Ligue1 Transfer News

ပီအက်စ်ဂျီက မထွက်ခင် နောက်ဆုံးပွဲကို နေမာ ကစားခဲ့ပြီးပြီလားလို့ ခန့်မှန်းနေကြ

လာမယ့် နွေရာသီကျရင် ပီအက်စ်ဂျီအသင်းမှာ ကမ္ဘာ့ချန်ပီယံ GOAT လီယွန်နယ် မက်ဆီ ဆက်ရှိမရှိ မသေချာသေးချိန်မှာ ဘူးလေးရာ ဖရုံဆင့်တဲ့အနေနဲ့ နောက်ထပ် နာမည်အကြီးဆုံးတစ်ဦးဖြစ်တဲ့ နေမာ ဂျူနီယာပါ အသင်းကနေ ထွက်ခွာသွားတော့မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင် ကြယ်ပွင့်အနေနဲ့ သူ့ရဲ့ ပီအက်စ်ဂျီအတွက် နောက်ဆုံးပွဲကို ကစားခဲ့ပြီးပြီလို့လည်း နီးစပ်ရာ အသိုင်းအဝိုင်းတွေက ခန့်မှန်းနေကြပြီး လာမယ့် နွေရာသီမှာ ကာတာပိုင် အသင်းဘက်က ရောင်းထုတ်ပစ်တော့မယ်ဆိုတဲ့ အသံတွေလည်း ထွက်ရှိလာခဲ့သလို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင်အနေနဲ့ မင်းသားကွင်းမှာ အနာဂတ် မရှိတော့ဘူးလို့လည်း ဆိုနေကြတာပါ။

ပြီးခဲ့တဲ့ လီလ်အသင်းကို လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲဖို့ ထမ်းစင်နဲ့ ထုတ်ခဲ့ရတဲ့ နေမာဟာ အဲ့ဒီဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းက ပီအက်စ်ဂျီတို့နဲ့ မပူးပေါင်းနိုင်တော့တာဖြစ်ပြီး ဒဏ်ရာအခြေအနေကလည်း ဆိုးရွားခဲ့တဲ့အတွက် ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်သလို သုံးလကနေ လေးလအထိ အနားယူရနိုင်တယ်လို့ ဆိုပါတယ်။

ခြေကျင်းဝတ်အရွတ်မှာ ထိခိုက်သွားခဲ့တဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ လိုအပ်နေခဲ့တာဖြစ်ပြီး ဒဏ်ရာကို ကုသဖို့အတွက် တခြားနည်းလမ်းလည်း မရှိတော့တဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်းမှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့က အက်စပီတာဆေးရုံမှာ ခွဲစိတ်ကုသဖို့ စီစဉ်ထားပြီး ဘရာဇီးလ်သားအနေနဲ့ ဒီရာသီမှာတော့ ပီအက်စ်ဂျီတို့အတွက် ပြန်ကစားပေးနိုင်ဖို့ မဖြစ်နိုင်တော့တာပါ။

နေမာအနေနဲ့ ဖေဖော်ဝါရီလထဲမှာဆိုရင် ဘရာဇီးလ်က သူ့ညီမမွေးနေ့ကို ပြန်ဖို့ ဒဏ်ရာနဲ့ ပွဲပယ်ပြစ်ဒဏ်တွေကို ဖန်တီးတတ်တယ်လို့ သတင်းကြီးနေခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တစ်ခါမှ မလွဲဘဲ ဖြစ်ပျက်နေခဲ့သလို ဇန်နဝါရီ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ တင်ပါးဆုံရိုးဒဏ်ရာနဲ့ အနားယူခဲ့အပြီး ဒီတစ်ခါမှာတော့ အမှန်တကယ် ဒဏ်ရာက ကြမ်းသွားခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဆီကို ၂၀၁၇ ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်း (ပေါင် ၁၉၈ သန်း)နဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အသင်းအတွက် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၁၇၃ ပွဲမှာ ၁၁၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဖန်တီးမှု အမြောက်အမြားလည်း ပြုလုပ်ထားခဲ့တာပါ။

ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားခဲ့တဲ့ နေမာဟာ ၁၈ ဂိုး သွင်းပြီး ၁၇ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာကြောင့် ခြေစွမ်းအရတော့ ကျဆင်းခြင်း မရှိသေးပေမယ့် ပါရီသားတွေအတွက် ဥရောပအဆင့်မှာ အကျိုးပြုနိုင်မှု နည်းပါးတယ်လို့ ဝေဖန်ခံနေခဲ့ရပြီး နှစ်တိုင်းမှာလည်း သူများတွေလို ပွဲပေါင်း ၅၀ ကျော် ၆၀ ကစားပေးရမယ့်အစား ၂၀၂၀-၂၁ ရာသီက ၃၁ ပွဲ ကစားနိုင်တာက အမြင့်ဆုံးပဲဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဘက်ကတော့ နေမာရဲ့ ဒဏ်ရာအကြောင်းကို ကလပ်အသင်း ဝက်ဘ်ဆိုက်ကနေ တရားဝင် ထုတ်ပြန်သွားခဲ့ပြီး “နေမာရဲ့ ညာဘက်ခြေကျင်းဝတ်မှာ မကြာခဏ ဒဏ်ရာတွေ ကြုံတွေ့နေခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်တွေမှာ ဆက်တိုက် ထိခိုက်မိခဲ့တာတွေ ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိခိုက်မှုမှာတော့ အရွတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တာကြောင့် အနာဂတ်မှာ ပိုမဆိုးရွားစေဖို့ အသင်းဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွဲစိတ်ကုသမှုကို အကြံပေးခဲ့သလို ကျွမ်းကျင်သူတွေကလည်း ထောက်ခံခဲ့လို့ လာမယ့်ရက်ပိုင်းအတွင်းမှာ လုပ်ဆောင်သွားမှာပါ”လို့ ပါရှိခဲ့ပါတယ်။

ပြန်ကစားနိုင်ဖို့ သုံးလကနေ လေးလအထိ ကြာနိုင်တယ်လို့လည်း အသင်းဘက်က ထုတ်ပြန်သွားခဲ့အပြီးမှာတော့ ဒဏ်ရာက ပြန်လာတာနဲ့ နေမာကို ရောင်းချသွားမယ်လို့ ခန့်မှန်းနေကြပြီး Transfermarkt ရဲ့ ခန့်မှန်းတန်ကြေး ယူရို ၇၅ သန်းရှိနေတဲ့ အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်သားအတွက် ဒီဈေးဝန်းကျင်မှာ ကမ်းလှမ်းမှုတွေ ရှိနိုင်ကြောင်းလည်း သုံးသပ်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္ ေႏြရာသီက်ရင္ ပီအက္စ္ဂ်ီအသင္းမွာ ကမာၻ႔ခ်န္ပီယံ GOAT လီယြန္နယ္ မက္ဆီ ဆက္ရွိမရွိ မေသခ်ာေသးခ်ိန္မွာ ဘူးေလးရာ ဖ႐ုံဆင့္တဲ့အေနနဲ႔ ေနာက္ထပ္ နာမည္အႀကီးဆုံးတစ္ဦးျဖစ္တဲ့ ေနမာ ဂ်ဴနီယာပါ အသင္းကေန ထြက္ခြာသြားေတာ့မယ္ဆိုတဲ့ ခန႔္မွန္းမႈေတြ ျမင့္တက္လာခဲ့ပါတယ္။

ဘရာဇီးလ္လက္ေ႐ြးစင္ ၾကယ္ပြင့္အေနနဲ႔ သူ႔ရဲ႕ ပီအက္စ္ဂ်ီအတြက္ ေနာက္ဆုံးပြဲကို ကစားခဲ့ၿပီးၿပီလို႔လည္း နီးစပ္ရာ အသိုင္းအဝိုင္းေတြက ခန႔္မွန္းေနၾကၿပီး လာမယ့္ ေႏြရာသီမွာ ကာတာပိုင္ အသင္းဘက္က ေရာင္းထုတ္ပစ္ေတာ့မယ္ဆိုတဲ့ အသံေတြလည္း ထြက္ရွိလာခဲ့သလို ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္အေနနဲ႔ မင္းသားကြင္းမွာ အနာဂတ္ မရွိေတာ့ဘူးလို႔လည္း ဆိုေနၾကတာပါ။

ၿပီးခဲ့တဲ့ လီလ္အသင္းကို ေလးဂိုး-သုံးဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ရဲ႕ ဒုတိယပိုင္းမွာ လူစားလဲဖို႔ ထမ္းစင္နဲ႔ ထုတ္ခဲ့ရတဲ့ ေနမာဟာ အဲ့ဒီေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ကတည္းက ပီအက္စ္ဂ်ီတို႔နဲ႔ မပူးေပါင္းႏိုင္ေတာ့တာျဖစ္ၿပီး ဒဏ္ရာအေျခအေနကလည္း ဆိုး႐ြားခဲ့တဲ့အတြက္ ခြဲစိတ္ကုသမႈ ခံယူရေတာ့မွာျဖစ္သလို သုံးလကေန ေလးလအထိ အနားယူရႏိုင္တယ္လို႔ ဆိုပါတယ္။

ေျခက်င္းဝတ္အ႐ြတ္မွာ ထိခိုက္သြားခဲ့တဲ့ ဒဏ္ရာကို ခြဲစိတ္ကုသဖို႔ လိုအပ္ေနခဲ့တာျဖစ္ၿပီး ဒဏ္ရာကို ကုသဖို႔အတြက္ တျခားနည္းလမ္းလည္း မရွိေတာ့တဲ့အတြက္ လာမယ့္ရက္ပိုင္းအတြင္းမွာ ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕က အက္စပီတာေဆး႐ုံမွာ ခြဲစိတ္ကုသဖို႔ စီစဥ္ထားၿပီး ဘရာဇီးလ္သားအေနနဲ႔ ဒီရာသီမွာေတာ့ ပီအက္စ္ဂ်ီတို႔အတြက္ ျပန္ကစားေပးႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့တာပါ။

ေနမာအေနနဲ႔ ေဖေဖာ္ဝါရီလထဲမွာဆိုရင္ ဘရာဇီးလ္က သူ႔ညီမေမြးေန႔ကို ျပန္ဖို႔ ဒဏ္ရာနဲ႔ ပြဲပယ္ျပစ္ဒဏ္ေတြကို ဖန္တီးတတ္တယ္လို႔ သတင္းႀကီးေနခဲ့ၿပီး ႏွစ္စဥ္ႏွစ္တိုင္း တစ္ခါမွ မလြဲဘဲ ျဖစ္ပ်က္ေနခဲ့သလို ဇန္နဝါရီ ၃၁ ရက္ေန႔ကေန ေဖေဖာ္ဝါရီ ၇ ရက္ေန႔အထိ တင္ပါးဆုံ႐ိုးဒဏ္ရာနဲ႔ အနားယူခဲ့အၿပီး ဒီတစ္ခါမွာေတာ့ အမွန္တကယ္ ဒဏ္ရာက ၾကမ္းသြားခဲ့တာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဆီကို ၂၀၁၇ ခုႏွစ္ ေႏြရာသီမွာ ဘာစီလိုနာအသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၂၂ သန္း (ေပါင္ ၁၉၈ သန္း)နဲ႔ ေရာက္ရွိလာခဲ့တဲ့ ေနမာဟာ အသင္းအတြက္ လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံ ၁၇၃ ပြဲမွာ ၁၁၈ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ၿပီး ဖန္တီးမႈ အေျမာက္အျမားလည္း ျပဳလုပ္ထားခဲ့တာပါ။

ဒီရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၉ ပြဲ ကစားခဲ့တဲ့ ေနမာဟာ ၁၈ ဂိုး သြင္းၿပီး ၁၇ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့တာေၾကာင့္ ေျခစြမ္းအရေတာ့ က်ဆင္းျခင္း မရွိေသးေပမယ့္ ပါရီသားေတြအတြက္ ဥေရာပအဆင့္မွာ အက်ိဳးျပဳႏိုင္မႈ နည္းပါးတယ္လို႔ ေဝဖန္ခံေနခဲ့ရၿပီး ႏွစ္တိုင္းမွာလည္း သူမ်ားေတြလို ပြဲေပါင္း ၅၀ ေက်ာ္ ၆၀ ကစားေပးရမယ့္အစား ၂၀၂၀-၂၁ ရာသီက ၃၁ ပြဲ ကစားႏိုင္တာက အျမင့္ဆုံးပဲျဖစ္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ ေနမာရဲ႕ ဒဏ္ရာအေၾကာင္းကို ကလပ္အသင္း ဝက္ဘ္ဆိုက္ကေန တရားဝင္ ထုတ္ျပန္သြားခဲ့ၿပီး “ေနမာရဲ႕ ညာဘက္ေျခက်င္းဝတ္မွာ မၾကာခဏ ဒဏ္ရာေတြ ႀကဳံေတြ႕ေနခဲ့ရၿပီး ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ ဆက္တိုက္ ထိခိုက္မိခဲ့တာေတြ ရွိခဲ့ပါတယ္။ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က ထိခိုက္မႈမွာေတာ့ အ႐ြတ္ကို ျပင္းျပင္းထန္ထန္ ထိခိုက္ခဲ့တာေၾကာင့္ အနာဂတ္မွာ ပိုမဆိုး႐ြားေစဖို႔ အသင္းေဆးဘက္ဆိုင္ရာ တာဝန္ရွိသူေတြက ခြဲစိတ္ကုသမႈကို အႀကံေပးခဲ့သလို ကြၽမ္းက်င္သူေတြကလည္း ေထာက္ခံခဲ့လို႔ လာမယ့္ရက္ပိုင္းအတြင္းမွာ လုပ္ေဆာင္သြားမွာပါ”လို႔ ပါရွိခဲ့ပါတယ္။

ျပန္ကစားႏိုင္ဖို႔ သုံးလကေန ေလးလအထိ ၾကာႏိုင္တယ္လို႔လည္း အသင္းဘက္က ထုတ္ျပန္သြားခဲ့အၿပီးမွာေတာ့ ဒဏ္ရာက ျပန္လာတာနဲ႔ ေနမာကို ေရာင္းခ်သြားမယ္လို႔ ခန႔္မွန္းေနၾကၿပီး Transfermarkt ရဲ႕ ခန႔္မွန္းတန္ေၾကး ယူ႐ို ၇၅ သန္းရွိေနတဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားအတြက္ ဒီေဈးဝန္းက်င္မွာ ကမ္းလွမ္းမႈေတြ ရွိႏိုင္ေၾကာင္းလည္း သုံးသပ္ထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.