ့အိမ္ကြင္းမွတ္တမ္း

ဘိုင္ယန္ျမဴးနစ္ဟာ ပထမအေက်ာ့မွာ အႏိုင္ရရွိခဲ့တဲ့ ၿပီးခဲ့တဲ့ ရႈံးထြက္ပြဲစဥ္ ၂၂ ပြဲမွာ ၂ ႀကိမ္သာ ေနာက္တဆင့္ မတက္ႏိုင္ခဲ့တာျဖစ္ၿပိး အိမ္ကြင္းမွာ ၂၃ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ အဲလီးယန႔္ဇ္ ေအရီနာမွာ ေနာက္ဆုံးရႈံးနိမ့္ခဲ့တာက ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလတုန္းကျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္အိမ္ကြင္းေနာက္ဆုံး ၁၇ ပြဲမွာ ၁၅ ပြဲအထိ အႏိုင္ရခဲ့ပါတယ္။

၄။ ၿပီးခဲ့တဲ့ပြဲေတြမွာ ထိခိုက္လြယ္ပုံေပၚခဲ့တဲ့ ပီအက္စ္ဂ်ီ

ပီအက္စ္ဂ်ီဟာ ရာသီပထမပိုင္းမွာ ေနမာ၊ အမ္ဘာေပနဲ႔ မက္ဆီတို႔ အားလုံး အေကာင္းဆုံးပုံစံမွာ ရွိေနခဲ့တာေၾကာင့္ ရလဒ္ေကာင္းေတြ ဆက္တိုက္ ရယူႏိုင္ခဲ့ေပမယ့္လည္း ကမာၻ႔ဖလားအၿပီးမွာ အရွိန္က်သြားပုံေပၚၿပီး ၂၀၂၃ ခုႏွစ္အတြင္း ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၄ ပြဲမွာ ၅ ပြဲအထိ ရႈံးနိမ့္ခဲ့တျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ တစ္ခုလုံးမွာ ရႈံးပြဲ ၄ ပြဲသာရွိခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီရဲ႕ အေဝးကြင္းမွတ္တမ္းကလည္း ၂၀၂၃ ခုႏွစ္အတြင္း ကစားခဲ့တဲ့ အေဝးကြင္း ၈ ပြဲမွာ ၄ ပြဲ ရႈံးနိမ့္ထားတာျဖစ္ပါတယ္။ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၆ ပြဲမွာ ပီအက္စ္ဂ်ီအသင္းက သြင္းဂိုး ၁၃ ဂိုးနဲ႔ ေပးဂိုး ၁၃ ဂိုးအထိ ရွိခဲ့တာ ျဖစ္ပါတယ္။

၃။ ေနမာမရွိတဲ့ ပီအက္စ္ဂ်ီ

ေနမာဟာ ယခုရာသီကို လြဲေခ်ာ္မယ့္ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တာေၾကာင့္ နည္းျပ ဂယ္လ္တီေယးအေနနဲ႔ လူစာရင္းကို အေျပာင္းအလဲေတြ ျပဳလုပ္ဖို႔ လိုအပ္မွာျဖစ္ၿပီး ၎ရဲ႕ နည္းဗ်ဴဟာကိုလည္း ေျပာင္းလဲဖို႔ လိုမွာျဖစ္ပါတယ္။ ဂယ္လ္တီေယးဟာ ဘိုင္ယန္ျမဴးနစ္ရဲ႕ ကစားကြက္ကို တန္ျပန္ဖို႔ ခံစစ္ ၃ ဦးကို အသုံးျပဳသြားမွာျဖစ္ၿပီး မက္ဆီနဲ႔ အမ္ဘာေပတို႔ကို အသုံးျပဳသြားဖို႔မ်ားေနတာျဖစ္ပါတယ္။

၂။ ပီအက္စ္ဂ်ီထက္ လႊမ္းမိုးႏိုင္စြမ္းနဲ႔ ဖန္တီးႏိုင္စြမ္းပိုေကာင္းတဲ့ ဘိုင္ယန္ကြင္းလယ္

ဘိုင္ယန္ျမဴးနစ္အသင္း ပထမအေက်ာ့တုန္းက အႏိုင္ရရွိခဲ့တဲ့ အဓိကအေၾကာင္းအရင္းေတြထဲက တစ္ခုဟာ ကြင္းလယ္မွာ လႊမ္းမိုးႏိုင္စြမ္းရွိခဲ့တာ ျဖစ္ပါတယ္။ ဂယ္လ္တီေယးဟာ ကြင္းလယ္ကို ဝါရန္ ဇာရဲ-အမ္မရီ၊ ဒါညီလို ပါရဲရား၊ ဗာရက္တီတို႔ကို ပြဲထြက္ကစားေစမွာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ဘက္မွာ ဂိုဟက္စ္ကာ၊ ဂ်ိဳ႐ႊာ ကင္းမစ္ခ်္တို႔ ကြင္းလယ္မွာ ပြဲထြက္လာမွာ ျဖစ္ပါတယ္။ လူငယ္ကြင္းလယ္ကစားသမား ဇာရဲ-အမ္မရီက ဒီညမွာ ပြဲထြက္ခြင့္မရဖို႔ မ်ားၿပီး ပါရဲရားကေတာ့ ကင္ပန္ဘီမပါဝင္တဲ့ ခံစစ္ ၃ ဦးထဲမွာ အသုံးျပဳခံရဖို႔ ပိုမ်ားေနတာေၾကာင့္ ပီအက္စ္ဂ်ီက ကြင္းလယ္မွာ ႐ုန္းကန္ရဖို႔ မ်ားပါတယ္။ ေဖဘီယန္ ႐ူးဝီးဇ္နဲ႔ ဗီတင္ညာတို႔က ဗာရက္တီနဲ႔အတူ ကြင္းလယ္မွာ ပြဲထြက္လာမယ္လို႔ ေမွ်ာ္လင့္ရၿပီး ဘိုင္ယႏ္ုျမဴးနစ္ရဲ႕ ကြင္းလယ္ကို လႊမ္းမိုးႏိုင္မယ္လို႔ ေမွ်ာ္လင့္လို႔ မရႏိုင္တာျဖစ္ပါတယ္။

၁။ ဂိုးေတြအတြက္ မက္ဆီနဲ႔ အမ္ဘာေပတို႔အေပၚ အလြန္အကြၽံ မွီခိုေနရတဲ့ ပီအက္စ္ဂ်ီ

ဘိုင္ယန္နဲ႔ ပထမအေက်ာ့တုန္းက ၇၅ မိနစ္မွာ အမ္ဘာေပ မဝင္လာခင္အထိ ဘာမွ ဟုတ္တိပတ္တိ မလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး လန္းဆန္းေနတဲ့ အမ္ဘာေပက ဘိုင္ယန္ျမဴးနစ္ကစားသမားေတြအတြက္ ကိုင္တြယ္ဖို႔ ခက္ခဲတာျဖစ္ေပမယ့္ ပီအက္စ္ဂ်ီအသင္းက လိုအပ္ေနတဲ့ ဂိုးေတြေတာ့ မရခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ အမ္ဘာေပရဲ႕ ၿခိမ္းေျခာက္ႏိုင္စြမ္းကို စိုးရိမ္ေနမွာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးကို လႈပ္မရေအာင္လုပ္ဖို႔ စီစဥ္လာမွာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ပီအက္စ္ဂ်ီရဲ႕ အဓိကဖန္တီးရွင္ျဖစ္တဲ့ မက္ဆီကိုလည္း တစ္ဦးတည္း အထီးက်န္ေနေအာင္ လုပ္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အမ္ဘာေပနဲ႔ မက္ဆီတို႔ကိုသာ ထိန္းႏိုင္ရင္ လိဂန္းအသင္းႀကီးကို တဝက္ႏိုင္ၿပီလို႔ ေျပာရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.