Bundesliga Match Report Premier League UCL&UEL

လိုက်ပ်ဇစ်နဲ့ သရေကျပြီး ရှုံးထွက်အဆင့်မှာ အနူတောက လူချောဖြစ်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ ဂျာမန်မြေမှာ RB လိုက်ပ်ဇစ်အသင်းကို သရေသာ ရယူနိုင်ခဲ့ပေမယ့် ဒါက အင်္ဂလန်အသင်းတွေထဲမှာ အကောင်းဆုံးရလဒ်ဖြစ်နေခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ စပါးစ်တို့ အသီးသီး ရှုံးနိမ့်ထားခဲ့ချိန်မှာ ဂွါဒီယိုလာရဲ့ လူတွေလည်း နိုင်ပွဲမရဘဲဖြစ်ခဲ့ရပါတယ်။

စီးတီးတို့အနေနဲ့ အဝေးကွင်းကို သွားရောက်ကစားခဲ့ရချိန်မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂွန်ဒိုးဝမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ကစားစေခဲ့တာပါ။

အိမ်ရှင် လိုက်ပ်ဇစ်တို့ကတော့ ဂိုးသမား ဘလာစ်ဗစ်ချ်၊ ခံစစ်မှာ အော်ဘန်၊ ဂွါဒီယောလ်၊ ဟယ်လ်စတန်ဘတ်နဲ့ ကလိုစတာမန်းတို့ကို နေရာချထားခဲ့ပြီး ကွင်းလယ်မှာတော့ လိုင်မာ၊ ရှလာဂါ၊ ဆိုဘော့ဆ်လိုင်း၊ ဖော့စ်ဘတ်နဲ့ တီမို ဗာနာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်ဒရေး ဆေးလ်ဗားကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ဒီဘရိုင်းနား မပါဝင်တဲ့ ကွင်းလယ်ရဲ့ ဖန်တီးမှုပိုင်းက တစ်ခုခု လိုအပ်နေသလိုပဲဖြစ်နေခဲ့ပြီး လိုက်ပ်ဇစ်တို့ကတော့ ကောင်တာနဲ့ တောင်ပံတွေကို အားကိုးပြီး တုံ့ပြန်နေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရှလာဂါ လူပေးမှားတဲ ဘောလုံးကို ဂရီးလစ်ရှ်က ဖြတ်ယူပြီး‌ ဧရိယာထိပ်ကို ထိုးပေးရာမှာ ဂွန်ဒိုးဝမ်က နောက်ပေါက်နဲ့ ဖန်တီးပေးတာကို မာရက်ဇ်က ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အမှားအယွင်းမရှိ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ လိုက်ပ်ဇစ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ မန်စီးတီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ အိမ်ရှင်တွေရဲ့ ခံစစ်က ကလိုစတာမန်းအစား ဟိုင်းန်ရစ်ချ် ဝင်ကစားလာခဲ့သလို တိုက်စစ်မြှင့် ကစားလာခဲ့ပေမယ့် အဖြစ်မရှိတဲ့ ရှလာဂါနဲ့ ဖော့စ်ဘတ်တို့လို ကစားသမားတွေကြောင့် ဂိုးပြန်ရဖို့ ခက်နေခဲ့တာပါ။

လိုက်ပ်ဇစ်တို့ဘက်က လူစားဝင်လာတဲ့ ဟိုင်းန်ရစ်ချ်က ခေါင်းတိုက်ချက်တစ်ကြိမ်နဲ့ ပိတ်သွင်းခွင့်တစ်ကြိမ်ကို လွဲချော်ခဲ့သလို အန်ဒရေ ဆေးလ်ဗားကတော့ ထောင့်ကျဉ်းအနေအထားကနေ အီဒါဆန်ကို မကျော်ဖြတ်နိုင်ခဲ့ချိန်မှာ မန်စီးတီးရဲ့ ဟားလန်းကလည်း ဂျာမန်မြေကို ခြေချိန်မှာ ရုန်းကန်နေခဲ့ရပြီး အိမ်ရှင်တွေအနေနဲ့ ဖော့စ်ဘတ်အစား အန်ကွန်ကူးကို ဖန်တီးမှု ပိုကောင်းဖို့ ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ လိုက်ပ်ဇစ်တို့ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကတော့ ဆိုဘော့ဆ်လိုင်းရဲ့ ကန်ချက်ပြင်းပြင်းကို အီဒါဆန် ပုတ်ထုတ်လို့ ရတဲ့ ဘယ်ထောင့်ကန်ဘောကနေ အတိုပေးပြီး ဟယ်လ်စတန်ဘတ်က ဖြတ်တင်ပေးရာမှာ အမြင့်ဆုံးခုန်နိုင်ခဲ့တဲ့ ဂွါဒီယောလ်က ရူဘင် ဒီယက်စ်ရှေ့ကနေ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ မန်စီးတီးတို့ဘက်က လူတစ်ယောက်မှ မလဲဘဲ ၁၁ ယောက်လုံး အစအဆုံး ကစားသွားခဲ့ပြီး လိုက်ပ်ဇစ်တို့ကတော့ အန်ဒရေ ဆေးလ်ဗား၊ ရှလာဂါနဲ့ ဟယ်လ်စတန်ဘတ်တို့အစား ယူဆွတ်ဖ် ပေါလ်ဆန်၊ ဟိုင်ဒါရာနဲ့ ရောင်းမ်တို့ကို ထည့်သွင်းသွားခဲ့ပေမယ့် နှစ်သင်းစလုံး ဂိုးတော့ ထပ်မရခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ RB လိုက်ပ်ဇစ်နဲ့ မန်ချက်စတာစီးတီးတို့ တစ်ဂိုးစီ သရေကျခဲ့ကြပြီး ဒီတစ်ပတ် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ အင်္ဂလိပ်အသင်းတွေ တစ်သင်းမှ မနိုင်တဲ့ မှတ်တမ်းဆိုးကို ရရှိသွားခဲ့သလို ဂွါဒီယိုလာအနေနဲ့ ကျန်တဲ့ လီဗာပူးလ်၊ စပါးစ်၊ ချဲလ်ဆီးတို့ထက် သာခဲ့ပေမယ့် နိုင်ပွဲနဲ့တော့ လွဲခဲ့ပြီး အနူတောမှာ လူချောတော့ ဖြစ်ခဲ့သေးပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ ဂ်ာမန္ေျမမွာ RB လိုက္ပ္ဇစ္အသင္းကို သေရသာ ရယူႏိုင္ခဲ့ေပမယ့္ ဒါက အဂၤလန္အသင္းေတြထဲမွာ အေကာင္းဆုံးရလဒ္ျဖစ္ေနခဲ့ၿပီး ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ စပါးစ္တို႔ အသီးသီး ရႈံးနိမ့္ထားခဲ့ခ်ိန္မွာ ဂြါဒီယိုလာရဲ႕ လူေတြလည္း ႏိုင္ပြဲမရဘဲျဖစ္ခဲ့ရပါတယ္။

စီးတီးတို႔အေနနဲ႔ အေဝးကြင္းကို သြားေရာက္ကစားခဲ့ရခ်ိန္မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂြန္ဒိုးဝမ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မာရက္ဇ္၊ ဂရီးလစ္ရွ္နဲ႔ ဟားလန္းတို႔ကို ကစားေစခဲ့တာပါ။

အိမ္ရွင္ လိုက္ပ္ဇစ္တို႔ကေတာ့ ဂိုးသမား ဘလာစ္ဗစ္ခ်္၊ ခံစစ္မွာ ေအာ္ဘန္၊ ဂြါဒီေယာလ္၊ ဟယ္လ္စတန္ဘတ္နဲ႔ ကလိုစတာမန္းတို႔ကို ေနရာခ်ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုင္မာ၊ ရွလာဂါ၊ ဆိုေဘာ့ဆ္လိုင္း၊ ေဖာ့စ္ဘတ္နဲ႔ တီမို ဗာနာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္ဒေရး ေဆးလ္ဗားကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ပြဲစကတည္းက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးယူခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ ပြဲကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ေပမယ့္ ဒီဘ႐ိုင္းနား မပါဝင္တဲ့ ကြင္းလယ္ရဲ႕ ဖန္တီးမႈပိုင္းက တစ္ခုခု လိုအပ္ေနသလိုပဲျဖစ္ေနခဲ့ၿပီး လိုက္ပ္ဇစ္တို႔ကေတာ့ ေကာင္တာနဲ႔ ေတာင္ပံေတြကို အားကိုးၿပီး တုံ႔ျပန္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ရွလာဂါ လူေပးမွားတဲ ေဘာလုံးကို ဂရီးလစ္ရွ္က ျဖတ္ယူၿပီး‌ ဧရိယာထိပ္ကို ထိုးေပးရာမွာ ဂြန္ဒိုးဝမ္က ေနာက္ေပါက္နဲ႔ ဖန္တီးေပးတာကို မာရက္ဇ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ အမွားအယြင္းမရွိ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ လိုက္ပ္ဇစ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ မန္စီးတီးတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ အိမ္ရွင္ေတြရဲ႕ ခံစစ္က ကလိုစတာမန္းအစား ဟိုင္းန္ရစ္ခ်္ ဝင္ကစားလာခဲ့သလို တိုက္စစ္ျမႇင့္ ကစားလာခဲ့ေပမယ့္ အျဖစ္မရွိတဲ့ ရွလာဂါနဲ႔ ေဖာ့စ္ဘတ္တို႔လို ကစားသမားေတြေၾကာင့္ ဂိုးျပန္ရဖို႔ ခက္ေနခဲ့တာပါ။

လိုက္ပ္ဇစ္တို႔ဘက္က လူစားဝင္လာတဲ့ ဟိုင္းန္ရစ္ခ်္က ေခါင္းတိုက္ခ်က္တစ္ႀကိမ္နဲ႔ ပိတ္သြင္းခြင့္တစ္ႀကိမ္ကို လြဲေခ်ာ္ခဲ့သလို အန္ဒေရ ေဆးလ္ဗားကေတာ့ ေထာင့္က်ဥ္းအေနအထားကေန အီဒါဆန္ကို မေက်ာ္ျဖတ္ႏိုင္ခဲ့ခ်ိန္မွာ မန္စီးတီးရဲ႕ ဟားလန္းကလည္း ဂ်ာမန္ေျမကို ေျခခ်ိန္မွာ ႐ုန္းကန္ေနခဲ့ရၿပီး အိမ္ရွင္ေတြအေနနဲ႔ ေဖာ့စ္ဘတ္အစား အန္ကြန္ကူးကို ဖန္တီးမႈ ပိုေကာင္းဖို႔ ထည့္သြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ လိုက္ပ္ဇစ္တို႔ ျပန္လည္ေခ်ပသြားခဲ့ၾကၿပီး ဒီဂိုးကေတာ့ ဆိုေဘာ့ဆ္လိုင္းရဲ႕ ကန္ခ်က္ျပင္းျပင္းကို အီဒါဆန္ ပုတ္ထုတ္လို႔ ရတဲ့ ဘယ္ေထာင့္ကန္ေဘာကေန အတိုေပးၿပီး ဟယ္လ္စတန္ဘတ္က ျဖတ္တင္ေပးရာမွာ အျမင့္ဆုံးခုန္ႏိုင္ခဲ့တဲ့ ဂြါဒီေယာလ္က ႐ူဘင္ ဒီယက္စ္ေရွ႕ကေန ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ မန္စီးတီးတို႔ဘက္က လူတစ္ေယာက္မွ မလဲဘဲ ၁၁ ေယာက္လုံး အစအဆုံး ကစားသြားခဲ့ၿပီး လိုက္ပ္ဇစ္တို႔ကေတာ့ အန္ဒေရ ေဆးလ္ဗား၊ ရွလာဂါနဲ႔ ဟယ္လ္စတန္ဘတ္တို႔အစား ယူဆြတ္ဖ္ ေပါလ္ဆန္၊ ဟိုင္ဒါရာနဲ႔ ေရာင္းမ္တို႔ကို ထည့္သြင္းသြားခဲ့ေပမယ့္ ႏွစ္သင္းစလုံး ဂိုးေတာ့ ထပ္မရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ RB လိုက္ပ္ဇစ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ တစ္ဂိုးစီ သေရက်ခဲ့ၾကၿပီး ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္မွာ အဂၤလိပ္အသင္းေတြ တစ္သင္းမွ မႏိုင္တဲ့ မွတ္တမ္းဆိုးကို ရရွိသြားခဲ့သလို ဂြါဒီယိုလာအေနနဲ႔ က်န္တဲ့ လီဗာပူးလ္၊ စပါးစ္၊ ခ်ဲလ္ဆီးတို႔ထက္ သာခဲ့ေပမယ့္ ႏိုင္ပြဲနဲ႔ေတာ့ လြဲခဲ့ၿပီး အႏူေတာမွာ လူေခ်ာေတာ့ ျဖစ္ခဲ့ေသးပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.