UCL&UEL

ချဲလ်ဆီးရဲ့အငြင်းပွားဖွယ်ပင်နယ်တီ ဘာလို့ ပြန်ကန်ခွင့်ရခဲ့တာလဲ

ချဲလ်ဆီးအသင်းရဲ့ ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က အငြင်းပွားဖွယ် ပြန်ကန်ခွင့်ရခဲ့တဲ့ ပင်နယ်တီဟာ ကန်သွင်းချိန်မှာ ပင်နယ်တီဧရိယာထဲကို ကျူးကျော်ဝင်ရောက်မှုသက်သက်ကြောင့်မဟုတ်ခဲ့တာဖြစ်ပါတယ်။

ရာဟင်း စတားလင်း၊ ခိုင် ဟာဗတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂရေဟမ် ပေါ့တားရဲ့အသင်းဟာ ပထမအကျော့က ၁-၀ နဲ့ ရှုံးနိမ့်ခဲ့မှုကို ပြောင်းပြန် ပြန်လှန်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချဲလ်ဆီးရဲ့ ၂-၀ နဲ့ အင်္ဂါနေ့ည နိုင်ပွဲဟာ VAR ရဲ့ ဒုတိယပိုင်းမှာ ကြားဝင်မှုအပြီးမှာ အငြင်းပွားစရာတွေ မြင့်တက်ခဲ့ပြီး ဘန် ချေးဝဲလ်ရဲ့ ဖြတ်တင်ပေးပို့မှုာ ဒေါ့မွန်ကွင်းလယ်လူ မားရီးယပ်စ် ဝုလ်ဖ်ရဲ့ လက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

VAR က ဒိုင်လူကြီး ဒန်နီ မက်ကလီးကို ပင်နယ်တီ မသတ်မှတ်မီ ဒုတိယအကြိမ် ဖြစ်စဉ်ကို ပြန်ကြည့်ဖို့ ပြောဆိုခဲ့တာဖြစ်ပြီး ဒေါ့မွန်ဂိုးသမား အလက်ဇန်းဒါ မီယာက ဟာဗတ်ဇ်ရဲ့ ကနဦး ပင်နယ်တီကန်သွင်းမှုကို လမ်းလွဲကို ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ကစားသမား ၃ ဦးဝန်းကျင်လောက်က ဟာဗတ်ဇ်ပင်နယ်တီကန်သွင်းဖို့ လုပ်နေတဲ့အချိန်အတွင်း ချဉ်းကပ်လာခဲ့ကြတယ်လို့ ယုံကြည်ခဲ့ရပြီးနောက် ပင်နယ်တီကို နောက်ထပ်တစ်ကြိမ် ပြန်ကန်ဖို့အတွက် သတ်မှတ်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ခိုင် ဟာဗတ်ဇ်ဟာ ပင်နယ်တီကို ဂိုးညာဘက်အောက်ထောင့်ထဲကို လျင်လျင်မြန်မြန်ပဲ ကန်သွင်းယူသွားခဲ့ပြီး ဒေါ့မွန်ဂိုးသမား မီယာကတော့ ဆန့်ကျင်ဘက်ကို ဒိုင်ဗင်ပစ် ဖမ်းခဲ့တာ ဖြစ်ပါတယ်။

ESPN သတင်းထောက် ဒေးလ် ဂျွန်ဆင်က လက်ရှိမှာ ဒေါ့မွန်ကစားသမားတွေကို D ပုံစံ ဧရိယာထဲမှာ မြင်တွေ့ခဲ့ရပြီးနောက် ဘာကြောင့် ချဲလ်ဆီးအသင်း ပင်နယ်တီ ပြန်ကန်ခွင့် ရရှိခဲ့လဲဆိုတာကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပင်နယ်တီ ပြန်ကန်တဲ့အပေါ် အငြင်းပွားစရာက ဖြတ်ကျော်ဝင်ရောက်မှုကြောင့်ပဲမဟုတ်ပါဘူး။ အဲဒါက ရုပ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုကြောင့်လည်း ပါပါတယ်။ ဘောလုံးကို ဒေါ့မွန်ကစားသမားတွေဆီကနေ ကစားစေခဲ့တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဘယ်သူကပဲ ဘောလုံးကို ကစားစေသည်ဖြစ်ဖြစ် လွဲချော်မှုမှာ ၂ သင်းစလုံးက ပင်နယ်တီဧရိယာထဲကို ဖြတ်ကျော်ဝင်ရောက်မှုရှိခဲ့ရင် ပင်နယ်တီကို ပြန်ကန်ရပါမယ်။ ပင်နယ်တီမှာ ဖြတ်ကျော်ဝင်ရောက်တဲ့ကစားသမားက ဘောလုံးကို ကစားစေတာက အလိုအလျောက် စည်းမျဉ်းချိုးဖောက်မှု ကျူးလွန်တာမဟုတ်ပေမယ့် ပြိင်ဘက်ကို အကျိုးသက်ရောက်မှုရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းရဲ႕ ေဒါ့မြန္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္က အျငင္းပြားဖြယ္ ျပန္ကန္ခြင့္ရခဲ့တဲ့ ပင္နယ္တီဟာ ကန္သြင္းခ်ိန္မွာ ပင္နယ္တီဧရိယာထဲကို က်ဴးေက်ာ္ဝင္ေရာက္မႈသက္သက္ေၾကာင့္မဟုတ္ခဲ့တာျဖစ္ပါတယ္။

ရာဟင္း စတားလင္း၊ ခိုင္ ဟာဗတ္ဇ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဂေရဟမ္ ေပါ့တားရဲ႕အသင္းဟာ ပထမအေက်ာ့က ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈကို ေျပာင္းျပန္ ျပန္လွန္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမယ့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်ဲလ္ဆီးရဲ႕ ၂-၀ နဲ႔ အဂၤါေန႔ည ႏိုင္ပြဲဟာ VAR ရဲ႕ ဒုတိယပိုင္းမွာ ၾကားဝင္မႈအၿပီးမွာ အျငင္းပြားစရာေတြ ျမင့္တက္ခဲ့ၿပီး ဘန္ ေခ်းဝဲလ္ရဲ႕ ျဖတ္တင္ေပးပို႔မႈာ ေဒါ့မြန္ကြင္းလယ္လူ မားရီးယပ္စ္ ဝုလ္ဖ္ရဲ႕ လက္ကို ထိမွန္ခဲ့တာျဖစ္ပါတယ္။

VAR က ဒိုင္လူႀကီး ဒန္နီ မက္ကလီးကို ပင္နယ္တီ မသတ္မွတ္မီ ဒုတိယအႀကိမ္ ျဖစ္စဥ္ကို ျပန္ၾကည့္ဖို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး ေဒါ့မြန္ဂိုးသမား အလက္ဇန္းဒါ မီယာက ဟာဗတ္ဇ္ရဲ႕ ကနဦး ပင္နယ္တီကန္သြင္းမႈကို လမ္းလြဲကို ပို႔ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေဒါ့မြန္ကစားသမား ၃ ဦးဝန္းက်င္ေလာက္က ဟာဗတ္ဇ္ပင္နယ္တီကန္သြင္းဖို႔ လုပ္ေနတဲ့အခ်ိန္အတြင္း ခ်ဥ္းကပ္လာခဲ့ၾကတယ္လို႔ ယုံၾကည္ခဲ့ရၿပီးေနာက္ ပင္နယ္တီကို ေနာက္ထပ္တစ္ႀကိမ္ ျပန္ကန္ဖို႔အတြက္ သတ္မွတ္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ ခိုင္ ဟာဗတ္ဇ္ဟာ ပင္နယ္တီကို ဂိုးညာဘက္ေအာက္ေထာင့္ထဲကို လ်င္လ်င္ျမန္ျမန္ပဲ ကန္သြင္းယူသြားခဲ့ၿပီး ေဒါ့မြန္ဂိုးသမား မီယာကေတာ့ ဆန႔္က်င္ဘက္ကို ဒိုင္ဗင္ပစ္ ဖမ္းခဲ့တာ ျဖစ္ပါတယ္။

ESPN သတင္းေထာက္ ေဒးလ္ ဂြၽန္ဆင္က လက္ရွိမွာ ေဒါ့မြန္ကစားသမားေတြကို D ပုံစံ ဧရိယာထဲမွာ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ဘာေၾကာင့္ ခ်ဲလ္ဆီးအသင္း ပင္နယ္တီ ျပန္ကန္ခြင့္ ရရွိခဲ့လဲဆိုတာကို အေသးစိတ္ ရွင္းလင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ပင္နယ္တီ ျပန္ကန္တဲ့အေပၚ အျငင္းပြားစရာက ျဖတ္ေက်ာ္ဝင္ေရာက္မႈေၾကာင့္ပဲမဟုတ္ပါဘူး။ အဲဒါက ႐ုပ္ပိုင္းဆိုင္ရာအက်ိဳးသက္ေရာက္မႈေၾကာင့္လည္း ပါပါတယ္။ ေဘာလုံးကို ေဒါ့မြန္ကစားသမားေတြဆီကေန ကစားေစခဲ့တယ္ဆိုတာ ျငင္းလို႔မရႏိုင္ပါဘူး။ ဘယ္သူကပဲ ေဘာလုံးကို ကစားေစသည္ျဖစ္ျဖစ္ လြဲေခ်ာ္မႈမွာ ၂ သင္းစလုံးက ပင္နယ္တီဧရိယာထဲကို ျဖတ္ေက်ာ္ဝင္ေရာက္မႈရွိခဲ့ရင္ ပင္နယ္တီကို ျပန္ကန္ရပါမယ္။ ပင္နယ္တီမွာ ျဖတ္ေက်ာ္ဝင္ေရာက္တဲ့ကစားသမားက ေဘာလုံးကို ကစားေစတာက အလိုအေလ်ာက္ စည္းမ်ဥ္းခ်ိဳးေဖာက္မႈ က်ဴးလြန္တာမဟုတ္ေပမယ့္ ၿပိင္ဘက္ကို အက်ိဳးသက္ေရာက္မႈရွိတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.