Match Report UCL&UEL

လီဗာပူးလ်ကို မမီပေမယ့် ဘရုဂျ်ကို နှစ်ကျော့ပေါင်း ခုနစ်ဂိုးနဲ့ အနိုင်ယူတဲ့ ဘင်ဖီကာ

ဘင်ဖီကာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗလာချိုဒီမော့စ်၊ ခံစစ်မှာ အော့တာမန်ဒီ၊ အန်တိုနီယို ဆေးလ်ဗား၊ ဘားနဲ့ ဂရီမယ်လ်ဒိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖလိုရင်တီနို လူးဝစ်၊ ချီကွင်ညို၊ ဂျာအို မာရီယို၊ ရာဖာ ဆေးလ်ဗားနဲ့ အော့စ်နက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဂွန်ဆာလို ရာမို့စ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘယ်လ်ဂျီယမ်ကလပ် ဘရုဂျ်တို့ကတော့ ဂိုးသမား မစ်နိုလက်၊ ခံစစ်မှာ မီချယ်လ်၊ ကလင်တန် မာတာနဲ့ ဆီးလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ နီးလ်ဆန်၊ ဗာနာကင်၊ ဆိုဝါ၊ ဘူချာနန်နဲ့ မိုင်ယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ယာရမ်ချုခ်နဲ့ နိုအာလန်းတို့ကို ပွဲထုတ်ခဲ့တာပါ။

ဘာတွေ အထင်ကြီးပြီး ခေါ်ထားမှန်း မသိတဲ့ ဘုန်းမောက်ပြုတ်နည်းပြ စကော့ ပါကားကတော့ အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားခဲ့အပြီးမှာ ဒီနေ့ပွဲ အဝေးကွင်းမှာလည်း ဘင်ဖီကာတို့ကို ယှဉ်ကစားနိုင်စွမ်း မရှိခဲ့ဘဲ စောစောစီးစီးမှာကတည်းက ဂိုးပေးရဖို့ နီးစပ်ခဲ့သလို ဂျာအို မာရီယိုရဲ့ သွင်းဂိုးမှာ ဂွန်ဆာလို ရာမို့စ် လူကျွံနေလို့သာ သက်သာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ ဘင်ဖီကာတို့ကပဲ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂျာအို မာရီယို ပေးတာကို ဂွန်ဆာလို ရာမို့စ်က ဘယ်တောင်ပံကနေ ဆွဲပြေးပြီး ဂိုးရှေ့ ဖြတ်တင်ပေးရာမှာ ရာဖာ ဆေးလ်ဗားက နောက်တန်းနှစ်ယောက်ကို လိမ်ခေါက်ပြီးမှ ကန်သွင်းခဲ့ရာမှာ ကန်ချက်က ပျော့လွန်းခဲ့ပေမယ့် ဂိုးသမား မစ်နိုလက် ဟန်ချက်ပျက်ပြီး မကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဘရုဂျ်တို့ကို နားထားလိုက်တော့လို့ ပြောလို့ရတဲ့ ဒုတိယဂိုးကို ဘင်ဖီကာတို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဂျာအို မာရီယိုက ဧရိယာထဲကို လှမ်းခင်းပေးရာမှာ ဂွန်ဆာလို ရာမို့စ်က ဘယ်ခြမ်းကနေ အတွင်းကို ချိုးဝင်ပြီးမှ တစ်ဖက်နောက်ခံလူ သုံးယောက်ကို ကျော်ဖြတ်ပြီး အနိမ့်ဘော အပြင်းကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဘင်ဖီကာတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း လေးဂိုး-ဂိုးမရှိနဲ့ နောက်တစ်ဆင့်တက်ဖို့ သေချာအောင် ကြိုးတုပ်ရိုက်သွားနိုင်ခဲ့ကြချိန်မှာ ဘရုဂျ်တို့နဲ့ နည်းပြ စကော့ ပါကားတို့ကတော့ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်တိုင် သိပုံမရဘဲ တိကျသေချာတဲ့ ပလန်မရှိဘဲ ကစားနေခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဘင်ဖီကာတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အော့စ်နက်စ် ပေးတာကို နောက်ခံလူ ဂရီမယ်လ်ဒိုက တောင်ပံကနေ ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ ဂွန်ဆာလို ရာမို့စ်ကပဲ မနားတမ်း ပြေးဝင်ကန်သွင်းခဲ့လို့ ဂိုးသမား မစ်နိုလက် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ စတုတ္ထ ဦးဆောင်ဂိုးကို အိမ်ရှင် ဘင်ဖီကာတို့ပဲ ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲ ဝင်လာတဲ့ ဂီလ်ဘာတိုကို ဖျက်ရာမှာ နောက်ကနေ စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ လျှောထိုးချခဲ့တဲ့ နောက်ခံလူ ဆီးလားကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဂျာအို မာရီယိုက ဂိုးသမား မစ်နိုလက် ဒိုက်ပစ်တဲ့ ဘက်နဲ့ တခြားစီ ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဘင်ဖီကာတို့ပဲ ပဉ္စမ အနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်က ဘောလုံး ဆွဲပြေးလာခဲ့တဲ့ လူစားဝင်ကွင်းလယ်လူ ဂျာအို နာဗက်စ်က ဧရိယာ ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ ဘရာဇီးလ်တောင်ပံသမား ဒေးဗစ် နီရက်စ်က ဘယ်ခြေနဲ့ အနိမ့်ဘော ချိုးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ နှစ်ကျော့ပေါင်း တစ်ဂိုးမှ မရလိုက်မှာစိုးတဲ့ ဘရုဂျ်တို့ အရှက်ပြေဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အတွင်းကို ဆွဲဝင်လာပြီးမှ ဘယ်ခြမ်းကို ခင်းပေးခဲ့တဲ့ ဘူချာနန်ရဲ့ ပေးပို့မှုကို မိုင်ယာက ခြေဖမိုးအပြင်နဲ့ လှလှပပ ဝိုက်ကန်သွင်းခဲ့ရာမှာ ညာဘက် အဝေးတိုင်ဘက်ကို ဝင်သွားခဲ့လို့ ပွတ်ရှ်ကပ်စ်ဆု ရနိုင်လောက်တဲ့ ဂိုးနဲ့ သိက္ခာဆည်နိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာ လီဗာပူးလ်တို့လောက်တော့ မကြမ်းတတ်ခဲ့တဲ့ ဘင်ဖီကာတို့က ဘရုဂျ်တို့ကို နှစ်ကျော့ပေါင်းရလဒ် ခုနစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ပျော်ပျော်ကြီး ဂိုးသွင်းကျင့်ပြီး တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘင္ဖီကာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗလာခ်ိဳဒီေမာ့စ္၊ ခံစစ္မွာ ေအာ့တာမန္ဒီ၊ အန္တိုနီယို ေဆးလ္ဗား၊ ဘားနဲ႔ ဂရီမယ္လ္ဒိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖလိုရင္တီႏို လူးဝစ္၊ ခ်ီကြင္ညိဳ၊ ဂ်ာအို မာရီယို၊ ရာဖာ ေဆးလ္ဗားနဲ႔ ေအာ့စ္နက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂြန္ဆာလို ရာမို႔စ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘယ္လ္ဂ်ီယမ္ကလပ္ ဘ႐ုဂ်္တို႔ကေတာ့ ဂိုးသမား မစ္ႏိုလက္၊ ခံစစ္မွာ မီခ်ယ္လ္၊ ကလင္တန္ မာတာနဲ႔ ဆီးလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ နီးလ္ဆန္၊ ဗာနာကင္၊ ဆိုဝါ၊ ဘူခ်ာနန္နဲ႔ မိုင္ယာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ယာရမ္ခ်ဳခ္နဲ႔ ႏိုအာလန္းတို႔ကို ပြဲထုတ္ခဲ့တာပါ။

ဘာေတြ အထင္ႀကီးၿပီး ေခၚထားမွန္း မသိတဲ့ ဘုန္းေမာက္ျပဳတ္နည္းျပ စေကာ့ ပါကားကေတာ့ အိမ္ကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးထားခဲ့အၿပီးမွာ ဒီေန႔ပြဲ အေဝးကြင္းမွာလည္း ဘင္ဖီကာတို႔ကို ယွဥ္ကစားႏိုင္စြမ္း မရွိခဲ့ဘဲ ေစာေစာစီးစီးမွာကတည္းက ဂိုးေပးရဖို႔ နီးစပ္ခဲ့သလို ဂ်ာအို မာရီယိုရဲ႕ သြင္းဂိုးမွာ ဂြန္ဆာလို ရာမို႔စ္ လူကြၽံေနလို႔သာ သက္သာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ဘင္ဖီကာတို႔ကပဲ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဂ်ာအို မာရီယို ေပးတာကို ဂြန္ဆာလို ရာမို႔စ္က ဘယ္ေတာင္ပံကေန ဆြဲေျပးၿပီး ဂိုးေရွ႕ ျဖတ္တင္ေပးရာမွာ ရာဖာ ေဆးလ္ဗားက ေနာက္တန္းႏွစ္ေယာက္ကို လိမ္ေခါက္ၿပီးမွ ကန္သြင္းခဲ့ရာမွာ ကန္ခ်က္က ေပ်ာ့လြန္းခဲ့ေပမယ့္ ဂိုးသမား မစ္ႏိုလက္ ဟန္ခ်က္ပ်က္ၿပီး မကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဘ႐ုဂ်္တို႔ကို နားထားလိုက္ေတာ့လို႔ ေျပာလို႔ရတဲ့ ဒုတိယဂိုးကို ဘင္ဖီကာတို႔ သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဂ်ာအို မာရီယိုက ဧရိယာထဲကို လွမ္းခင္းေပးရာမွာ ဂြန္ဆာလို ရာမို႔စ္က ဘယ္ျခမ္းကေန အတြင္းကို ခ်ိဳးဝင္ၿပီးမွ တစ္ဖက္ေနာက္ခံလူ သုံးေယာက္ကို ေက်ာ္ျဖတ္ၿပီး အနိမ့္ေဘာ အျပင္းကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဘင္ဖီကာတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္း ေလးဂိုး-ဂိုးမရွိနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာေအာင္ ႀကိဳးတုပ္႐ိုက္သြားႏိုင္ခဲ့ၾကခ်ိန္မွာ ဘ႐ုဂ်္တို႔နဲ႔ နည္းျပ စေကာ့ ပါကားတို႔ကေတာ့ ကိုယ္ဘာလုပ္ေနတယ္ဆိုတာ ကိုယ္တိုင္ သိပုံမရဘဲ တိက်ေသခ်ာတဲ့ ပလန္မရွိဘဲ ကစားေနခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဘင္ဖီကာတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေအာ့စ္နက္စ္ ေပးတာကို ေနာက္ခံလူ ဂရီမယ္လ္ဒိုက ေတာင္ပံကေန ဧရိယာထဲကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဂြန္ဆာလို ရာမို႔စ္ကပဲ မနားတမ္း ေျပးဝင္ကန္သြင္းခဲ့လို႔ ဂိုးသမား မစ္ႏိုလက္ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ စတုတၳ ဦးေဆာင္ဂိုးကို အိမ္ရွင္ ဘင္ဖီကာတို႔ပဲ ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထဲ ဝင္လာတဲ့ ဂီလ္ဘာတိုကို ဖ်က္ရာမွာ ေနာက္ကေန စဥ္းစားဆင္ျခင္ဉာဏ္မရွိဘဲ ေလွ်ာထိုးခ်ခဲ့တဲ့ ေနာက္ခံလူ ဆီးလားေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဂ်ာအို မာရီယိုက ဂိုးသမား မစ္ႏိုလက္ ဒိုက္ပစ္တဲ့ ဘက္နဲ႔ တျခားစီ ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဘင္ဖီကာတို႔ပဲ ပၪၥမ အႏိုင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကြင္းလယ္က ေဘာလုံး ဆြဲေျပးလာခဲ့တဲ့ လူစားဝင္ကြင္းလယ္လူ ဂ်ာအို နာဗက္စ္က ဧရိယာ ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ ဘရာဇီးလ္ေတာင္ပံသမား ေဒးဗစ္ နီရက္စ္က ဘယ္ေျခနဲ႔ အနိမ့္ေဘာ ခ်ိဳးကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ႏွစ္ေက်ာ့ေပါင္း တစ္ဂိုးမွ မရလိုက္မွာစိုးတဲ့ ဘ႐ုဂ်္တို႔ အရွက္ေျပဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန အတြင္းကို ဆြဲဝင္လာၿပီးမွ ဘယ္ျခမ္းကို ခင္းေပးခဲ့တဲ့ ဘူခ်ာနန္ရဲ႕ ေပးပို႔မႈကို မိုင္ယာက ေျခဖမိုးအျပင္နဲ႔ လွလွပပ ဝိုက္ကန္သြင္းခဲ့ရာမွာ ညာဘက္ အေဝးတိုင္ဘက္ကို ဝင္သြားခဲ့လို႔ ပြတ္ရွ္ကပ္စ္ဆု ရႏိုင္ေလာက္တဲ့ ဂိုးနဲ႔ သိကၡာဆည္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ဒုတိယအေက်ာ့မွာ လီဗာပူးလ္တို႔ေလာက္ေတာ့ မၾကမ္းတတ္ခဲ့တဲ့ ဘင္ဖီကာတို႔က ဘ႐ုဂ်္တို႔ကို ႏွစ္ေက်ာ့ေပါင္းရလဒ္ ခုနစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို ေပ်ာ္ေပ်ာ္ႀကီး ဂိုးသြင္းက်င့္ၿပီး တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.