Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၉.၉.၂၀၂၀

– ႐ူဘင္ ဒီယက္စ္ကို အဂၤါေန႔(ဒီေန႔)မွာ အၿပီးသတ္စာခ်ဳပ္ေခၚႏိုင္ဖို႔ လိုအပ္တဲ့ လုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္သြားမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ညေနပုိင္းမွာ ေၾကျငာႏိုင္တယ္လို႔ သတင္းဌာနေတြ ေဖာ္ျပ။

– ပက္ပ္ ဂြါဒီယိုလာရဲ႕ ဗဟိုေနာက္ခံလူေတြ ေခၚယူတဲ့ ကၽြမ္းက်င္မွဳကို သူ႕အေနနဲ႔ သံသယျဖစ္ေနၿပီး ဘာစီလိုနာေန႔ရက္ေတြကစလို႔ သူေခၚယူခဲ့တဲ့ ကစားသမားေတြဟာ ေဈးႀကီးတာကလြဲရင္ ေျခစြမ္းမတည္ၿငိမ္ၾကလို႔ ႐ူဘင္ ဒီယက္စ္သာ အလုပ္မျဖစ္ခဲ့ရင္ ဒီရာသီဟာ သူ႕ရဲ႕ ေနာက္ဆုံးရာသီပဲျဖစ္လိမ့္မယ္လို႔ လီဗာပူးလ္ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါ ေဝဖန္။

– လာမယ့္ ဘန္ေလနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္အမီ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗား ပါဝင္လာႏုိင္ေျခရွိေနၿပီး ေပၚတူဂီသားအေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ ျပန္လည္ေျပးလႊားေနႏုိင္ၿပီျဖစ္တာေၾကာင့္ မန္စီးတီးပရိသတ္ေတြ အားတက္စရာျဖစ္လာ။

– နာပုိလီအသင္းနဲ႔ ဆက္ဆံေရး မေျပလည္တဲ့ အေျခအေနေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ တုိက္စစ္မွဴး အာေကးဒီးယပ္ရွ္ မီလစ္ခ္ကို ေခၚယူဖို႔ လုပ္ေဆာင္ေနရာမွာ တရားဝင္ေတာ့ ကမ္းလွမ္းတာမ်ဳိး မရွိေသးဘဲ ကစားသမားဘက္ကိုပဲ ဒီအတုိင္း ဆက္သြယ္ထားတယ္လို႔ သိရ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ တုိက္စစ္ပုိင္းအတြက္ ေျပာင္းေရႊ႕ေၾကးျမင့္မားတဲ့ ကစားသမားေတြကို မေခၚယူဘဲ ပီအက္စ္ဂ်ီကေန ထြက္ခြာလာၿပီး အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ အက္ဒင္ဆန္ ကာဗာနီကိုပဲ ေခၚယူသြားဖို႔ ပရိသတ္တခ်ဳိ႕ တုိက္တြန္းေနၾက။

– ႐ူဘင္ ဒီယက္စ္ကို ေခၚယူရာမွာ ဆန္႔က်င္ဘက္ လားရာကို ျပန္လည္ေျပာင္းေရႊ႕ေပးရမွာျဖစ္တဲ့ ေနာက္ခံလူ နီကိုလတ္စ္ ေအာ့တာမန္ဒီအတြက္ ဆုေၾကးအေနနဲ႔ ယူ႐ို ၂ သန္းကို မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေပးေခ်ခဲ့ရ။

– ဘာစီလိုနာအသင္းက ေခၚယူလိုေနၿပီး စီးတီးဘက္က ယူ႐ုိသန္း ၃၀ သတ္မွတ္ထားခဲ့တဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာအတြက္ ေဈးႏွဳန္း ေလွ်ာ့ခ်ေပးသြားဖို႔ ညႇိႏွဳိင္းမွဳေတြ ရွိေနၿပီး အေျပာင္းအေရႊ႕ကာလ လက္က်န္တစ္ပတ္အတြင္း တရားဝင္ကမ္းလွမ္းလာဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရူဘင် ဒီယက်စ်ကို အင်္ဂါနေ့(ဒီနေ့)မှာ အပြီးသတ်စာချုပ်ခေါ်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းအနေနဲ့ ညနေပိုင်းမှာ ကြေငြာနိုင်တယ်လို့ သတင်းဌာနတွေ ဖော်ပြ။

– ပက်ပ် ဂွါဒီယိုလာရဲ့ ဗဟိုနောက်ခံလူတွေ ခေါ်ယူတဲ့ ကျွမ်းကျင်မှုကို သူ့အနေနဲ့ သံသယဖြစ်နေပြီး ဘာစီလိုနာနေ့ရက်တွေကစလို့ သူခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ ဈေးကြီးတာကလွဲရင် ခြေစွမ်းမတည်ငြိမ်ကြလို့ ရူဘင် ဒီယက်စ်သာ အလုပ်မဖြစ်ခဲ့ရင် ဒီရာသီဟာ သူ့ရဲ့ နောက်ဆုံးရာသီပဲဖြစ်လိမ့်မယ်လို့ လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ဝေဖန်။

– လာမယ့် ဘန်လေနဲ့ ကာရာဘောင်းဖလားပွဲစဉ်အမီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ပါဝင်လာနိုင်ခြေရှိနေပြီး ပေါ်တူဂီသားအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ ပြန်လည်ပြေးလွှားနေနိုင်ပြီဖြစ်တာကြောင့် မန်စီးတီးပရိသတ်တွေ အားတက်စရာဖြစ်လာ။

– နာပိုလီအသင်းနဲ့ ဆက်ဆံရေး မပြေလည်တဲ့ အခြေအနေကြောင့် မန်စီးတီးအသင်းအနေနဲ့ တိုက်စစ်မှူး အာကေးဒီးယပ်ရှ် မီလစ်ခ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေရာမှာ တရားဝင်တော့ ကမ်းလှမ်းတာမျိုး မရှိသေးဘဲ ကစားသမားဘက်ကိုပဲ ဒီအတိုင်း ဆက်သွယ်ထားတယ်လို့ သိရ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် ပြောင်းရွှေ့ကြေးမြင့်မားတဲ့ ကစားသမားတွေကို မခေါ်ယူဘဲ ပီအက်စ်ဂျီကနေ ထွက်ခွာလာပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ အက်ဒင်ဆန် ကာဗာနီကိုပဲ ခေါ်ယူသွားဖို့ ပရိသတ်တချို့ တိုက်တွန်းနေကြ။

– ရူဘင် ဒီယက်စ်ကို ခေါ်ယူရာမှာ ဆန့်ကျင်ဘက် လားရာကို ပြန်လည်ပြောင်းရွှေ့ပေးရမှာဖြစ်တဲ့ နောက်ခံလူ နီကိုလတ်စ် အော့တာမန်ဒီအတွက် ဆုကြေးအနေနဲ့ ယူရို ၂ သန်းကို မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပေးချေခဲ့ရ။

– ဘာစီလိုနာအသင်းက ခေါ်ယူလိုနေပြီး စီးတီးဘက်က ယူရိုသန်း ၃၀ သတ်မှတ်ထားခဲ့တဲ့ နောက်ခံလူ အဲရစ် ဂါစီယာအတွက် ဈေးနှုန်း လျှော့ချပေးသွားဖို့ ညှိနှိုင်းမှုတွေ ရှိနေပြီး အပြောင်းအရွှေ့ကာလ လက်ကျန်တစ်ပတ်အတွင်း တရားဝင်ကမ်းလှမ်းလာဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.