Premier League UCL&UEL

မာေနးနဲ႔ ဟန္ဒါဆန္ကို လူစားလဲခဲ့ရတဲ့အေၾကာင္း ယာဂန္ ကေလာ့ပ္ရွင္းျပ

အက္သလက္တီကို မက္ဒရစ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္ၾကတဲ့ ေတာင္ပံကစားသမား ဆာဒီယို မာေနးနဲ႔ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔ကို လူစားလဲခဲ့ရတဲ့အေၾကာင္းကို ပြဲအၿပီမွာ နည္းျပ ယာဂန္ ကေလာ့ပ္က ရွင္းျပသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက ဦးေဆာင္ဂိုးရရွိသြားခဲ့တဲ့ အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ ဒီပြဲမွာ ခပ္ၾကမ္းၾကမ္းကစားခဲ့သလို လီဗာပူးလ္ကစားသမားေတြကိုလည္း ရည္ရြယ္ခ်က္ရွိရွိ ေဘာင္အတြင္းက ညစ္ကစားသြားခဲ့ၾကၿပီး ခ်န္ပီယံအေနနဲ႔ အေဝးဂိုးမရပဲ အိမ္ျပန္ခဲ့ရတဲ့ပြဲလည္း ျဖစ္ခဲ့ပါတယ္။

ေတာင္ပံကစားသမား မာေနးကိုေတာ့ ဒုတိယပိုင္းအစမွာပဲ ကြင္းထဲကို မဝင္ေစေတာ့ဘဲ ဒီေဗာ့ခ္ အိုဂီဂီနဲ႔ လူစားခဲ့တဲ့ ဆုံးျဖတ္ခ်က္ကိုေတာ့ ယာဂန္ ကေလာ့ပ္က ရွင္းမျပရေသးခင္မွာပဲ စတန္းဒတ္ရဲ႕ ဂ်ာနယ္လစ္ ေဒးဗစ္ လင့္ခ်္က ကာကြယ္သြားခဲ့ၿပီး ဒီဆုံးျဖတ္ခ်က္ဟာ ကစားသမားကို မယုံလို႔ မဟုတ္ဘဲ ဒိုင္လူႀကီးကို မယုံလုိ႔ျဖစ္တယ္လုိ႔ ေရးသားခဲ့ပါတယ္။

ဒီပြဲမွာ အဝါကတ္ထိခဲ့တဲ့ ယာဂန္ ကေလာ့ပ္ကေတာ့ “ဒီပြဲမွာ မာေနးကို သူတုိ႔က ပစ္မွတ္ထားခဲ့ၾကၿပီး တစ္ဝါထိထားခ်ိန္မွာ အထုတ္ပယ္ခံရဖို႔ ႀကဳိးစားေနခဲ့ၾကတာပါ။ ဒိုင္လူႀကီးအေနနဲ႔ ဒါကို ပုိသိသင့္ၿပီး အက္သလက္တီကို ကစားသမားေတြဟာ ကြင္းထဲကို ခဏခဏလဲက်ခဲ့ၾကတာကို ဘာေၾကာင့္ဆုိတာေတာင္ နားမလည္ႏုိင္ေအာင္ပါပဲ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ပြဲၿပီးဖို႔ ၁၅ မိနစ္အလိုမွာ လူစားလဲခဲ့တဲ့ ဆုံးျဖတ္ခ်က္ကေတာ့ ဒါဟာ ကစားသမားရဲ႕ တံေကာက္ေၾကာမွာ နာက်င္ခံစားေနခဲ့ရလုိ႔ျဖစ္ေၾကာင္းနဲ႔ လာမယ့္ပြဲေတြအတြက္ မစြန္႔စားခ်င္တာေၾကာင့္လို႔ ဆုိခဲ့ၿပီး ဒဏ္ရာကေတာ့ သိပ္ျပင္းထန္ျခင္းမရွိေၾကာင္းနဲ႔ ေစာင့္ၾကည့္ရဖို႔ရွိေၾကာင္းလည္း ရွင္းလင္းေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: 90 MIN
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်နဲ့ အဝေးကွင်းပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးနဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်တို့ကို လူစားလဲခဲ့ရတဲ့အကြောင်းကို ပွဲအပြီမှာ နည်းပြ ယာဂန် ကလော့ပ်က ရှင်းပြသွားခဲ့ပါတယ်။

ပွဲချိန် ၄ မိနစ်မှာကတည်းက ဦးဆောင်ဂိုးရရှိသွားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ဒီပွဲမှာ ခပ်ကြမ်းကြမ်းကစားခဲ့သလို လီဗာပူးလ်ကစားသမားတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ဘောင်အတွင်းက ညစ်ကစားသွားခဲ့ကြပြီး ချန်ပီယံအနေနဲ့ အဝေးဂိုးမရပဲ အိမ်ပြန်ခဲ့ရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

တောင်ပံကစားသမား မာနေးကိုတော့ ဒုတိယပိုင်းအစမှာပဲ ကွင်းထဲကို မဝင်စေတော့ဘဲ ဒီဗော့ခ် အိုဂီဂီနဲ့ လူစားခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ယာဂန် ကလော့ပ်က ရှင်းမပြရသေးခင်မှာပဲ စတန်းဒတ်ရဲ့ ဂျာနယ်လစ် ဒေးဗစ် လင့်ချ်က ကာကွယ်သွားခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ ကစားသမားကို မယုံလို့ မဟုတ်ဘဲ ဒိုင်လူကြီးကို မယုံလို့ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ဒီပွဲမှာ အဝါကတ်ထိခဲ့တဲ့ ယာဂန် ကလော့ပ်ကတော့ “ဒီပွဲမှာ မာနေးကို သူတို့က ပစ်မှတ်ထားခဲ့ကြပြီး တစ်ဝါထိထားချိန်မှာ အထုတ်ပယ်ခံရဖို့ ကြိုးစားနေခဲ့ကြတာပါ။ ဒိုင်လူကြီးအနေနဲ့ ဒါကို ပိုသိသင့်ပြီး အက်သလက်တီကို ကစားသမားတွေဟာ ကွင်းထဲကို ခဏခဏလဲကျခဲ့ကြတာကို ဘာကြောင့်ဆိုတာတောင် နားမလည်နိုင်အောင်ပါပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကတော့ ဒါဟာ ကစားသမားရဲ့ တံကောက်ကြောမှာ နာကျင်ခံစားနေခဲ့ရလို့ဖြစ်ကြောင်းနဲ့ လာမယ့်ပွဲတွေအတွက် မစွန့်စားချင်တာကြောင့်လို့ ဆိုခဲ့ပြီး ဒဏ်ရာကတော့ သိပ်ပြင်းထန်ခြင်းမရှိကြောင်းနဲ့ စောင့်ကြည့်ရဖို့ရှိကြောင်းလည်း ရှင်းလင်းပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: 90 MIN
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.