Serie A

ဒိုင်လူကြီးကို မော်ရင်ညို ဘယ်လိုပြောခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာလဲ

ဟိုဆေး မော်ရင်ညိုဟာ ရိုးမားအသင်းက အမှတ်ပေးဇယားအောက်ခြေက ခရီမိုနိစ်အသင်းကို စီးရီးအေပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီ တတိယမြောက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ပြီး ဒိုင်လူကြီးကို ‘သောက်ရူး’လို့ ခေါ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

မော်ရင်ညိုရဲ့ ဒိုင်လူကြီးတွေနဲ့ ဆက်ဆံရေးဟာ အမြဲတမ်း အကောင်းဆုံးမဖြစ်ခဲ့ဘူးလို့ ပြောရင် မှန်မှာဖြစ်ပြီး ပေါ်တူဂီလူမျိုးနည်းပြဟာ ဒိုင်လူကြီးတွေနဲ့ပတ်သက်တဲ့ ၎င်းရဲ့ ခံစားချက်ကို ထုတ်ပြဖို့ ဘယ်တုန်းကမှ ကြောက်ရွံ့နေခြင်းမရှိသူအဖြစ် လူသိများခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်နည်းပြဟောင်းဟာ ယခုရာသီမှာ ၂ ကြိမ်အထိ အနီကတ်နဲ့ ထုတ်ပယ်ခံထားရပြီးဖြစ်ပြီး အင်္ဂါနေ့ညမှာလည်း နောက်ထပ်တစ်ကြိမ် အနီကတ်နဲ့ ကွင်းအတွင်းကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ယခုရာသီအစောပိုင်းမှာ ရိုးမားအသင်းနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆယ်လ်ဗာတိုးရေး ဖော်တီဟာ ရိုးမားအသင်းက ကိုပါအီတာလီယာဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ဒိုင်လူကြီးတွေကို ဒေါသတကြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက်ပိုင်း တစ်လ ပွဲပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ခရီမိုနိစ်အသင်းဟာ အင်္ဂါနေ့ညမှာ ရိုးမားအသင်းကို လက်ခံမယှဉ်ပြိုင်ခင်အချိန်အထိ စီးရီးအေမှာ နိုင်ပွဲ မရရှိသေးတဲ့အသင်းဖြစ်ပြီး ဖရန့်ခ် ဆက်ဂျောက်က အိမ်ရှင်အသင်းအတွက် ပထမပိုင်းမှာ အံ့အားသင့်ဖွယ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ရိုးမားနည်းပြ မော်ရင်ညိုဟာ နောက်ထပ်တစ်ကြိမ် လက်ရှိရာသီမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့ အောက်အသင်းလေးကို ၎င်းရဲ့အသင်း နောက်ကနေ လိုက်ကစားရတာကို မြင်တွေ့ရတာကြောင့် မပျော်မရွှင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညိုဟာ ဒုတိယပိုင်းအစမှာ ၎င်းရဲ့ စိတ်ပျက်မှုကို ဒိုင်လူကြီးတွေဆီ ဖွင့်ထုတ်ခဲ့ပြီး ဒုတိယပိုင်း စတင်ပြီး ၂ မိနစ်အကြာမှာပဲ ကွင်းလယ်ဒိုင်ရဲ့ အနီကတ်နဲ့ ထုတ်ပယ်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ပရိသတ်တွေက ပေါ်တူဂီလူမျိုးနည်းပြဟာ ဒိုင်လူကြီးကို ဒါမှမဟုတ် ၎င်းရဲ့ လက်ထောက်ဒိုင်လူကြီးတွေထဲက တစ်ဦးကို “သောက်ရူး”လို့ ခေါ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။

“ဟိုဆေး မော်ရင်ညိုက ဒိုင်လူကြီးကို အင်္ဂလိပ်လိုဆို သောက်ရူးလို့ ခေါ်ခဲ့တဲ့အတွက် အထုတ်ခံခဲ့ရတာ တေ်တော်လေး သေချာတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “မော်ရင်ညိုကတော့ မော်ရင်ညိုလုပ်နေကျအရာတွေကို လုပ်နေတယ်။ ဒုတိယပိုင်းအစမှာ ရိုးမားက ခရီမိုနိစ်ကို နောက်ကနေ လိုက်ကစားနေရလို့ ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့တဲ့အတွက် အနီကတ်ပြခံခဲ့ရတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟိုေဆး ေမာ္ရင္ညိဳဟာ ႐ိုးမားအသင္းက အမွတ္ေပးဇယားေအာက္ေျခက ခရီမိုနိစ္အသင္းကို စီးရီးေအပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ယခုရာသီ တတိယေျမာက္အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ၿပီး ဒိုင္လူႀကီးကို ‘ေသာက္႐ူး’လို႔ ေခၚခဲ့တယ္ဆိုၿပီး စြပ္စြဲခံခဲ့ရပါတယ္။

ေမာ္ရင္ညိဳရဲ႕ ဒိုင္လူႀကီးေတြနဲ႔ ဆက္ဆံေရးဟာ အၿမဲတမ္း အေကာင္းဆုံးမျဖစ္ခဲ့ဘူးလို႔ ေျပာရင္ မွန္မွာျဖစ္ၿပီး ေပၚတူဂီလူမ်ိဳးနည္းျပဟာ ဒိုင္လူႀကီးေတြနဲ႔ပတ္သက္တဲ့ ၎ရဲ႕ ခံစားခ်က္ကို ထုတ္ျပဖို႔ ဘယ္တုန္းကမွ ေၾကာက္႐ြံ႕ေနျခင္းမရွိသူအျဖစ္ လူသိမ်ားခဲ့တာ ျဖစ္ပါတယ္။ မန္ယူႏိုက္တက္နည္းျပေဟာင္းဟာ ယခုရာသီမွာ ၂ ႀကိမ္အထိ အနီကတ္နဲ႔ ထုတ္ပယ္ခံထားရၿပီးျဖစ္ၿပီး အဂၤါေန႔ညမွာလည္း ေနာက္ထပ္တစ္ႀကိမ္ အနီကတ္နဲ႔ ကြင္းအတြင္းကေန ထုတ္ပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ယခုရာသီအေစာပိုင္းမွာ ႐ိုးမားအသင္းနည္းျပအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဆယ္လ္ဗာတိုးေရး ေဖာ္တီဟာ ႐ိုးမားအသင္းက ကိုပါအီတာလီယာဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးေနာက္ ဒိုင္လူႀကီးေတြကို ေဒါသတႀကီး ထိပ္တိုက္ရင္ဆိုင္ခဲ့ၿပီးေနာက္ပိုင္း တစ္လ ပြဲပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ခရီမိုနိစ္အသင္းဟာ အဂၤါေန႔ညမွာ ႐ိုးမားအသင္းကို လက္ခံမယွဥ္ၿပိဳင္ခင္အခ်ိန္အထိ စီးရီးေအမွာ ႏိုင္ပြဲ မရရွိေသးတဲ့အသင္းျဖစ္ၿပီး ဖရန႔္ခ္ ဆက္ေဂ်ာက္က အိမ္ရွင္အသင္းအတြက္ ပထမပိုင္းမွာ အံ့အားသင့္ဖြယ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

႐ိုးမားနည္းျပ ေမာ္ရင္ညိဳဟာ ေနာက္ထပ္တစ္ႀကိမ္ လက္ရွိရာသီမွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ေနရတဲ့ ေအာက္အသင္းေလးကို ၎ရဲ႕အသင္း ေနာက္ကေန လိုက္ကစားရတာကို ျမင္ေတြ႕ရတာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ဒုတိယပိုင္းအစမွာ ၎ရဲ႕ စိတ္ပ်က္မႈကို ဒိုင္လူႀကီးေတြဆီ ဖြင့္ထုတ္ခဲ့ၿပီး ဒုတိယပိုင္း စတင္ၿပီး ၂ မိနစ္အၾကာမွာပဲ ကြင္းလယ္ဒိုင္ရဲ႕ အနီကတ္နဲ႔ ထုတ္ပယ္ျခင္းကို ခံလိုက္ရတာ ျဖစ္ပါတယ္။

ပရိသတ္ေတြက ေပၚတူဂီလူမ်ိဳးနည္းျပဟာ ဒိုင္လူႀကီးကို ဒါမွမဟုတ္ ၎ရဲ႕ လက္ေထာက္ဒိုင္လူႀကီးေတြထဲက တစ္ဦးကို “ေသာက္႐ူး”လို႔ ေခၚခဲ့တယ္လို႔ စြပ္စြဲခဲ့ၾကတာ ျဖစ္ပါတယ္။

“ဟိုေဆး ေမာ္ရင္ညိဳက ဒိုင္လူႀကီးကို အဂၤလိပ္လိုဆို ေသာက္႐ူးလို႔ ေခၚခဲ့တဲ့အတြက္ အထုတ္ခံခဲ့ရတာ ေတ္ေတာ္ေလး ေသခ်ာတယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “ေမာ္ရင္ညိဳကေတာ့ ေမာ္ရင္ညိဳလုပ္ေနက်အရာေတြကို လုပ္ေနတယ္။ ဒုတိယပိုင္းအစမွာ ႐ိုးမားက ခရီမိုနိစ္ကို ေနာက္ကေန လိုက္ကစားေနရလို႔ ဒိုင္လူႀကီးကို တိုက္ခိုက္ခဲ့တဲ့အတြက္ အနီကတ္ျပခံခဲ့ရတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.