Premier League

သူက သူ့ကိုယ်ပိုင်ကမ္ဘာထဲမှာ ကစားနေခဲ့တာလို့ အသင်းဖော်ဟောင်းကို ချီးကျူးခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းဖော်ဟောင်း မီဆွတ် အိုဇေးလ်နဲ့ပတ်သက်ပြီး လေးနက်တဲ့ ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဂျာမန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းဟာ အမ်းမရိတ်စ်မှာ ရှိနေခဲ့တဲ့ ကာလအတွင်း အံ့မခန်း ဖန်တီနိုင်စွမ်းအတွက် လူသိများ ကျော်ကြားခဲ့သူဖြစ်ပြီး အိုဇေးလ်ဟာ မြောက်လန်ဒန်ကလပ်အသင်းအတွက် ၂၅၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ရှော်ကေးနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ သူမတူတဲ့ မြင်နိုင်စွမ်းနဲ့ တိကျသေသပ်တဲ့ ဘောလုံးပေးပို့နိုင်စွမ်းတို့ကြောင့် ရှာမှရှားတဲ့ ကစားသမားမျိုး ဖြစ်ခဲ့တာဖြစ်ပြီး ဆာကာဟာ မကြာသေးမီက မြောက်လန်ဒန်ကလပ်အသင်းမှာ ၎င်းကို အထင်ကြီးအောင် အလုပ်နိုင်ခဲ့ဆုံးကစားသမားက ဘယ်သူလဲလို့ Football Focus ရဲ့ မေးမြန်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ မီဆွတ် အိုဇေးလ်လို့ပဲ ပြောရလိမ့်မယ်လို့ ထင်ပါတယ်။ သူက သူ့ရဲ့ ကမ္ဘာထဲမှာ ကစားနေတာပါ။ သူလုပ်နေတဲ့ အရာအချို့နဲ့ ခင်ဗျား သူ့ကို ကြည့်ရင် ဟာခနဲ ဖြစ်သွားမှာပါ”လို့ ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ရဲ့ အာဆင်နယ်ကစားသမားဘဝဟာ ၂၀၂၁ ခုနှစ်မှာ အဆုံးသတ်ခဲ့တာဖြစ်ပြီး နည်းပြ အာတီတာ ရောက်ရှိလာမှုက ဂျာမန်ကွင်းလယ်ကြယ်ပွင့်ရဲ့ မြောက်လန်ဒန်က အချိန်တွေကို အဆုံးသတ်ဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဆိုပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းရဲ့ အရည်အချင်းတွေဟာ သံသယဖြစ်စရာ လုံးဝမရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိုဇေးလ်ဟာ အစ္စတန်ဘူလ် ဘာဆတ်ဆီဟီရာအသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်းရှိနေမယ့် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၈ ဂိုး၊ ဂိုးဖန်တီးမှု အကြိမ် ၂၀ နဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုဘုရင်ဖြစ်ခဲ့သလို အာဆင်နယ်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ အာဆင္နယ္အသင္းေဖာ္ေဟာင္း မီဆြတ္ အိုေဇးလ္နဲ႔ပတ္သက္ၿပီး ေလးနက္တဲ့ ေျပာဆိုမႈ ျပဳလုပ္ခဲ့ပါတယ္။

ဂ်ာမန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားေဟာင္းဟာ အမ္းမရိတ္စ္မွာ ရွိေနခဲ့တဲ့ ကာလအတြင္း အံ့မခန္း ဖန္တီႏိုင္စြမ္းအတြက္ လူသိမ်ား ေက်ာ္ၾကားခဲ့သူျဖစ္ၿပီး အိုေဇးလ္ဟာ ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ ၂၅၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၉ ႀကိမ္ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

ေရွာ္ေကးနဲ႔ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ သူမတူတဲ့ ျမင္ႏိုင္စြမ္းနဲ႔ တိက်ေသသပ္တဲ့ ေဘာလုံးေပးပို႔ႏိုင္စြမ္းတို႔ေၾကာင့္ ရွာမွရွားတဲ့ ကစားသမားမ်ိဳး ျဖစ္ခဲ့တာျဖစ္ၿပီး ဆာကာဟာ မၾကာေသးမီက ေျမာက္လန္ဒန္ကလပ္အသင္းမွာ ၎ကို အထင္ႀကီးေအာင္ အလုပ္ႏိုင္ခဲ့ဆုံးကစားသမားက ဘယ္သူလဲလို႔ Football Focus ရဲ႕ ေမးျမန္းျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ကေတာ့ မီဆြတ္ အိုေဇးလ္လို႔ပဲ ေျပာရလိမ့္မယ္လို႔ ထင္ပါတယ္။ သူက သူ႔ရဲ႕ ကမာၻထဲမွာ ကစားေနတာပါ။ သူလုပ္ေနတဲ့ အရာအခ်ိဳ႕နဲ႔ ခင္ဗ်ား သူ႔ကို ၾကည့္ရင္ ဟာခနဲ ျဖစ္သြားမွာပါ”လို႔ ျပန္လည္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အိုေဇးလ္ရဲ႕ အာဆင္နယ္ကစားသမားဘဝဟာ ၂၀၂၁ ခုႏွစ္မွာ အဆုံးသတ္ခဲ့တာျဖစ္ၿပီး နည္းျပ အာတီတာ ေရာက္ရွိလာမႈက ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ ေျမာက္လန္ဒန္က အခ်ိန္ေတြကို အဆုံးသတ္ဖို႔ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

အဲဒီလို ဆိုေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းရဲ႕ အရည္အခ်င္းေတြဟာ သံသယျဖစ္စရာ လုံးဝမရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အိုေဇးလ္ဟာ အစၥတန္ဘူလ္ ဘာဆတ္ဆီဟီရာအသင္းနဲ႔ စာခ်ဳပ္ ဖ်က္သိမ္းၿပီးေနာက္ ကစားသမားဘဝကေန အနားယူခဲ့တာ ျဖစ္ပါတယ္။

မီဆြတ္ အိုေဇးလ္ဟာ အာဆင္နယ္ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲတမ္းရွိေနမယ့္ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ၂၀၁၅-၂၀၁၆ ရာသီမွာ ၿပိဳင္ပြဲစုံ သြင္းဂိုး ၈ ဂိုး၊ ဂိုးဖန္တီးမႈ အႀကိမ္ ၂၀ နဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဂိုးဖန္တီးမႈဘုရင္ျဖစ္ခဲ့သလို အာဆင္နယ္ရဲ႕ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.