Serie A

ဂျရတ်ရဲ့ အနီကတ်စံချိန်ကို လိုက်မီဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ မွိုက်စ် ကီးန်

ဂျူဗင်တပ်နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက မွိုက်စ် ကီးန်ဟာ ရိုးမားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ဝင်ကစားပြီးနောက် စက္ကန့် ၄၀ အကြာမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ကြီးမားတဲ့ ဒဏ်ကြေးချမှတ်ခံရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အဲဗာတန်အသင်းကနေ စီးရီးအေကလပ်အသင်းကို ၂ နှစ် အငှားစာချုပ်နဲ့ လာရောက်ကစားနေသူဖြစ်ပြီး တနင်္ဂနွေနေ့က အိုလင်ပီကိုကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ၈၈ မိနစ်မှာ ကွက်ဒရာဒိုရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အတိအကျပြောရရင် စက္ကန့် ၄၀ အကြာမှာ အီတလီတိုက်စစ်မှူးဟာ ဂျန်လူကာ မန်ဆီနီကို ကန်ခဲ့ပြီးနောက် ဒိုင်လူကြီး ဖေဘီယို မာရက်စ်ကာရဲ့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မွိုက်စ် ကီးန်ဟာ သိပ်မကြာမီမှာ ထူးထူးဆန်းဆန်း ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ကစားသမားနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပုံပေါ်တဲ့ နည်းပြ အယ်လီဂရီဘေးကနေ ဖြတ်လျှောက်ပြီး ဥမင်ထဲ ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ရိုးမားအသင်းနဲ့ပွဲစဉ်မှာ ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး ပွဲအပြီးအင်တာဗျူးမှာ ဒေါသထွက်နေတဲ့ အယ်လီဂရီက တိုက်ရိုက်အနီကတ်အတွက် ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ အမှားလုပ်ခဲ့တယ်။ သူ့အနေနဲ့ ကြီးမားတဲ့ ဒဏ်ငွေချမှတ်ရပါလိမ့်မယ်။ ခင်ဗျား အသင်းတစ်သင်းမှာ ဘောလုံးကစားတဲ့အခါမှာ အားလုံးက တာဝန်ရှိပါတယ်။ အခုအချိန်မှာ အမှားလုပ်တာက နားလည်ပေးလို့မရပါဘူး။ ဂျူဗင်တပ်ဖြစ်ခဲ့တာက ဘောလုံးသမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့အရာပါ။ ကျွန်တော် အဝတ်လဲခန်းထဲမှာ ကောင်လေးတွေကို တွေ့ခဲ့တယ်။ သူတို့တွေ စိတ်ပျက်ခဲ့ကြတယ်။ သည်းမခံနိုင်ဖြစ်ခဲ့ကြတယ်။ တချို့ဆို ငိုတောင် ငိုနေကြတယ်။ ကောင်လေးတွေက ကြီးမားတဲ့ အားစိုက်ထုတ်မှု လုပ်ခဲ့တယ်။ အပြင်ဘက်ကနေ ကြည့်ရင် အဲဒီလိုပုံစံမပေါ်ခဲ့တောင်မှပေါ့။ ရည်မှန်းချက်က ထိပ်ဆုံး ၄ နေရာထဲမှာ ပြီးဆုံးဖို့ပါ”

“အခုအချိန်မှာ ကျွန်တော်တို့က ဒုတိယဖြစ်ပြီး အဲဒီတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာထဲမှာ ရှိနေခဲ့သင့်တာပါ။ ကျွန်တော်တို့ အဲဒီအတိုင်း မြင်ရမှာပါ။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ လက်ရှိ အဆင့်ရပ်တည်မှုကို ကြည့်ရင် မပျော်မရွှင်ဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: