Bundesliga Match Report Premier League UCL&UEL

လည်စင်းပေးခဲ့တဲ့တဲ့ ဒေါ့မွန်ကို အကြွေးဆပ်ပြီး ကွာတားတက်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ဖိုဖာနာ၊ ကူလီဘေလီနဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ် ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ကိုဗာချစ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ ဂျာအို ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ဒေါ့မွန်တို့ကတော့ ချဲလ်ဆီးကွင်းမှာ ယောင်ယမ်းပြီးများ နိုင်နေရင် ခက်ချေရဲ့လို့ သဘောထားသလား မသိဘဲ ပထမအကျော့က လက်စွမ်းပြခဲ့တဲ့ ဦးစားပေး ဂိုးသမား ကိုဘယ်လ်ကို အရန်ခုံမှာ ထားပြီး မိုင်ယာကို သုံးခဲ့သလို ခံစစ်မှာ ဆူးလား၊ ရှလော့တာဘက်ခ်၊ ဝုလ်ဖ်နဲ့ ဂွါရဲရိုးတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရီချန်၊ အော့ဇ်ချန်၊ ဘယ်လင်ဂမ်၊ ဘရန့်ဒ်နဲ့ ရွိုက်စ်တို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ အဲလားကိုပဲ တင်ကစားလာခဲ့တာပါ။

ဦးစားပေး ဂိုးသမားကို ချန်ပြီး အဝေးကွင်း လာကစားခဲ့တာကြောင့် ဘာဖြစ်ချင်တာလဲ၊ ဆရာဝန်ကြီးလား အင်ဂျင်နီယာကြီးလားလို့ မေးရမယ့် ဒေါ့မွန်တို့ရဲ့ ခံစစ်မှာလည်း ဂျာမန်ခေါင်းကြီး မက်ဂွိုင်းယားလို့ တချို့က ခေါ်ကြတဲ့ ဆူးလားကလည်း ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်တဲ့ ပုံစံနဲ့ ကစားနေခဲ့လို့ အလိမ်အခေါက်သွက်တဲ့ စတာလင်နဲ့ ဖဲလစ္စတို့ရဲ့ ချဲလ်ဆီးရှေ့တန်းက ကစားပေါက်ချောင်ခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာကတည်းက ဒဏ်ရာရသွားတဲ့ ဘရန့်ဒ်အစား ရေးနားနဲ့ ဒေါ့မွန်တို့ လူစားလဲခဲ့ရတဲ့နောက် ဒေါ့မွန်တို့ ဘောလုံးကိုင်ကစားပြီး အလုပ်မဖြစ်ခဲ့သလို ကွင်းလယ်မှာ အလောတကြီးနဲ့ ကစားကွက်လည်း ကောင်းကောင်းမဖော်နိုင်ခဲ့ချိန်မှာ ချဲလ်ဆီးတို့ကတော့ ဘောလုံးမယူဘဲ တန်ပြန်တိုက်စစ်တွေနဲ့ အခွင့်အရေးယူဖို့ ကြိုးစားခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ချဲလ်ဆီးတို့အတွက် နှစ်ကျော့ပေါင်း သရေကျစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဘယ်တောင်ပံကနေ ချေးလ်ဝဲလ်ရဲ့ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးမှုကို စတာလင်က ချော်ကန်ခဲ့ပေမယ့် အိုးနင်းခွက်နင်း ဒေါ့မွန်ခံစစ်က မဖျက်နိုင်ချိန်မှာ နောက်တစ်ကြိမ် ပြန်ရပြီး ဆူးလားနဲ့ လုကန်ခဲ့တဲ့ ဘောလုံးကို ဂိုးသမား မိုင်ယာ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာတော့ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းမှာတော့ သရေကျနေခဲ့ကြတာကြောင့် ဒုတိယပိုင်းပြန်အစမှာ ဒေါ့မွန်တို့ရဲ့ ကစားပုံက အလောတကြီး ပိုနိုင်လာခဲ့ပြီး တိုက်စစ်ဖွင့်လာခဲ့ပေမယ့် ဘယ်လင်ဂမ်ကလွဲရင် လောက်လောက်လားလား ခြေစွမ်းမပြနိုင်တဲ့ ကွင်းလယ်ကြောင့် ယိုပေါက်တွေလည်း များလာခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချေးလ်ဝဲလ်ရဲ့ ဖြတ်တင်ဘောကို ဒေါ့မွန် ညာနောက်ခံလူ ဝုလ်ဖ်က လက်နဲ့ ထိမိလို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟာဗတ်ဇ်က ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့ပေမယ့် ဧရိယာထဲ လူတွေ ဝင်နေခဲ့ကြလို့ ပြန်ကန်ခဲ့ရချိန်မှာတော့ ပထမတစ်ကြိမ် ကန်တဲ့ဘက်ကိုပဲ ထပ်ကန်ပြီး အမှတ်မရှိတဲ့ ဂိုးသမားကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်တို့ဘက်က အော့ဇ်ချန်အစား အင်္ဂလိပ်လူငယ် ဘိုင်နိုး-ဂစ်တင်စ်ကို ထပ်လဲပြီး တောင်ပံမှာ ကစားခိုင်းခဲ့ပေမယ့် သွက်လက်တာကလွဲရင် ဘောလုံးအထိန်းအသိမ်းနဲ့ ပေးပို့မှုတွေမှာ ဂျာမန်ပြည်တွင်းအဆင့်သာ ရှိသေးချိန်မှာ ချဲလ်ဆီးတို့ကတော့ ခြေစွမ်းမပြနိုင်တဲ့ ဖဲလစ္စအစား ဂါလာဂါကို ထည့်သွင်းပြီး ထိန်းကစားဖို့ လုပ်လာခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ဘက်က ကိုဗာချစ်၊ စတာလင်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့အစား ပူလီရှစ်ချ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ ဇာကာရီးယားတို့ကို ထည့်သွင်းသွားခဲ့လို ဒေါ့မွန်တို့ဘက်ကတော့ အဲလားအစား မာလန်ကို ထည့်သွင်းခဲ့ပေမယ့် ဆိုးရွားလှတဲ့ တိုက်စစ်ကစားပုံတွေက ဘာမှ ထူးမလာခဲ့ဘဲ ပေါကြောင်ကြောင် အီဒင် တာဇစ်ချ်ရဲ့ ဗျူဟာတွေမှာ အိမ်ရှင်တွေကတောင် ဂိုးထပ်ရဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ ဒေါ့မွန်တို့ကို ကျော်ဖြတ်သွားခဲ့သလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာကြောင့် ဖိအားတွေ တစ်လှေကြီး ဝင်နေတဲ့ နည်းပြ ပေါ့တာအတွက် စိတ်သက်သာစရာဖြစ်ခဲ့ရပြီး ပရိသတ်တွေအတွက်တော့ အနည်းငယ် အကောင်းမြင်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ ဖိုဖာနာ၊ ကူလီေဘလီနဲ႔ ကူကူရဲလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ ဂ်ိမ္းစ္၊ ေခ်းလ္ဝဲလ္၊ ကိုဗာခ်စ္နဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္၊ ဂ်ာအို ဖဲလစၥနဲ႔ ဟာဗတ္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ေဒါ့မြန္တို႔ကေတာ့ ခ်ဲလ္ဆီးကြင္းမွာ ေယာင္ယမ္းၿပီးမ်ား ႏိုင္ေနရင္ ခက္ေခ်ရဲ႕လို႔ သေဘာထားသလား မသိဘဲ ပထမအေက်ာ့က လက္စြမ္းျပခဲ့တဲ့ ဦးစားေပး ဂိုးသမား ကိုဘယ္လ္ကို အရန္ခုံမွာ ထားၿပီး မိုင္ယာကို သုံးခဲ့သလို ခံစစ္မွာ ဆူးလား၊ ရွေလာ့တာဘက္ခ္၊ ဝုလ္ဖ္နဲ႔ ဂြါရဲ႐ိုးတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အမ္မရီခ်န္၊ ေအာ့ဇ္ခ်န္၊ ဘယ္လင္ဂမ္၊ ဘရန႔္ဒ္နဲ႔ ႐ြိဳက္စ္တို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ အဲလားကိုပဲ တင္ကစားလာခဲ့တာပါ။

ဦးစားေပး ဂိုးသမားကို ခ်န္ၿပီး အေဝးကြင္း လာကစားခဲ့တာေၾကာင့္ ဘာျဖစ္ခ်င္တာလဲ၊ ဆရာဝန္ႀကီးလား အင္ဂ်င္နီယာႀကီးလားလို႔ ေမးရမယ့္ ေဒါ့မြန္တို႔ရဲ႕ ခံစစ္မွာလည္း ဂ်ာမန္ေခါင္းႀကီး မက္ဂြိဳင္းယားလို႔ တခ်ိဳ႕က ေခၚၾကတဲ့ ဆူးလားကလည္း ကိုယ့္အရွိန္ကိုယ္မထိန္းႏိုင္တဲ့ ပုံစံနဲ႔ ကစားေနခဲ့လို႔ အလိမ္အေခါက္သြက္တဲ့ စတာလင္နဲ႔ ဖဲလစၥတို႔ရဲ႕ ခ်ဲလ္ဆီးေရွ႕တန္းက ကစားေပါက္ေခ်ာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက ဒဏ္ရာရသြားတဲ့ ဘရန႔္ဒ္အစား ေရးနားနဲ႔ ေဒါ့မြန္တို႔ လူစားလဲခဲ့ရတဲ့ေနာက္ ေဒါ့မြန္တို႔ ေဘာလုံးကိုင္ကစားၿပီး အလုပ္မျဖစ္ခဲ့သလို ကြင္းလယ္မွာ အေလာတႀကီးနဲ႔ ကစားကြက္လည္း ေကာင္းေကာင္းမေဖာ္ႏိုင္ခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ ေဘာလုံးမယူဘဲ တန္ျပန္တိုက္စစ္ေတြနဲ႔ အခြင့္အေရးယူဖို႔ ႀကိဳးစားခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔အတြက္ ႏွစ္ေက်ာ့ေပါင္း သေရက်ေစမယ့္ ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ေတာင္ပံကေန ေခ်းလ္ဝဲလ္ရဲ႕ ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးမႈကို စတာလင္က ေခ်ာ္ကန္ခဲ့ေပမယ့္ အိုးနင္းခြက္နင္း ေဒါ့မြန္ခံစစ္က မဖ်က္ႏိုင္ခ်ိန္မွာ ေနာက္တစ္ႀကိမ္ ျပန္ရၿပီး ဆူးလားနဲ႔ လုကန္ခဲ့တဲ့ ေဘာလုံးကို ဂိုးသမား မိုင္ယာ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းအၿပီးမွာေတာ့ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းမွာေတာ့ သေရက်ေနခဲ့ၾကတာေၾကာင့္ ဒုတိယပိုင္းျပန္အစမွာ ေဒါ့မြန္တို႔ရဲ႕ ကစားပုံက အေလာတႀကီး ပိုႏိုင္လာခဲ့ၿပီး တိုက္စစ္ဖြင့္လာခဲ့ေပမယ့္ ဘယ္လင္ဂမ္ကလြဲရင္ ေလာက္ေလာက္လားလား ေျခစြမ္းမျပႏိုင္တဲ့ ကြင္းလယ္ေၾကာင့္ ယိုေပါက္ေတြလည္း မ်ားလာခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေခ်းလ္ဝဲလ္ရဲ႕ ျဖတ္တင္ေဘာကို ေဒါ့မြန္ ညာေနာက္ခံလူ ဝုလ္ဖ္က လက္နဲ႔ ထိမိလို႔ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဟာဗတ္ဇ္က ကန္သြင္းရာမွာ တိုင္ထိထြက္ခဲ့ေပမယ့္ ဧရိယာထဲ လူေတြ ဝင္ေနခဲ့ၾကလို႔ ျပန္ကန္ခဲ့ရခ်ိန္မွာေတာ့ ပထမတစ္ႀကိမ္ ကန္တဲ့ဘက္ကိုပဲ ထပ္ကန္ၿပီး အမွတ္မရွိတဲ့ ဂိုးသမားကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္တို႔ဘက္က ေအာ့ဇ္ခ်န္အစား အဂၤလိပ္လူငယ္ ဘိုင္ႏိုး-ဂစ္တင္စ္ကို ထပ္လဲၿပီး ေတာင္ပံမွာ ကစားခိုင္းခဲ့ေပမယ့္ သြက္လက္တာကလြဲရင္ ေဘာလုံးအထိန္းအသိမ္းနဲ႔ ေပးပို႔မႈေတြမွာ ဂ်ာမန္ျပည္တြင္းအဆင့္သာ ရွိေသးခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ ေျခစြမ္းမျပႏိုင္တဲ့ ဖဲလစၥအစား ဂါလာဂါကို ထည့္သြင္းၿပီး ထိန္းကစားဖို႔ လုပ္လာခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ကိုဗာခ်စ္၊ စတာလင္နဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔အစား ပူလီရွစ္ခ်္၊ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ဇာကာရီးယားတို႔ကို ထည့္သြင္းသြားခဲ့လို ေဒါ့မြန္တို႔ဘက္ကေတာ့ အဲလားအစား မာလန္ကို ထည့္သြင္းခဲ့ေပမယ့္ ဆိုး႐ြားလွတဲ့ တိုက္စစ္ကစားပုံေတြက ဘာမွ ထူးမလာခဲ့ဘဲ ေပါေၾကာင္ေၾကာင္ အီဒင္ တာဇစ္ခ်္ရဲ႕ ဗ်ဴဟာေတြမွာ အိမ္ရွင္ေတြကေတာင္ ဂိုးထပ္ရဖို႔ နီးစပ္ခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔က အိမ္ကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ကစားခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေဒါ့မြန္တို႔ကို ေက်ာ္ျဖတ္သြားခဲ့သလို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာေၾကာင့္ ဖိအားေတြ တစ္ေလွႀကီး ဝင္ေနတဲ့ နည္းျပ ေပါ့တာအတြက္ စိတ္သက္သာစရာျဖစ္ခဲ့ရၿပီး ပရိသတ္ေတြအတြက္ေတာ့ အနည္းငယ္ အေကာင္းျမင္လာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.