Premier League

VAR မရှိရင် ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်အမှတ်ပေးဇယားက ဘယ်လိုဖြစ်နေမလဲ

ESPN ရဲ့ ဖော်ပြချက်အရ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ဟာ VAR သာမရှိခဲ့ရင် မန်စီးတီးထက် ၁ မှတ်သာ သာလွန်နေမှာဖြစ်ပြီး လီဗာပူးလ်က ဘရိုက်တန်ရဲ့နောက် အဆင့် ၆ နေရာမှာ ရှိနေလိမ့်မယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ ယခုရာသီမှာ VAR ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက် အများအပြားကြောင့် နစ်နာခဲ့ရတာဖြစ်ပြီး ဒိုင်လူကြီးအဖွဲ့ PGMOL က မကြာသေးမီက အမှတ်ပေးဇယားဦးဆောင်သူတွေကို တောင်းပန်စကား ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ရမှတ်နဲ့ အဆင့်ရပ်တည်ချက်ဟာ VAR မရှိရင်လည်း တူညီတဲ့ အခြေအနေမှာပဲ ရှိနေမှာဖြစ်ပြီး ယင်းသတင်းအရ မန်စီးတီးဟာ VAR ကြောင့်သာ မဟုတ်ခဲ့ရင် လက်ရှိ ရရှိထားတဲ့ ရမှတ် ၅၈ မှတ်ထက် ၄ မှတ် ပိုမို ရရှိလိမ့်မယ်လို့ သိရပါတယ်။

လက်ရှိမှာ ရမှတ် ၄၉ မှတ် ရရှိထားတဲ့ အဲရစ် တန်ဟက်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ VAR ကြောင့် ၁ မှတ် အကျိုးအမြတ် ရရှိခဲ့ပြီး တစ်ဆက်တည်းမှာပဲ ရမှတ် ၄၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်ကလည်း အဆင့် ၆ နေရာမှာ ရှိနေလိမ့်မယ်လို့ သိရပါတယ်။

လက်ရှိမှာ ရမှတ် ၃၈ မှတ် ရရှိထားတဲ့ ဘရိုက်တန်အသင်းကလည်း VAR သာ မရှိခဲ့ရင် နောက်ထပ် ၆ မှတ် ရရှိခဲ့မှာ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ အထက်မှာ ရပ်တည်နေနိုင်ခဲ့မှာ ဖြစ်ပါတယ်။

ရမှတ် ၄၅ မှတ်နဲ့ တတိယနေရာက မန်ချက်စတာယူနိုက်တက်ကို အမီလိုက်ဖို့ ကြိုးပမ်းနေတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကလည်း VAR သာ ဝင်မရှုပ်ခဲ့ရင် တန်ဟက်ရဲ့ အသင်းနဲ့ ၁ မှတ်သာ ကွာဟနေခဲ့မှာဖြစ်ပြီး လက်ရှိမှာတော့ ကွန်တီရဲ့အသင်းဟာ အဆင့် ၃ နေရာနဲ့ ၄ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ ၂၃ ပွဲ ကစားထားရာကနေ ရမှတ် ၆၃ မှတ်နဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီးအသင်းကို ၅ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ESPN ရဲ႕ ေဖာ္ျပခ်က္အရ အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္ဟာ VAR သာမရွိခဲ့ရင္ မန္စီးတီးထက္ ၁ မွတ္သာ သာလြန္ေနမွာျဖစ္ၿပီး လီဗာပူးလ္က ဘ႐ိုက္တန္ရဲ႕ေနာက္ အဆင့္ ၆ ေနရာမွာ ရွိေနလိမ့္မယ္လို႔ သိရပါတယ္။

ဂန္းနားေတြဟာ ယခုရာသီမွာ VAR ရဲ႕ ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ အမ်ားအျပားေၾကာင့္ နစ္နာခဲ့ရတာျဖစ္ၿပီး ဒိုင္လူႀကီးအဖြဲ႕ PGMOL က မၾကာေသးမီက အမွတ္ေပးဇယားဦးေဆာင္သူေတြကို ေတာင္းပန္စကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ရဲ႕ ရမွတ္နဲ႔ အဆင့္ရပ္တည္ခ်က္ဟာ VAR မရွိရင္လည္း တူညီတဲ့ အေျခအေနမွာပဲ ရွိေနမွာျဖစ္ၿပီး ယင္းသတင္းအရ မန္စီးတီးဟာ VAR ေၾကာင့္သာ မဟုတ္ခဲ့ရင္ လက္ရွိ ရရွိထားတဲ့ ရမွတ္ ၅၈ မွတ္ထက္ ၄ မွတ္ ပိုမို ရရွိလိမ့္မယ္လို႔ သိရပါတယ္။

လက္ရွိမွာ ရမွတ္ ၄၉ မွတ္ ရရွိထားတဲ့ အဲရစ္ တန္ဟက္ရဲ႕မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ VAR ေၾကာင့္ ၁ မွတ္ အက်ိဳးအျမတ္ ရရွိခဲ့ၿပီး တစ္ဆက္တည္းမွာပဲ ရမွတ္ ၄၂ မွတ္နဲ႔ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ လီဗာပူးလ္ကလည္း အဆင့္ ၆ ေနရာမွာ ရွိေနလိမ့္မယ္လို႔ သိရပါတယ္။

လက္ရွိမွာ ရမွတ္ ၃၈ မွတ္ ရရွိထားတဲ့ ဘ႐ိုက္တန္အသင္းကလည္း VAR သာ မရွိခဲ့ရင္ ေနာက္ထပ္ ၆ မွတ္ ရရွိခဲ့မွာ ျဖစ္ၿပီး လီဗာပူးလ္အသင္းရဲ႕ အထက္မွာ ရပ္တည္ေနႏိုင္ခဲ့မွာ ျဖစ္ပါတယ္။

ရမွတ္ ၄၅ မွတ္နဲ႔ တတိယေနရာက မန္ခ်က္စတာယူႏိုက္တက္ကို အမီလိုက္ဖို႔ ႀကိဳးပမ္းေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကလည္း VAR သာ ဝင္မရႈပ္ခဲ့ရင္ တန္ဟက္ရဲ႕ အသင္းနဲ႔ ၁ မွတ္သာ ကြာဟေနခဲ့မွာျဖစ္ၿပီး လက္ရွိမွာေတာ့ ကြန္တီရဲ႕အသင္းဟာ အဆင့္ ၃ ေနရာနဲ႔ ၄ မွတ္အထိ ကြာဟေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ လက္ရွိမွာ ၂၃ ပြဲ ကစားထားရာကေန ရမွတ္ ၆၃ မွတ္နဲ႔ ဒုတိယေနရာက မန္ခ်က္စတာစီးတီးအသင္းကို ၅ မွတ္ျဖတ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.