Premier League

ဖလားတွေ အရယူပြနိုင်တယ်လို့ ယုံကြည်ရတဲ့ တန်ဟက်နဲ့ ပူးပေါင်းဖို့ စဉ်းစားလာတဲ့ ကိန်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ တော့တင်ဟမ်ဟော့စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့မယ်ဆိုရင် ဟာရီ ကိန်းကို အံ့အားသင့်ဖွယ် ခေါ်ယူမှု ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီ ကိန်းဟာ ယခုရာသီမှာလည်း နောက်ထပ်တစ်ကြိမ် အသင်းနဲ့အတူ ဆုဖလားရရှိနိုင်မယ့်ပုံမပေါ်တော့တာကြောင့် တော့တင်ဟမ်ဟော့စပါးက အနာဂတ်ဟာ ကောလာဟလတွေ ဆက်လက်ထွက်ပေါ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ မြောက်လန်ဒန်ကလပ်အသင်းသာ ထိပ်ဆုံး ၄ နေရာထဲ ရာသီပြီးဆုံးနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ယခုနွေရာသီမှာ ဟာရီကိန်းကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်တွေ ကြီးထွားလာနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းသာ လာမယ့်ရာသီ ဥရောပထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ကစားခွင့် မရရှိဘူးဆိုရင် ဟာရီ ကိန်းအတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကို လျှော့ချပေးလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းက ခံစားနေရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ဟာရီ ကိန်းရဲ့ ကိုယ်စားလှယ်တွေကို တတိယကြားခံလူကနေတဆင့် ဆက်သွယ်ခဲ့ပြီးနောက် ရရှိခဲ့တဲ့ တုံ့ပြန်မှုကြောင့် အားတက်နေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့်လည်း ရာသီနောက်ဆုံးလတွေမှာ လီဗာပူးလ်၊ နယူးကာဆယ်လ် ယူနိုက်တက်တို့ဆီကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲထဲမှာ ရှိနေဆဲဖြစ်ပေမယ့်လည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းတော့မဟုတ်ဘဲ အေစီမီလန်ကို ပထမအကျော့မှာ ၁-၀ နဲ့ ရှုံးနိမ့်ထားတဲ့ရလဒ်နဲ့ ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားသွားရတော့မှာ ဖြစ်ပါတယ်။

ဟာရီ ကိန်းရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက အင်္ဂလန်တိုက်စစ်မှူးက စာချုပ်သစ် မချုပ်ဆိုဘဲ အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာကို ကြောက်ရွံ့နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ရာသီ ေတာ့တင္ဟမ္ေဟာ့စပါးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ခဲ့မယ္ဆိုရင္ ဟာရီ ကိန္းကို အံ့အားသင့္ဖြယ္ ေခၚယူမႈ ျပဳလုပ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ဟာရီ ကိန္းဟာ ယခုရာသီမွာလည္း ေနာက္ထပ္တစ္ႀကိမ္ အသင္းနဲ႔အတူ ဆုဖလားရရွိႏိုင္မယ့္ပုံမေပၚေတာ့တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးက အနာဂတ္ဟာ ေကာလာဟလေတြ ဆက္လက္ထြက္ေပၚေနတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ေျမာက္လန္ဒန္ကလပ္အသင္းသာ ထိပ္ဆုံး ၄ ေနရာထဲ ရာသီၿပီးဆုံးႏိုင္ျခင္းမရွိခဲ့ဘူးဆိုရင္ ယခုေႏြရာသီမွာ ဟာရီကိန္းကို ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ေတြ ႀကီးထြားလာေနတယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းသာ လာမယ့္ရာသီ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ မရရွိဘူးဆိုရင္ ဟာရီ ကိန္းအတြက္ ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း ၁၀၀ ကို ေလွ်ာ့ခ်ေပးလိမ့္မယ္လို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းက ခံစားေနရတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းတာဝန္ရွိသူေတြဟာ ဟာရီ ကိန္းရဲ႕ ကိုယ္စားလွယ္ေတြကို တတိယၾကားခံလူကေနတဆင့္ ဆက္သြယ္ခဲ့ၿပီးေနာက္ ရရွိခဲ့တဲ့ တုံ႔ျပန္မႈေၾကာင့္ အားတက္ေနတယ္လို႔ သိရပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယားအဆင့္ ၄ ေနရာမွာ ရပ္တည္ေနေပမယ့္လည္း ရာသီေနာက္ဆုံးလေတြမွာ လီဗာပူးလ္၊ နယူးကာဆယ္လ္ ယူႏိုက္တက္တို႔ဆီကေန ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲထဲမွာ ရွိေနဆဲျဖစ္ေပမယ့္လည္း ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းေတာ့မဟုတ္ဘဲ ေအစီမီလန္ကို ပထမအေက်ာ့မွာ ၁-၀ နဲ႔ ရႈံးနိမ့္ထားတဲ့ရလဒ္နဲ႔ ဒုတိယအေက်ာ့ကို ယွဥ္ၿပိဳင္ကစားသြားရေတာ့မွာ ျဖစ္ပါတယ္။

ဟာရီ ကိန္းရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက အဂၤလန္တိုက္စစ္မႉးက စာခ်ဳပ္သစ္ မခ်ဳပ္ဆိုဘဲ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရမွာကို ေၾကာက္႐ြံ႕ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.