UCL&UEL

လီဗာပူးလ်ပရိသတ်တွေအတွက် အထူးအစီအစဉ်တစ်ခု ပြုလုပ်ပေးသွားမယ့် ယူအီးအက်ဖ်အေ

ယူအီးအက်ဖ်အေက ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ လီဗာပူးလ်ပရိသတ်အများအပြားကို လက်မှတ်ဖိုး ပြန်အမ်းသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ပဲရစ်က ဘောလုံးကွင်းထဲကို ဝင်ဖို့ တန်းစီနေချိန်မှာ လီဗာပူးလ်ပရိသတ် ထောင်ပေါင်းများစွာဟာ ဝရုန်းသုန်းကားဖြစ်နေခဲ့တာကြောင့် ရဲတပ်ဖွဲ့ဟာ သေးငယ်တဲ့ဧရိယာထဲမှာ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်စေနိုင်တဲ့ မျက်ရည်ယိုဗုံး ကြဲပြီး အင်အားသုံး လူစုခခွဲခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ကနဦးတုန်းက လက်မှတ်မရှိတဲ့ ပရိသတ်တွေက ကွင်းအတွင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ထိန်းမနိုင်သိမ်းမရအခြေအနေဖြစ်ခဲ့တယ်လို့ ပြစ်တင်ခဲ့ပြီးနောက်လီဗာပူးလ်ပရိသတ်တွေ ဘယ်လိုအမှားမျိုးမှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ အင်္ဂါနေ့နံနက်က ထုတ်ပြန်ကြေညာချက်ထဲမှာ “ယူအီးအက်ဖ်အေအနေနဲ့ ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့က ပြင်သစ်မှာ ကွင်းထဲဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေချိန်မှာ ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ ပရိသတ်တွေအတွက် အထူးငွေပြန်အမ်းအစီအစဉ်ကို အကောင်အထည်ဖော်သွားမှာပါ”

“ငွေပြန်အမ်းမှုကို ခက်ခဲတဲ့အခြေအနေတွေ အများဆုံးဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ ဂိတ် A,B,C,X,Y,Z က ပရိသတ်တွေအားလုံးကို ပြုလုပ်ပေးသွားမှာပါ။ ဒါ့အပြင် ည ၉ နာရီ(မူလစီစဉ်ထားတဲ့ ပွဲချိန်)မတိုင်ခင် ကွင်းထဲမဝင်ရောက်ခဲ့တဲ့ ဒါမှမဟုတ် လုံးဝ ကွင်းထဲကို မဝင်ခဲ့ရတဲ့ ပရိသတ်တွေအားလုံးလည်း ငွေပြန်အမ်းမယ့်အစီအစဉ်ထဲမှာ အကျုံးဝင်မှာဖြစ်ပါတယ်”လို့ ရေးသားထားတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ပွဲစဉ်ဟာ များပြားလှတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းပရိသတ်တွေ ကွင်းထဲ ဝင်ရောက်ခွင့် မရရှိခဲ့တာကြောင့် မူလစီစဉ်ထားတာထက် ၃၆ မိနစ် နှောင့်နှေးခဲ့ပြီး ပြင်သစ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ငရုတ်ကောင်းစပရေးတွေအသုံးပြုပြီး ပရိသတ်အုပ်ကြီးကို တိုက်ခိုက်ခဲ့တာကို ယူအီးအက်ဖ်အေနဲ့ ပြင်သစ်အာဏာပိုင်တွေက အရှက်ကင်းမဲ့စွာ ကာကွယ်ပေးခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူအီးအက္ဖ္ေအက ၂၀၂၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ခဲ့တဲ့ လီဗာပူးလ္ပရိသတ္အမ်ားအျပားကို လက္မွတ္ဖိုး ျပန္အမ္းသြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

ပဲရစ္က ေဘာလုံးကြင္းထဲကို ဝင္ဖို႔ တန္းစီေနခ်ိန္မွာ လီဗာပူးလ္ပရိသတ္ ေထာင္ေပါင္းမ်ားစြာဟာ ဝ႐ုန္းသုန္းကားျဖစ္ေနခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ဟာ ေသးငယ္တဲ့ဧရိယာထဲမွာ ထိခိုက္ဒဏ္ရာရရွိမႈေတြ ျဖစ္ေစႏိုင္တဲ့ မ်က္ရည္ယိုဗုံး ႀကဲၿပီး အင္အားသုံး လူစုခခြဲခဲ့တာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက ကနဦးတုန္းက လက္မွတ္မရွိတဲ့ ပရိသတ္ေတြက ကြင္းအတြင္းကို ဝင္ေရာက္ဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ ထိန္းမႏိုင္သိမ္းမရအေျခအေနျဖစ္ခဲ့တယ္လို႔ ျပစ္တင္ခဲ့ၿပီးေနာက္လီဗာပူးလ္ပရိသတ္ေတြ ဘယ္လိုအမွားမ်ိဳးမွ လုပ္ေဆာင္ခဲ့ျခင္းမရွိေၾကာင္း လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးမႈေတြက ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ အဂၤါေန႔နံနက္က ထုတ္ျပန္ေၾကညာခ်က္ထဲမွာ “ယူအီးအက္ဖ္ေအအေနနဲ႔ ၂၀၂၂ ခုႏွစ္ ေမလ ၂၈ ရက္ေန႔က ျပင္သစ္မွာ ကြင္းထဲဝင္ခြင့္ရဖို႔ ေစာင့္ဆိုင္းေနခ်ိန္မွာ ထိခိုက္မႈအမ်ားဆုံးျဖစ္ခဲ့တဲ့ ပရိသတ္ေတြအတြက္ အထူးေငြျပန္အမ္းအစီအစဥ္ကို အေကာင္အထည္ေဖာ္သြားမွာပါ”

“ေငြျပန္အမ္းမႈကို ခက္ခဲတဲ့အေျခအေနေတြ အမ်ားဆုံးျဖစ္ခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပခဲ့တဲ့ ဂိတ္ A,B,C,X,Y,Z က ပရိသတ္ေတြအားလုံးကို ျပဳလုပ္ေပးသြားမွာပါ။ ဒါ့အျပင္ ည ၉ နာရီ(မူလစီစဥ္ထားတဲ့ ပြဲခ်ိန္)မတိုင္ခင္ ကြင္းထဲမဝင္ေရာက္ခဲ့တဲ့ ဒါမွမဟုတ္ လုံးဝ ကြင္းထဲကို မဝင္ခဲ့ရတဲ့ ပရိသတ္ေတြအားလုံးလည္း ေငြျပန္အမ္းမယ့္အစီအစဥ္ထဲမွာ အက်ဳံးဝင္မွာျဖစ္ပါတယ္”လို႔ ေရးသားထားတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္အသင္းကို ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ သြင္းဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ပြဲစဥ္ဟာ မ်ားျပားလွတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းပရိသတ္ေတြ ကြင္းထဲ ဝင္ေရာက္ခြင့္ မရရွိခဲ့တာေၾကာင့္ မူလစီစဥ္ထားတာထက္ ၃၆ မိနစ္ ေႏွာင့္ေႏွးခဲ့ၿပီး ျပင္သစ္ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံး၊ င႐ုတ္ေကာင္းစပေရးေတြအသုံးျပဳၿပီး ပရိသတ္အုပ္ႀကီးကို တိုက္ခိုက္ခဲ့တာကို ယူအီးအက္ဖ္ေအနဲ႔ ျပင္သစ္အာဏာပိုင္ေတြက အရွက္ကင္းမဲ့စြာ ကာကြယ္ေပးခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.