Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၉.၉.၂၀၂၀

– လီဗာပူးလ္အသင္းကို ရွဳံးနိမ့္ခဲ့တဲ့ ပြဲရဲ႕ ဒုတိယပုိင္းမွာမွ လူစားဝင္ကစားခဲ့ေပမယ့္ တစ္ဖက္အသင္းကို ၿခိမ္းေျခာက္ႏိုင္ခဲ့တဲ့ ေပးပို႔ဖန္တီးမွဳေတြကို ျပဳလုပ္သြားႏုိင္ခဲ့တဲ့ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကို အာဆင္နယ္ပရိသတ္ေတြ ခ်ီးက်ဴးေနၾက။

– မန္ခ်က္စတာယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြဳိင္းကီးန္က အာဆင္နယ္အသင္းအတြက္ လက္ရွိေနာက္ခံလူသုံးဦးျဖစ္ၾကတဲ့ ဟိုးလ္ဒင္း၊ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ တီယာနီတုိ႔ဟာ လုံေလာက္ျခင္းမရွိေၾကာင္းနဲ႔ သူတုိ႔ေနရာအတြက္ လူေကာင္းေတြ လုိေနေသးတယ္လုိ႔ ေဝဖန္။

– လိုင္လီအသင္းရဲ႕ ကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးအတြက္ ထင္မွတ္မထားတဲ့ ေခၚယူမွဳကို အာဆင္နယ္တုိ႔ ျပဳလုပ္သြားႏုိင္ၿပီး ေသာမတ္စ္ ပါေတးကို ေခၚယူမရႏုိင္ခ်ိန္မွာ ဆက္ဆံေရးေကာင္းေတြရွိတဲ့ ျပင္သစ္ကလပ္ကေန ကြင္းလယ္လူကို ေရာင္းခ်ဖို႔ ရွိေနတယ္လုိ႔ အသင္းဥကၠဌ ဂ်ယ္ရာ လိုပက္ဇ္ေျပာၾကား။

– ေအာဝါအတြက္ အာဆင္နယ္အသင္းရဲ႕ ေပးႏုိင္တဲ့ ေဈးကို ခ်မျပဘဲ တုံ႔ဆုိင္းတုံ႔ဆုိင္းနဲ႔ ေဈးဆစ္ကမ္းလွမ္းေနတဲ့ လုပ္ရပ္ကို စိတ္ပ်က္ေနေၾကာင္း လီယြန္အသင္းဥကၠဌ ယြန္း-မီရွယ္ အုိလာ ထုတ္ေဖာ္သြားခဲ့ၿပီး ေရာင္းခ်ႏုိင္ဖို႔ ယုံၾကည္မွဳ ပ်က္ျပားေစတယ္လုိ႔ဆုိ။

– ပရီးမီးယားလိဂ္ဒိုင္ေတြနဲ႔ VAR ရဲ႕ တရားမွ်တမွဳ မရွိျခင္းကို ထုတ္ေဖာ္ေျပာၾကားလုိက္တဲ့ ဂ်ဳိေဆး ေမာ္ရင္ညဳိရဲ႕ စကားက မွန္တယ္လုိ႔ ယူဆရၿပီး အာဆင္နယ္ေနာက္ခံလူ တီယာနီကို လက္နဲ႔ ႐ိုက္ခဲ့တဲ့ လီဗာပူးကစားသမား မာေနး အထုတ္မခံရခဲ့တဲ့ ျဖစ္ရပ္ကို ေမရာသတင္းဌာန ေထာက္ျပသြားခဲ့။

– လီဗာပူးလ္နဲ႔ပြဲမွာ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့လို႔ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာ စိတ္ပ်က္ေနခဲ့ေပမယ့္ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကိုေတာ့ အျပစ္တင္မွာ မဟုတ္ဘူးလို႔ဆုိ။

– အန္းဖီးလ္ဒ္မွာ ဒီရာသီအတြက္ ပထမဆုံးရွဳံးပြဲကို ႀကဳံေတြ႕ခဲ့ရတဲ့ အာဆင္နယ္ေနာက္ခံလူ ဟက္တာ ဘယ္လာရင္က လီဗာပူးလ္ကို ရွဳံးခဲ့ေပမယ့္ သူတုိ႔အသင္းဟာ တစ္ေန႔တစ္ျခား ပိုမိုတုိးတက္လာေနတာျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ဒုတိယပိုင်းမှာမှ လူစားဝင်ကစားခဲ့ပေမယ့် တစ်ဖက်အသင်းကို ခြိမ်းခြောက်နိုင်ခဲ့တဲ့ ပေးပို့ဖန်တီးမှုတွေကို ပြုလုပ်သွားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို အာဆင်နယ်ပရိသတ်တွေ ချီးကျူးနေကြ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က အာဆင်နယ်အသင်းအတွက် လက်ရှိနောက်ခံလူသုံးဦးဖြစ်ကြတဲ့ ဟိုးလ်ဒင်း၊ ဒေးဗစ် လူးဝစ်ဇ်နဲ့ တီယာနီတို့ဟာ လုံလောက်ခြင်းမရှိကြောင်းနဲ့ သူတို့နေရာအတွက် လူကောင်းတွေ လိုနေသေးတယ်လို့ ဝေဖန်။

– လိုင်လီအသင်းရဲ့ ကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးအတွက် ထင်မှတ်မထားတဲ့ ခေါ်ယူမှုကို အာဆင်နယ်တို့ ပြုလုပ်သွားနိုင်ပြီး သောမတ်စ် ပါတေးကို ခေါ်ယူမရနိုင်ချိန်မှာ ဆက်ဆံရေးကောင်းတွေရှိတဲ့ ပြင်သစ်ကလပ်ကနေ ကွင်းလယ်လူကို ရောင်းချဖို့ ရှိနေတယ်လို့ အသင်းဥက္ကဌ ဂျယ်ရာ လိုပက်ဇ်ပြောကြား။

– အောဝါအတွက် အာဆင်နယ်အသင်းရဲ့ ပေးနိုင်တဲ့ ဈေးကို ချမပြဘဲ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ဈေးဆစ်ကမ်းလှမ်းနေတဲ့ လုပ်ရပ်ကို စိတ်ပျက်နေကြောင်း လီယွန်အသင်းဥက္ကဌ ယွန်း-မီရှယ် အိုလာ ထုတ်ဖော်သွားခဲ့ပြီး ရောင်းချနိုင်ဖို့ ယုံကြည်မှု ပျက်ပြားစေတယ်လို့ဆို။

– ပရီးမီးယားလိဂ်ဒိုင်တွေနဲ့ VAR ရဲ့ တရားမျှတမှု မရှိခြင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဂျိုဆေး မော်ရင်ညိုရဲ့ စကားက မှန်တယ်လို့ ယူဆရပြီး အာဆင်နယ်နောက်ခံလူ တီယာနီကို လက်နဲ့ ရိုက်ခဲ့တဲ့ လီဗာပူးကစားသမား မာနေး အထုတ်မခံရခဲ့တဲ့ ဖြစ်ရပ်ကို မေရာသတင်းဌာန ထောက်ပြသွားခဲ့။

– လီဗာပူးလ်နဲ့ပွဲမှာ အခွင့်အရေးတွေကို လွဲချော်ခဲ့လို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာ စိတ်ပျက်နေခဲ့ပေမယ့် တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကိုတော့ အပြစ်တင်မှာ မဟုတ်ဘူးလို့ဆို။

– အန်းဖီးလ်ဒ်မှာ ဒီရာသီအတွက် ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူ ဟက်တာ ဘယ်လာရင်က လီဗာပူးလ်ကို ရှုံးခဲ့ပေမယ့် သူတို့အသင်းဟာ တစ်နေ့တစ်ခြား ပိုမိုတိုးတက်လာနေတာဖြစ်တယ်လို့ ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.