Premier League

ရွှေမော်ဓောမှာ နားလာထွင်းတယ်ဆိုတဲ့စကားကို ၂၀၂၃ ကာလာသွင်းခဲ့တဲ့ ဖာမီနို

ရောဘတ်တို ဖာမီနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို လီဗာပူးလ်က ဂိုးပြတ် အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး နောက်တစ်နေ့မှာပဲ မန်ချက်စတာက ထရက်ဖို့ဒ် စင်တာမှာ ဈေးဝယ်ထွက်ခဲ့တဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ တနင်္ဂနွေနေ့ညနေမှာ ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဂက်ခ်ပို၊ ဆာလား၊ နူးညက်ဇ်တို့ရဲ့ သွင်းဂိုး ၂ ဂိုးစီနဲ့ ဖာမီနိုရဲ့ သွင်းဂိုး ၁ ဂိုးကြောင့် အန်းဖီးမှာ ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့မှာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ဖာမီနိုဟာ ၎င်းရဲ့ ပြိုင်ဘက် နယ်မြေဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းကနေ ၁ မိုင်အကွာမှာရှိတဲ့ ထရက်ဖို့ဒ် စင်တာကို ဇနီးဖြစ်သူ လာရစ်ဆာ ပါရဲရားနဲ့ ဈေးဝယ်ထွက်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးရင် အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ မကြာသေးမီက ကြေညာခဲ့သူဖြစ်ပြီး ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ ဓာတ်ပုံရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။

ဖာမီနိုဟာ Primark အဝတ်အထည်စတိုးဆိုင်ထဲမှာလည်း အနက်နဲ့အဖြူ ဂျာကင်၊ ဘောင်းဘီအမည်းအပွနဲ့ အဖြူရောင် ထရိန်နာကို ဝတ်ဆင်ထားရင်း ဟိုဟိုဒီဒီ ကြည့်ရှုနေခဲ့တာကိုလည်း ဓာတ်ပုံတွေထဲမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကစားခဲ့တဲ့ အန်းဖီးက ပွဲစဉ်အတွင်း အသက် ၁၆ နှစ်ပရိသတ်တစ်ဦးဟာ အန်းဖီးကွင်းထဲကို ကျူးကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ မာဆေးဆိုဒ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး ဆယ်ကျော်သက်ပရိသတ်ဟာ လီဗာပူးလ်က ၇ ဂိုးမြောက်သွင်းဂိုးကို သွင်းယူပြီးနောက် ကွင်းထဲကို ပြေးဝင်ခဲ့ချိန်မှာ ခြေချော်ပြီး လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်နဲ့ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ရောဘတ်ဆန်ဟာ အဲဒီဖြစ်စဉ်အပြီးမှာ နာကျင်မှုကြောင့် ၎င်းရဲ့ ခြေကျင်းဝတ်ကို ကိုင်ထားခဲ့တာကို မြင်တွေ့ခဲ့ရပြီး နည်းပြ ကလော့ပ်ကလည်း ၎င်းရဲ့ ကစားသမားကို ဒဏ်ရာရရှိအောင် လုပ်ခဲ့တဲ့ ပရိသတ်ကို ဒေါသထွက်ခဲ့တာကြောင့် လုံခြုံရေးတွေက ဝိုင်းဆွဲခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မာဆေးဆိုဒ်ရဲတပ်ဖွဲ့က ဝင်းစ်ဖို့ဒ်က ပရိသတ်ဟာ ဘောလုံးကွင်းထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့သံသယရှိမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေရာဘတ္တို ဖာမီႏိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို လီဗာပူးလ္က ဂိုးျပတ္ အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီး ေနာက္တစ္ေန႔မွာပဲ မန္ခ်က္စတာက ထရက္ဖို႔ဒ္ စင္တာမွာ ေဈးဝယ္ထြက္ခဲ့တဲ့ဓာတ္ပုံေတြ ထြက္ေပၚလာပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ တနဂၤေႏြေန႔ညေနမွာ ခါးသီးၿပိဳင္ဘက္ေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဂက္ခ္ပို၊ ဆာလား၊ ႏူးညက္ဇ္တို႔ရဲ႕ သြင္းဂိုး ၂ ဂိုးစီနဲ႔ ဖာမီႏိုရဲ႕ သြင္းဂိုး ၁ ဂိုးေၾကာင့္ အန္းဖီးမွာ ၇-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းႏိုင္ခဲ့တာျဖစ္ပါတယ္။ တနလၤာေန႔မွာ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ဖာမီႏိုဟာ ၎ရဲ႕ ၿပိဳင္ဘက္ နယ္ေျမျဖစ္တဲ့ အိုးထရက္ဖို႔ဒ္ကြင္းကေန ၁ မိုင္အကြာမွာရွိတဲ့ ထရက္ဖို႔ဒ္ စင္တာကို ဇနီးျဖစ္သူ လာရစ္ဆာ ပါရဲရားနဲ႔ ေဈးဝယ္ထြက္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးရင္ အသင္းကို စြန႔္ခြာမွာျဖစ္တယ္လို႔ မၾကာေသးမီက ေၾကညာခဲ့သူျဖစ္ၿပီး ပရိသတ္ေတြနဲ႔အတူ ေပ်ာ္႐ႊင္စြာ ဓာတ္ပုံ႐ိုက္ကူးေပးခဲ့တာ ျဖစ္ပါတယ္။

ဖာမီႏိုဟာ Primark အဝတ္အထည္စတိုးဆိုင္ထဲမွာလည္း အနက္နဲ႔အျဖဴ ဂ်ာကင္၊ ေဘာင္းဘီအမည္းအပြနဲ႔ အျဖဴေရာင္ ထရိန္နာကို ဝတ္ဆင္ထားရင္း ဟိုဟိုဒီဒီ ၾကည့္ရႈေနခဲ့တာကိုလည္း ဓာတ္ပုံေတြထဲမွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္တို႔ကစားခဲ့တဲ့ အန္းဖီးက ပြဲစဥ္အတြင္း အသက္ ၁၆ ႏွစ္ပရိသတ္တစ္ဦးဟာ အန္းဖီးကြင္းထဲကို က်ဴးေက်ာ္ဝင္ေရာက္မႈေၾကာင့္ ဖမ္းဆီးျခင္းခံခဲ့ရတယ္လို႔ မာေဆးဆိုဒ္ ရဲတပ္ဖြဲ႕က အတည္ျပဳခဲ့ၿပီး ဆယ္ေက်ာ္သက္ပရိသတ္ဟာ လီဗာပူးလ္က ၇ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူၿပီးေနာက္ ကြင္းထဲကို ေျပးဝင္ခဲ့ခ်ိန္မွာ ေျခေခ်ာ္ၿပီး လီဗာပူးလ္ေနာက္ခံလူ ေရာဘတ္ဆန္နဲ႔ ထိခိုက္မိခဲ့တာျဖစ္ပါတယ္။

ေရာဘတ္ဆန္ဟာ အဲဒီျဖစ္စဥ္အၿပီးမွာ နာက်င္မႈေၾကာင့္ ၎ရဲ႕ ေျခက်င္းဝတ္ကို ကိုင္ထားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး နည္းျပ ကေလာ့ပ္ကလည္း ၎ရဲ႕ ကစားသမားကို ဒဏ္ရာရရွိေအာင္ လုပ္ခဲ့တဲ့ ပရိသတ္ကို ေဒါသထြက္ခဲ့တာေၾကာင့္ လုံၿခဳံေရးေတြက ဝိုင္းဆြဲခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မာေဆးဆိုဒ္ရဲတပ္ဖြဲ႕က ဝင္းစ္ဖို႔ဒ္က ပရိသတ္ဟာ ေဘာလုံးကြင္းထဲကို ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့တယ္လို႔သံသယရွိမႈနဲ႔ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.