Bundesliga

ဘိုင်ယန်ကို ပြောင်းပြီး နှစ်လအကြာမှာပဲ ထင်ထားသလိုဖြစ်မလာလို့ စိတ်ဓာတ်ကျနေတဲ့ ကန်ဆယ်လို

ဂျာအို ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ဟာ မန်ချက်စတာစီးတီးအသင်းကနေ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ ပြောင်းရွှေ့ပြီးနောက် ထင်ထားသလို ဖြစ်မလာခဲ့ဘူးလို့ သိရပါတယ်။

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်ဖလား ၂ နှစ်ဆက်တိုက် အနိုင်ရရှိခဲ့မှုမှာ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း မန်စီးတီးက ပေါ်တူဂီနောက်ခံလူက ပွဲကစားချိန်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ပုံမှန်ပွဲထွက်ကစားချိန် မရရှိခဲ့မှုနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရမှုကြောင့် ဒေါသထွက်ခဲ့တာဖြစ်ပြီး အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနောက်ခံလူဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် မီးစိမ်းပြခြင်းခံခဲ့ရပြီး ပေါင် ၆၁ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ပွဲဦးထွက်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ဂိုးဖန်တီးမှုနဲ့ ချက်ချင်း အကျိုးသက်ရောက်မှုပြသနိုင်ဖို့ ၁၇ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပြီး ပြီးတဲ့နောက် ဒုတိယမြောက်ပွဲစဉ်မှာလည်း နောက်ထပ်တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဂျာမနီမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘဝသစ်ကို ရရှိနေပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးနဲ့တုန်းကလိုမျိုး တူညီတဲ့ အနေအထားမှာ ရှိနေပြီဖြစ်ပုံပေါ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ နောက်ဆုံး ၂ ပွဲမှာ ၁၂ မိနစ်သာ ကစားခဲ့ရပြီး ပီအက်စ်ဂျီနဲ့ ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

Sky Sport သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က အသက် ၂၂ နှစ်အရွယ် ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက် ဂျိုဆစ်ပ် စတန်နီဆစ်က ကန်ဆယ်လိုကို ကျော်ပြီး ပွဲထွက် လူစာရင်းထဲမှာ ပါဝင်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူလီယန် နာဂယ်စ်မန်းလက်အောက်မှာ ကစားနေတဲ့ ကစားဟန်ဟာ ဂွါဒီယိုလာလက်အောက်မှာ ကစားခဲ့တဲ့ အယူအဆမျိုးနဲ့ မတူညီဘဲ ဘိုင်ယန်မြူးနစ်အသင်းကလည်း ခံစစ် ၃ ဦးကစားကွက်နဲ့ လက်ရှိမှာကစားနေတာကြောင့် ကန်ဆယ်လိုက ပုံမှန်ညာနောက်ခံလူအဖြစ် ရှုမြင်ခြင်းခံထားရတာကြောင့် နေရာမရဖြစ်နေတာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ၎င်းရဲ့ အခြေအနေကြောင့် စိတ်ပျက်ဝမ်းနည်းနေတယ်လို့ သိရပြီး တနင်္ဂနွေနေ့ လေ့ကျင့်ရေးက မျက်နှာအမူအရာဟာ အဲဒီ ပြောဆိုမှုတွေက အမှန်ဖြစ်တယ်လို့ ပြသခဲ့ပုံပေါ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာအို ကန္ဆယ္လိုရဲ႕ အေျပာင္းအေ႐ႊ႕ဟာ မန္ခ်က္စတာစီးတီးအသင္းကေန ဘိုင္ယန္ျမဴးနစ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ ထင္ထားသလို ျဖစ္မလာခဲ့ဘူးလို႔ သိရပါတယ္။

ကန္ဆယ္လိုဟာ မန္ခ်က္စတာစီးတီးရဲ႕ ပရီးမီးယားလိဂ္ဖလား ၂ ႏွစ္ဆက္တိုက္ အႏိုင္ရရွိခဲ့မႈမွာ အဓိကကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ေပမယ့္လည္း မန္စီးတီးက ေပၚတူဂီေနာက္ခံလူက ပြဲကစားခ်ိန္နဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္လာခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ကန္ဆယ္လိုဟာ ပုံမွန္ပြဲထြက္ကစားခ်ိန္ မရရွိခဲ့မႈနဲ႔ အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ လူစာရင္းထဲကေန ထုတ္ပယ္ျခင္းခံခဲ့ရမႈေၾကာင့္ ေဒါသထြက္ခဲ့တာျဖစ္ၿပီး အသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးေနာက္ခံလူဟာ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ မီးစိမ္းျပျခင္းခံခဲ့ရၿပီး ေပါင္ ၆၁ သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဆီကို ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

ကန္ဆယ္လိုဟာ ပြဲဦးထြက္ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ ဂိုးဖန္တီးမႈနဲ႔ ခ်က္ခ်င္း အက်ိဳးသက္ေရာက္မႈျပသႏိုင္ဖို႔ ၁၇ မိနစ္သာ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး ၿပီးတဲ့ေနာက္ ဒုတိယေျမာက္ပြဲစဥ္မွာလည္း ေနာက္ထပ္တစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ ဂ်ာမနီမွာ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ဘဝသစ္ကို ရရွိေနပုံ ေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ကန္ဆယ္လိုဟာ မန္ခ်က္စတာစီးတီးနဲ႔တုန္းကလိုမ်ိဳး တူညီတဲ့ အေနအထားမွာ ရွိေနၿပီျဖစ္ပုံေပၚၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ ေနာက္ဆုံး ၂ ပြဲမွာ ၁၂ မိနစ္သာ ကစားခဲ့ရၿပီး ပီအက္စ္ဂ်ီနဲ႔ ဗုဒၶဟူးေန႔ညမွာ ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိမွာမဟုတ္ဘူးလို႔ သိရပါတယ္။

Sky Sport သတင္းေထာက္ ဖလိုရီယန္ ပလက္တန္ဘာ့ဂ္က အသက္ ၂၂ ႏွစ္အ႐ြယ္ ဘိုင္ယန္ျမဴးနစ္အကယ္ဒမီထြက္ ဂ်ိဳဆစ္ပ္ စတန္နီဆစ္က ကန္ဆယ္လိုကို ေက်ာ္ၿပီး ပြဲထြက္ လူစာရင္းထဲမွာ ပါဝင္လာမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂ်ဴလီယန္ နာဂယ္စ္မန္းလက္ေအာက္မွာ ကစားေနတဲ့ ကစားဟန္ဟာ ဂြါဒီယိုလာလက္ေအာက္မွာ ကစားခဲ့တဲ့ အယူအဆမ်ိဳးနဲ႔ မတူညီဘဲ ဘိုင္ယန္ျမဴးနစ္အသင္းကလည္း ခံစစ္ ၃ ဦးကစားကြက္နဲ႔ လက္ရွိမွာကစားေနတာေၾကာင့္ ကန္ဆယ္လိုက ပုံမွန္ညာေနာက္ခံလူအျဖစ္ ရႈျမင္ျခင္းခံထားရတာေၾကာင့္ ေနရာမရျဖစ္ေနတာျဖစ္ပါတယ္။ ကန္ဆယ္လိုဟာ ၎ရဲ႕ အေျခအေနေၾကာင့္ စိတ္ပ်က္ဝမ္းနည္းေနတယ္လို႔ သိရၿပီး တနဂၤေႏြေန႔ ေလ့က်င့္ေရးက မ်က္ႏွာအမူအရာဟာ အဲဒီ ေျပာဆိုမႈေတြက အမွန္ျဖစ္တယ္လို႔ ျပသခဲ့ပုံေပၚပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.