Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၉.၉.၂၀၂၀

– အသင္းရဲ႕ ခံစစ္ပုိင္း ယုိယြင္းမွဳေတြကို ျမင္ေတြ႕ခဲ့ရအၿပီးမွာ ခ်ဲလ္ဆီးအသင္းပုိင္ရွင္ ႐ိုမန္ ေအဗရာမုိဗစ္ခ်္အေနနဲ႔ နည္းျပ လမ္းပတ္ အလိုရွိေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္အဖ်က္ကစားသမား ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူေပးဖို႔ မီးစိမ္းျပထား။

– ဝက္စ္ဘရြန္းကို ပထမပုိင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ေနခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ အခ်င္းမ်ားခဲ့တဲ့ ေနာက္ခံလူ မားကို႔စ္ အလြန္ဆုိကို ခ်ဲလ္ဆီးအသင္း ထုတ္ေရာင္းသြားဖို႔ အဆင္သင့္ရွိေနၿပီး အီတလီကလပ္ေတြ စိတ္ဝင္စားေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေပးဂိုးေတြအတြက္ ေဝဖန္ခံေနခဲ့ရၿပီး ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနခဲ့တဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအေနနဲ႔ ေမြးရပ္ေျမ စပိန္ကိုပဲ ျပန္ဖြယ္ရွိၿပီး လာလီဂါကလပ္အသင္းတြရဲ႕ စိတ္ဝင္စားမွဳကို ရရွိထား။

– စပါးစ္အသင္းနဲ႔ လန္ဒန္ဒါဘီပြဲစဥ္မွာ လူမ်ဳိးေရးခြဲျခားခံရတယ္ဆုိၿပီး ျပႆနာျဖစ္ပြားခဲ့ဖူးတဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါကို ေခၚယူဖို႔ နည္းျပ ေမာ္ရင္ညဳိက စိတ္ဝင္စားေနခဲ့ၿပီး အင္တာမီလန္ေနာက္ခံလူ ရွကရီညာကို ေခၚယူဖို႔ မျဖစ္ႏုိင္ေတာ့လို႔ ေျပာင္းလဲစိတ္ဝင္စားခဲ့တာျဖစ္တယ္လုိ႔ဆုိ။

– ႀကံ့ခိုင္မွဳ ျပည့္ဝေနၿပီျဖစ္တဲ့ ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္အေနနဲ႔ အသင္းမွာ ကစားခြင့္ မရႏုိင္ေသးခ်ိန္မွာ အငွားနဲ႔ ထြက္ခြာ ကစားသြားဖို႔ ရွိႏုိင္ေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ နည္းျပ လမ္းပတ္ ထုတ္ေဖာ္ေျပာၾကား။

– ဟဒ္ဆန္-အိုဒြဳိင္းအေနနဲ႔ သူ႕ကို ခ်ဲလ္ဆီးအသင္းက လိုအပ္ခ်ိန္မွာ ႀကီးႀကီးမားမား ေပးဆပ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း နည္းျပ လမ္းပတ္က ဆုိလိုက္ၿပီး ပူလီရွစ္ခ်္နဲ႔ ဇီယက္ရွ္တုိ႔လို ဦးစားေပးေတာင္ပံကစားသမားေတြ ရွိေနေပမယ့္လည္း အဂၤလိပ္လူငယ္ကို လိုအပ္တယ္လုိ႔ဆုိ။

– အသင္းရဲ႕ ဝါရင့္ေနာက္ခံလူသစ္ သီယာဂို ေဆးလ္ဗားအေနနဲ႔ အသင္းေဖာ္ေတြ၊ နည္းျပေတြနဲ႔ ဆက္သြယ္ေျပာၾကားဖို႔ ဘာသာစကား အခက္အခဲကို ရင္ဆုိင္ေနရတယ္လို႔ သိရၿပီး ဘာသာစကား သုံးမ်ဳိးထက္မနည္း တတ္ကၽြမ္းတဲ့ ဘရာဇီးလ္သားအေနနဲ႔ အဂၤလိပ္စာကို ေလ့လာဖို႔ လိုအပ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းရဲ့ ခံစစ်ပိုင်း ယိုယွင်းမှုတွေကို မြင်တွေ့ခဲ့ရအပြီးမှာ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်အနေနဲ့ နည်းပြ လမ်းပတ် အလိုရှိနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်အဖျက်ကစားသမား ဒက်ကလန် ရိုက်စ်ကို ခေါ်ယူပေးဖို့ မီးစိမ်းပြထား။

– ဝက်စ်ဘရွန်းကို ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းပြ ဖရန့် လမ်းပတ်နဲ့ အချင်းများခဲ့တဲ့ နောက်ခံလူ မားကို့စ် အလွန်ဆိုကို ချဲလ်ဆီးအသင်း ထုတ်ရောင်းသွားဖို့ အဆင်သင့်ရှိနေပြီး အီတလီကလပ်တွေ စိတ်ဝင်စားနေ။

– ချဲလ်ဆီးအသင်းရဲ့ ပေးဂိုးတွေအတွက် ဝေဖန်ခံနေခဲ့ရပြီး ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအနေနဲ့ မွေးရပ်မြေ စပိန်ကိုပဲ ပြန်ဖွယ်ရှိပြီး လာလီဂါကလပ်အသင်းတွရဲ့ စိတ်ဝင်စားမှုကို ရရှိထား။

– စပါးစ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ လူမျိုးရေးခွဲခြားခံရတယ်ဆိုပြီး ပြဿနာဖြစ်ပွားခဲ့ဖူးတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ခေါ်ယူဖို့ နည်းပြ မော်ရင်ညိုက စိတ်ဝင်စားနေခဲ့ပြီး အင်တာမီလန်နောက်ခံလူ ရှကရီညာကို ခေါ်ယူဖို့ မဖြစ်နိုင်တော့လို့ ပြောင်းလဲစိတ်ဝင်စားခဲ့တာဖြစ်တယ်လို့ဆို။

– ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်တဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်အနေနဲ့ အသင်းမှာ ကစားခွင့် မရနိုင်သေးချိန်မှာ အငှားနဲ့ ထွက်ခွာ ကစားသွားဖို့ ရှိနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ နည်းပြ လမ်းပတ် ထုတ်ဖော်ပြောကြား။

– ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ သူ့ကို ချဲလ်ဆီးအသင်းက လိုအပ်ချိန်မှာ ကြီးကြီးမားမား ပေးဆပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နည်းပြ လမ်းပတ်က ဆိုလိုက်ပြီး ပူလီရှစ်ချ်နဲ့ ဇီယက်ရှ်တို့လို ဦးစားပေးတောင်ပံကစားသမားတွေ ရှိနေပေမယ့်လည်း အင်္ဂလိပ်လူငယ်ကို လိုအပ်တယ်လို့ဆို။

– အသင်းရဲ့ ဝါရင့်နောက်ခံလူသစ် သီယာဂို ဆေးလ်ဗားအနေနဲ့ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ဆက်သွယ်ပြောကြားဖို့ ဘာသာစကား အခက်အခဲကို ရင်ဆိုင်နေရတယ်လို့ သိရပြီး ဘာသာစကား သုံးမျိုးထက်မနည်း တတ်ကျွမ်းတဲ့ ဘရာဇီးလ်သားအနေနဲ့ အင်္ဂလိပ်စာကို လေ့လာဖို့ လိုအပ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.