Ligue1

ပီအက်စ်ဂျီရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာတဲ့ အမ်ဘာပေကို သတင်းစကားပါးခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ နွန့်စ်ကို အနိုင်ရရှိခဲ့တဲ့ လိဂန်းပွဲစဉ်အတွင်း အမ်ဘာပေရဲ့ သမိုင်းဝင် အောင်မြင်မှုအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ စနေနေ့ည ပွဲစဉ် ၉၂ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျိအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့သူဖြစ်ပြီး လက်ရှိမှာ လိဂန်းအသင်းအတွက်စုစုပေါင်း သွင်းဂိုး ၂၀၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အမ်ဘာပေရဲ့ သွင်းဂိုးအရေအတွက်ဟာ အရင်တုန်းက စံချိန်တင်ဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ကာဗာနီထက် ၁ ဂိုး သာလွန်သွားခဲ့တာဖြစ်ပြီး ဥရုဂွေး တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ရှိနေခဲ့တဲ့ကာလတွင်း ပွဲ ၃၀၁ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၂၀၀ အထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ လက်ရှိမှာ လိဂန်းအသင်းအတွက် စုစုပေါင်း ၂၄၇ ပွဲသာ ကစားရသေးချိန်မှာ တသက်တာထိပ်တန်းဂိုးသွင်းရှင်စံချိန်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်သာရှိသေးပေမယ့်လည်း သမိုင်းကို ပြန်လည် ပြင်ဆင်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေကို “စံချိန်အတွက် ဂုဏ်ပြုပါတယ် အမ်ဘာပေ”လို့ ရေးသားခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးက “ကျွန်တော် သမိုင်းရေးထိုးနိုင်ဖို့ ကစားနေတယ်။ ကျွန်တော် အမြဲတမ်း ပြင်သစ်က၊ ကျွန်တော့်နိုင်ငံ၊ မြို့က သမိုင်းကို ပြန်ရေးချင်ခဲ့တယ်လို့ ပြောခဲ့တယ်။ ကျွန်တော် အဲဒါကို လုပ်နေတယ်။ အဲဒါက လှပတယ်”

“ဒါပေယ့်လည်း ဆက်သွားရမယ့် ခရီးလမ်းက အဝေးကြီး ရှိပါသေးတယ်။ အဲဒါက တစ်ဦးချင်း အောင်မြင်မှုပါ။ ဒါပေမယ့် အသင်းလိုက် အောင်မြင်မှုအတွက် ကျွန်တော် လာခဲ့တာပါ”လို့ အမ်ဘာပေက စံချိန်နဲ့ပတ်သက်ပြီး တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ အမ်ဘာပေတို့ ၂ ဦးစလုံးဟာ နွန့်စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ၁၂ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးက နာကျင်အချိန်ပိုမှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ႏြန႔္စ္ကို အႏိုင္ရရွိခဲ့တဲ့ လိဂန္းပြဲစဥ္အတြင္း အမ္ဘာေပရဲ႕ သမိုင္းဝင္ ေအာင္ျမင္မႈအတြက္ ဂုဏ္ျပဳစကား ေျပာၾကားခဲ့ပါတယ္။

အမ္ဘာေပဟာ ၄-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ စေနေန႔ည ပြဲစဥ္ ၉၂ မိနစ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ိအသင္းရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့သူျဖစ္ၿပီး လက္ရွိမွာ လိဂန္းအသင္းအတြက္စုစုေပါင္း သြင္းဂိုး ၂၀၁ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ သြင္းဂိုးအေရအတြက္ဟာ အရင္တုန္းက စံခ်ိန္တင္ဂိုးသြင္းရွင္ျဖစ္ခဲ့တဲ့ ကာဗာနီထက္ ၁ ဂိုး သာလြန္သြားခဲ့တာျဖစ္ၿပီး ဥ႐ုေဂြး တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ရွိေနခဲ့တဲ့ကာလတြင္း ပြဲ ၃၀၁ ပြဲကစားခဲ့ရာမွာ သြင္းဂိုး ၂၀၀ အထိ သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ လက္ရွိမွာ လိဂန္းအသင္းအတြက္ စုစုေပါင္း ၂၄၇ ပြဲသာ ကစားရေသးခ်ိန္မွာ တသက္တာထိပ္တန္းဂိုးသြင္းရွင္စံခ်ိန္ကို ေရးထိုးႏိုင္ခဲ့တာျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္သာရွိေသးေပမယ့္လည္း သမိုင္းကို ျပန္လည္ ျပင္ဆင္ေရးထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ပီအက္စ္ဂ်ီအသင္းေဖာ္ အမ္ဘာေပကို “စံခ်ိန္အတြက္ ဂုဏ္ျပဳပါတယ္ အမ္ဘာေပ”လို႔ ေရးသားခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးက “ကြၽန္ေတာ္ သမိုင္းေရးထိုးႏိုင္ဖို႔ ကစားေနတယ္။ ကြၽန္ေတာ္ အၿမဲတမ္း ျပင္သစ္က၊ ကြၽန္ေတာ့္ႏိုင္ငံ၊ ၿမိဳ႕က သမိုင္းကို ျပန္ေရးခ်င္ခဲ့တယ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္ အဲဒါကို လုပ္ေနတယ္။ အဲဒါက လွပတယ္”

“ဒါေပယ့္လည္း ဆက္သြားရမယ့္ ခရီးလမ္းက အေဝးႀကီး ရွိပါေသးတယ္။ အဲဒါက တစ္ဦးခ်င္း ေအာင္ျမင္မႈပါ။ ဒါေပမယ့္ အသင္းလိုက္ ေအာင္ျမင္မႈအတြက္ ကြၽန္ေတာ္ လာခဲ့တာပါ”လို႔ အမ္ဘာေပက စံခ်ိန္နဲ႔ပတ္သက္ၿပီး တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီနဲ႔ အမ္ဘာေပတို႔ ၂ ဦးစလုံးဟာ ႏြန႔္စ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဂိုးသြင္းယူႏိုင္ခဲ့ၾကတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က ၁၂ မိနစ္မွာ အဖြင့္ဂိုးကို သြင္းယူခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးက နာက်င္အခ်ိန္ပိုမွာ ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.